လူကုန်ကူးမှုအဆင့် ၂ အဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
28.8K
မြန်မာနိုင်ငံဟာ လူကုန်ကူးမှု အဆင့် ၂ စောင့်ကြည့်ရမယ့်နိုင်ငံအဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၁၅ လူကုန်ကူးမှု အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ တွေမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု အဆင့် ၃ နေရာမှာ သတ်မှတ်ခံထားရတာပါ။
၂၀၁၂ နောက်ပိုင်းမှာတေ့ အဆင့် ၂ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံ ထားရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကလေးနဲ့ မိန်းကလေးတွေဟာ ထိုင်း၊ တရုတ် နဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အမေရိကတွေကို ကုန်ကူးခံနေရတယ်လို့ အစီရင်ခံမှာ ဖော်ပြထား ပါတယ်။
မိန်းကလေးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကုန်ကူးမှုခံရတာ အမျိုးသားယောက်ျားတွေက စက်ရုံအလုပ်ရုံတွေနဲ့ ပင်လယ်ပြင်က ငါးဖမ်းလုပ်ငန်းတွေမှာ အဓမ္မအလုပ်စေခိုင်းခံရတယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ လူကုန်ကူးမှုတွေကို အခုထက်ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ရှိဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
အဆင့် ၂ စောင့်ကြည့်တဲ့ နိုင်ငံတွေအထဲမှာ မြန်မာအပြင် လာအို၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆင့် ၃ နေရာမှာ ရှိပါတယ်။