DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်းတွင် ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်ရေ ဖမ်းမိ
DVB
·
July 14, 2015
ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်းတွင် ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်ရေ ဖမ်းမိ
1 / 6
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း)မှာ ခိုလှုံနေတဲ့ ဘင်္ဂါလီလူမျိုး ၁၀၂ ဦးကို တပ်မတော်ရေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖမ်းမိခဲ့ကြောင်း စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော်ရေက စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနဲ့ အနီးပတ်ဝန်းကျင်ကျွန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှင်းလင်းရှာဖွေခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၁၀၂ ဦးကို ရှာဖွေ တွေ့ရှိခဲ့တာပါ။

ဖမ်းမိသူများကို စစ်ဆေးချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျပန်းနဲ့အလုပ်ကြမ်း လုပ်ကိုင်သူတွေ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ခ်ျ နိုင်ငံသား ၃ ဦးက မလေးရှားမှာ အလုပ်အကိုင်နဲ့ လစာကောင်းကောင်း ရမယ်လို့ စည်းရုံးပြောဆိုခြိမ်းခြောက် ခေါ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်က စောင်းကောက်ကျွန်း အနီးတ၀ိုက်ကို ဆက်လက်ရှင်းလင်း ရှာဖွေနေပြီး ထိန်းသိမ်းရရှိတဲ့ ဘင်္ဂါလီ ၁၀၂ ဦးကို ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - မြ၀တီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013