အစိုးရနှင့်တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး



1.9K
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ နော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ဆွေးနွေးနေကြပါတယ်။
အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းအပေါ်ထားတဲ့ သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ထံ ရှင်းလင်းတင်ပြဖို့ရှိပြီး တိုင်းရင်းသားတို့ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရတဲ့အကြောင်းကို ရှင်းပြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင်အားလုံး စုံစုံညီညီတက်ရောက်တာ တွေ့ရပြီး၊ အစိုးရဘက်က ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတချို့ တက်ရောက်ကြပြီး တပ်ကိုယ်စားလှယ် လိုက်ပါလာခြင်း မရှိပါဘူး။