လက်သရမ်းသည့် ကစားသမားကို တုံ့ပြန်မှုကြောင့် ကာဗာနီ ၂ ပွဲပယ် ပြစ်ဒဏ်ထိ

ဓာတ်ပုံ - ရိုက်တာ
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို နိုင်ငံတကာပွဲ ကစားခွင့် ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ ချီလီနဲ့ပွဲစဉ်မှာ ချီလီကစားသမားက ကာဗာနီကို လက်သရမ်းခဲ့တာ ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်သလို နည်းပြ အော်စကာ တာဘာရက်ဇ်ကိုလည်း ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ချီလီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်မှာပဲ ဒိုင်က နောက်တန်းလူကို ထုတ်ပယ်တာ နည်းပြက မကျေမနပ် ပြောဆိုခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အောက်တိုဘာမှာ ဘိုလီးဗီးယား ကိုလံဘီယာနဲ့ ပွဲစဉ်မှာ ကာဗာနီ ကစားနိုင်မှာ မဟုတ်ဘူးလို့ ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနောက်ခံလူကို ကိုက်တဲ့အတွက် ပွဲပယ်ပြစ်ဒဏ်ခံ ဆွာရက်ဇ် မရှိတဲ့အသင်းမှာ တိုက်စစ်မှူး ကာဗာနီကို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ ဥရုဂွေးအသင်းအတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up