A d v e r t i s e m e n t With Us

ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး (ဓာတ်ပုံ)

မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားပြည်သူအယောက် ၇၀ ကျော်ကို ဇူလိုင် ၁၄ ရက်နေ့တွင် သာယာဝတီတရားရုံးမှာ ၉ ကြိမ်မြောက် ထပ်မံရုံးထုတ်စစ်ဆေးပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်နေ့က ရုံးထုတ်ရက်ဖြစ်ပေမယ့် ၇ ဇူလိုင်နေ့နဲ့ တိုက်နေတာကြောင့် သာယာဝတီတရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးမှု မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် တရားသူကြီးနဲ့ ရှေ့နေတွေကပဲ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၁ ဦးကို ၇ ဇူလိုင်နေ့မှာ အာမခံပေးခဲ့ပါတယ်။ အာမခံရတဲ့ ကျောင်းသားတွေနဲ့ဝန်းရံပြည်သူ ၁၁ ဦးဟာ ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းမှာ အာမခံနဲ့ လွတ်မြောက်မယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေဦးလှမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ ဓာတ်ပုံ - ကောင်းထက်ကျော်

A d v e r t i s e m e n t With Us

More News
Up