ဖိလစ်ပိုင်တွင် စက်လှေမှောက်၊ လူ ၃၉ ဦး သေဆုံး



2.3K
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင် ၂ ရက်က လူ ၁၈၉ ဦး တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်သွားတဲ့ အတွက် လူ ၃၉ ဦး သေဆုံးသွားပါတယ်။
စက်လှေပေါ်မှာ ခရီးသည် ၁၇၃ ဦးနဲ့ သင်္ဘောသား ၁၆ ဦး ပါဝင်လာတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီ ဥက္ကဋ္ဌ ရစ်ချက်ဂေါ်ဒွန်ကို ကိုးကားပြီး စီအန်အန် သတင်းက ရေးပါတယ်။
၁၃၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ၈ လအရွယ် ကလေးငယ်တဦးလည်း ပါဝင်နေပါတယ်။
ရှာဖွေကယ်ဆယ်မှုကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲက ဦးဆောင်ပြီး ကြက်ခြေနီနဲ့ စစ်တပ်ကပါ ပါဝင်ဆောင်ရွက်နေပါတယ်။
၈၉ ပေရှည်တဲ့ စက်လှေဟာ ထွက်ခွာလာပြီး မကြာခင်မှာပဲ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
စက်လှေဟာ တနေ့ ၃ ကြိမ် အော်မောက်နဲ့ ကမ်မုတ်ကျွန်းကို ပြေးဆွဲနေတာ ဖြစ်ပြီး စီးနင်သူ အများစုဟာ လယ်သမား၊ ငါးဖမ်းသမားနဲ့ သာမန် စီးပွားရေးသမားတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။