DVB Logo
Home
မြန်မာသတင်း
မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချိ
DVB
·
July 26, 2015
မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချိ
1 / 5
Donate to DVB

မျိုးဆက်ပွားကျန်းမာရေးနဲ့ ကာလသားရောဂါအကြောင်းကို လေ့လာဆွေးနွေးနိုင်မယ့် မိုဘိုင်းဖုန်းသုံး အပလီကေးရှင်းတခုကို မြန်မာလူငယ်တဦးက ရေးဆွဲဖြန့်ချိလိုက်ပါတယ်။

4 Smart Youth လို့ နာမည်ပေးထားတဲ့ အဲဒီ အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဒ် ရနိုင်မှာပါ။

အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီအကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါးရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။

ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေအတွက် လက္ခဏာအလိုက် ရောဂါတွေကိုလည်း ဆန်းစစ်နိုင်မှာပါ။

ပြီးတော့ နောက်ထပ်လေ့လာစရာ စာမျက်နှာတွေကို ညွှန်းပေးထားသလို ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးမယ့် လူငယ်မောင်မယ်မေးကြမယ် ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်ပေးထားပါတယ်။

"အဲဒီလုပ်ဆောင်ချက်ကတော့ လောလောဆယ်မှာ ဆမ်ဆောင်းဖုန်းတွေမှာပဲ အလုပ်လုပ်တာ တွေ့ရလို့ ပြန်ပြင်သွားမှာပါ" လို့ အပလီကေးရှင်းရေးဆွဲသူ ကိုအောင်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီအပလီကေးရှင်းကို Alliance Myanmar NGO ရဲ့ Link Up ပရောဂျက်အတွက် ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒေါင်းလုတ်ဒ်ရယူရန်

http://ge.tt/5toDyOK2 နဲ့ https://dl.orangedox.com/1WzmazkzYoO9sSPBMn/4_Smart_Youth%5B1%5D.apk?dl=1

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013