Home
မြန်မာသတင်း
အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးတွဲ နယ်မြေရှင်းလင်း (ရုပ်သံ၂)
DVB
·
July 9, 2015
အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးတလျှောက် နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေကြပါတယ်။ ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီး တလျှောက်မှာ လမ်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးတွဲ လုပ်ဆောင်နေကြတာပါ။ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024