DVB Logo
Home
မြန်မာသတင်း
မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်တွင် တိုက်ပွဲဆက်ဖြစ်
DVB
·
July 6, 2015
မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်တွင် တိုက်ပွဲဆက်ဖြစ်
Donate to DVB

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်တို့အကြား ပစ်ခတ်မှုတွေ  ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီကနေ့ မွန်လွဲပိုင်း ၂ နာရီလောက်ကစပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒီကေဘီအေတပ်က ဗိုလ်ကြီး ရဲထက်က ပြောပါတယ်။

“အခုပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်နေတယ်။ ကေအန်ယူ မွေးမြူရေးခြံအနားမှာပါ။ အာရှ လမ်းသစ် ကေအန်ယူ မွေးမြူရေးခြံအနားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ မိနစ်လောက်ကပဲ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ လက်နက်ငယ်တော့ မပေါက်သေးဘူး။ ကျနော်တို့ ဘက်က တပ်ပြင်ထားတဲ့ အနေအထားမှာ ရှိနေတယ်။”

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

ကရင်အမျိုးသားမီဒီယာ သတင်းမှာတော့ ဒီကေဘီအေ ကလို့ထူးဝါး စစ်ကွပ်ကဲရေးဌာနချုပ်ကို မြန်မာစစ်တပ်က ဒီနေ့မနက် ၁၁ နာရီခွဲမှာ ကော့ကရိတ်မြို့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလို့ထူးဝါးဗျူဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီး သရီးထူးရဲ့ ပြောဆိုချက်ကို ကိုးကားပြီးဖော်ပြပါတယ်။

မြ၀တီ - ကော့ကရိတ် အာရှလမ်းပိုင်းမှာ  ဒီကေဘီအေဂိတ်တွေကို အစိုးရတပ်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ  ဇူလိုင် ၂  ရက်နေ့ကစလို့  နှစ်ဘက် တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေကြောင့် မြ၀တီ - ကော့ကရိတ် လမ်းဟောင်းရော လမ်းသစ်ပါ  အသုံးပြုသူ မရှိသလောက် ဖြစ်နေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းသွားရသလို ခရီးသွားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013