DVB Logo
Home
မြန်မာသတင်း
အာရှလမ်းမကြီးတွင် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးတွဲ နယ်မြေရှင်းလင်း (ရုပ်သံ)
DVB
·
July 8, 2015
အာရှလမ်းမကြီးတွင် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးတွဲ နယ်မြေရှင်းလင်း (ရုပ်သံ)
Donate to DVB

တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးတလျှောက် နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေကြပါတယ်။

ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့ အနီးက အာရှလမ်းမကြီး တလျှောက်မှာ လမ်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးတွဲ လုပ်ဆောင်နေကြပါတယ်။

ဒီလိုပူးတွဲပြီး နယ်မြေရှင်းလင်းရေး လုပ်ရာမှာ ဒီကေဘီအေက ချုံခိုတိုက်ခိုက်မှုတွေလည်း ရှိနေပြီး တိုက်ပွဲငယ်တွေလည်း ဆက်ရှိနေတယ်လို့ နယ်ခြားစောင့်တပ် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

“အခုက ပိတ်ဆို့နေတဲ့ အာရှလမ်းကို ပြန်ဖွင့်ဖို့အတွက် တပ်နဲ့ ကျနော်တို့က အနောက်ကနေ လုံခြုံရေး လိုက်ယူ၊ ရှေ့ကတပ်ကတော့ ရှင်းသွားတာပေါ့။ ရှေ့မှာတော့ တက်ရှင်းရင်းနဲ့ အဖွဲ့တွေက ချုံခိုတိုက်ခိုက်တော့ ထိတွေ့မှု အနည်းငယ်တော့ ရှိတာပေါ့။”

အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတဲ့အတွက် မြ၀တီ-ကော့ရိတ် ကားလမ်းမသစ်ကို ခရီးသွားလာမှု ပိတ်ထားခဲ့ရပြီး ကုန်သည်တွေလည်း ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ ခရီးသည်တွေ သွားလာနိုင်ဖို့ မြ၀တီ- ကော့ကရိတ် လမ်းဟောင်းကို ဖွင့်ပေးလိုက်ပေမယ့် မသွားလာရဲကြသေးပါဘူး။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။

ဒီတိုက်ပွဲတွေ ပိုမိုကြီးမလာဘဲ ပြေလည်သွားနိုင်ဖို့ ဒီကေဘီအေက အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့လည်း ဒီကေဘီအေ ဗိုလ်မှူး စောလုံလုံက ပြောဆိုထားပါတယ်။ ဒါပေမယ့် အောက်ခြေမှာ တိုက်ပွဲတွေ  ကြိုးကြား ဖြစ်နေပါတယ်။

မြ၀တီနဲ့ နယ်ချင်းစပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က လက်ထောက် တာ့ခ်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ်ကတော့ နှစ်ဘက်နယ်စပ်မှာ စိုးရိမ်ရတဲ့ အနေအထားတွေ မရှိသေးပေမယ့် တိုက်ပွဲတွေကြောင့် မဲဆောက်ဘက်ကို ရောက်ရှိလာမယ့် လူတွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထောက်တွေကို မနေ့က ခေါ်ယူပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ထားပြီး မြန်မာဘက်ကိုပို့မယ့် ထိုင်းကုန်ပစ္စည်းတွေ နယ်ခြားမျဉ်းအနီးရှိတဲ့ မဲဆောက်ဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာ သောင်တင်နေသလို မြန်မာဘက်ခြမ်းက ဂိုဒေါင်တွေထဲမှာလည်း ထိုင်းကုန်တွေ သောင်တင်နေတယ်လို့ နှစ်ဘက်ကုန်သည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013