အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးဆုံးလေ့ကျင့်မှု ဗြိတိန်တွင် ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်က ရဲတွေနဲ့ တခြား အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက အရာရှိ အယောက် ၁၀၀၀ လောက်ဟာ စစ်သွေးကြွ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးဆုံး လေ့ကျင့်မှုတရပ်ကို ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ တူနီးရှားအပန်းဖြေစခန်းကို အရင် သီတင်းပတ်က တိုက်ခိုက်မှုအတွင်း ဗြိတိန်ခရီးသည် အများစု အပါအဝင် လူ ၃၉ ယောက် သေဆုံးခဲ့အပြီး ဗြိတိန်ဟာ လုံခြုံရေးကို အဆင့်မြင့် တပ်လှန့်ထားပါတယ်။ ဇန်နဝါရီလက ပြင်သစ်မြို့တော် ပါရီမဂ္ဂဇင်းတိုက်ကို အစ္စလာမ္မစ် သေနတ်သမားတွေက တိုက်ခိုက်လို့ လူ ၁၇ ယောက် သေဆုံးပြီးကတည်းက ၂ ရက်ကြာ လေ့ကျင့်မှုကို စီစဉ်ထားခဲ့တာလို့ အစိုးရပြောခွင့်ရက ပြောပါတယ်။ တူနီးရှား အကြမ်းဖက်မှုအပြီးမှာ ဗြိတိန်မှာ တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ အစိုးရက ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ လေ့ကျင့်မှု အများစုကို လန်ဒန်မြို့တလွှား နေရာအတော်များများက လူမြင်ကွင်းမှာ လေ့ကျင့် လုပ်ဆောင်ခဲ့ကြပြီး [caption id="attachment_100440" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ဝန်ထမ်းတချို့က လူသွားစင်္ကြန်ပေါ်က ဓားစာခံတွေကို ကုသပေးမှုတွေ လေ့ကျင်ခဲ့ကြပါတယ်။ လေ့ကျင့်မှုအတွင်း လန်ဒန်ရဲ့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ ဒေသခံ အစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပေါင်းပြီး အစိုးရရဲ့ အရေးပေါ် ကော့ဘရာ ကော်မတီက လေ့ကျင့်မှု ဖြစ်မြောက်အောင် စီမံခဲ့တာမြင်ရမှာပါ။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြင်းထန်တဲ့ အကြမ်းဖက်သမား တိုက်ခိုက်မှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ ဒီသင်တန်းပေး လေ့ကျင့်မှုတွေဟာ ဗြိတိန်ရဲ့ ပြင်ဆင်မှုတွေကို စမ်းသပ်လိမ့်မယ်လို့ ဇွန် ၂၉ ရက်က လွှတ်တော်ကို ပြောပါတယ်။ ခုလို လေ့ကျင့်မှုဟာ လန်ဒန်ရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ဗြိတိန်နိုင်ငံသား အစ္စလာမ္မစ် ၄ ယောက်က အသေခံ ဗုံးခွဲခဲ့လို့ လူ ၅၂ ယောက် သေဆုံးခဲ့ရတဲ့ ဗုံးခွဲမှု ၁၀ နှစ်ပြည့် နှစ်ပတ်လည်မတိုင်ခင် တပတ်အလိုမှာ လေ့ကျင့်တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up