သိမ်ကြီးဈေးရှေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
June 30, 2015
ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ ကုန်းကျော်တံတားအနီးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပြည်သူ့ဆန္ဒနှင့်အညီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း တပ်မတော်သား အမတ်များ အလိုမရှိ စတဲ့ စာတမ်းပါ ပိုစတာများကို ချိတ်ဆွဲပြီး ဟောပြောခဲ့ပါတယ်။