A d v e r t i s e m e n t With Us

ပုံမှန်ပွဲထွက်ခွင့်အတွက် လီဗာပူး ကို ပြောင်းခြင်းဖြစ်ဟု မီလ်နာ ပြော

ဓာတ်ပုံ - လီဗာပူး
ကွင်းလယ်သမား ဂျိမ်းစ် မီလ်နာက ပုံမှန် ပွဲထွက်ကစားခွင့် ပိုရချင်လို့ မန်စီးတီးကို စွန့်ခွာပြီး လီဗာပူးကို ပြောင်းရွှေ့လာတာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် မီလ်နာဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကို ရောက်ရှိလာတာပါ။ လီဗာပူးအသင်းရဲ့  ကွင်းလယ်ဗဟိုမှာ ကစားခွင့် ရလိမ့်မယ်လို့လည်း မီလ်နာက ယုံကြည် မျှော်လင့်နေပါတယ်။ မီလ်နာဟာ မန်စီးတီးမှာတုန်းက ညာတောင်ပံလူ နေရာမှာပဲ အများဆုံး ကစားခွင့် ရထားပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့် ၁၈ ပွဲပဲ ရထားပါတယ်။ ကွင်းလယ်ကစားသမား မီလ်နာဟာ မန်စီးတီးမှာ ကစားတဲ့ ၅ နှစ် ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရထားပါတယ်။ မီလ်နာဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်တော့ ၅၄  ပွဲ ကစားပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up