ဧရာဝတီမြစ်လယ် ကျောက်စရစ်စက်လှေများကြောင့် ဒေသခံများ စိုးရိမ်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်လယ်မှာရှိတဲ့ တက်သစ်ကျွန်းအနားမှာ ဒေသခံတွေနဲ့ ကျောက်စရစ်စက်လှေတွေ မကြာခဏ ပြဿနာ တက်ပြီး ရာဇ၀တ်မှုတွေ ဖြစ်လာမှာကို ကျေးရွာနေ အသက်ရွယ်ကြီးသူတွေက စိုးရိမ်နေကြပါတယ်။ အဲဒီဒေသမှာ ကျောက်စရစ်စုပ် စက်လှေတွေ တရက်ထက်တရက် ပိုများလာတာကြောင့် ကမ်းပါးပြိုပြီး ကျွန်းကြီးပျောက်ကွယ်သွားမှာကို စိုးရိမ်လို့ ဇူလိုင် ၁၂ ရက်နေ့ကတကြိမ် တရွာလုံးကလူတွေ အဲဒီစက်လှေတွေကို ညာသံပေး ၀ိုင်းဝန်းဖမ်းဆီးပြီး ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်အပ်နှံခဲ့ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးရုံးက အရေးယူ တားမြစ်မပေးဘဲ ကျောက်စရစ်စုပ်သူတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် ဒေသခံတွေက မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။ ဒီနေ့မှာလည်း ကျောက်စရစ်စုပ်စက်လှေ အစီး ၃၀ ကျော်လောက် ထပ်ပြီး ကျောက်စုပ်နေတာကြောင့် ဒေသခံ ကျေးရွာသားတွေ စုပြီး ၀ိုင်းလိုက်ဖမ်းလို့ စက်လှေတွေ ထွက်ပြေးသွားခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - ကိုမင်းညို  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up