DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ် ဘတ်ဂျက်လေကြောင်းလိုင်း ရန်ကုန်-ဟိုချီမင်း ပြေးဆွဲမည်
DVB
·
July 28, 2015
ဗီယက်နမ် ဘတ်ဂျက်လေကြောင်းလိုင်း ရန်ကုန်-ဟိုချီမင်း ပြေးဆွဲမည်
Donate to DVB

ဗီယက်နမ်နိုင်ငံက တန်ဖိုးနည်း ဘတ်ဂျက်လေကြောင်းလိုင်း “ဗီယက်ဂျက်” (VietJet) ဟာ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကြား အဲဘတ်စ် အေ-၃၂၀ လေယာဉ်အမျိုးအစားနဲ့ လေကြောင်းခရီးစဉ်သစ်ကို စတင်ပြေးဆွဲတော့မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

“ဟိုချီမင်းနဲ့ ရန်ကုန်ကြား ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြား စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်နွယ်မှု ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်” လို့ ဗီယက်ဂျက်ရဲ့ ဒုတိယဥက္ကဋ္ဌ ငုယင်သီထူးဗင်က Routesonline သတင်းမှာ ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ပျံသန်းမယ့် ခရီးစဉ်ဟာ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှ အပ နေ့စဉ်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဟိုချီမင်းမှ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ်မှာ ထွက်ခွာမယ့် လေယာဉ်ဟာ ရန်ကုန်ကို ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပြီး ရန်ကုန်မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှာ ထွက်ခွာမယ့်လေယာဉ်ဟာ ဟိုချီမင်းကို ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၅ မိနစ်မှာ ရောက်ရှိမှာဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ ဗီယက်ဂျက်ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/VietjetMyanmar?fref=ts ကတဆင့် ကြိုတင်လက်မှတ် ၀ယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဗီယက်ဂျက် ဘတ်ဂျက် လေကြောင်းလိုင်းဟာ အေ-၃၂၀၊ အေ-၃၂၁ အဲဘတ်စ်လေယာဉ် အမျိုးအစားလေယာဉ် ၂၅ စီးနဲ့ စင်ကာပူ၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ ထိုင်း စတဲ့ ဒေသတွင်းနိုင်ငံတွေကို နေ့စဉ် ခရီးစဉ် ၁၅၀ ပြေးဆွဲနေပါတယ်။

ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား လေကြောင်းလိုင်းအနေနဲ့ ယခင်က အစိုးရပိုင် ဗီယက်နမ်လေကြောင်းလိုင်း တခုသာ ရှိခဲ့တဲ့အတွက် ခုပြေးဆွဲမယ့် လေကြောင်းလိုင်းဟာ ဒုတိယမြောက် လေကြောင်းလိုင်း ဖြစ်လာတော့မှာပါ။

ဗီယက်နမ်လေကြောင်းလိုင်းကို ၁၉၅၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာတော့ အစိုးရပိုင် လေကြောင်းလိုင်းအဖြစ် ပြောင်းလဲခဲ့တာပါ။

မြန်မာ-ဗီယက်နမ် ၂ နိုင်ငံကြား တိုက်ရိုက်ခရီးစဉ်ကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013