Home
မြန်မာသတင်း
ဖမ်းဆီးခံ အလုပ်သမားခေါင်းဆောင်ကို မီဒီယာများနှင့် တွေ့ခွင့်မပေး
DVB
·
June 30, 2015
Size Worker3
Size Worker2
Size Worker1
Size Worker
ရွှေပြည်သာအလုပ်သမားဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ (၁၈) တို့နဲ့ အဖမ်းခံထားရတဲ့ အလုပ်သမား ခေါင်းဆောင် ကိုစိုင်း (ခေါ်) ကျော်ဇောလင်းကို ဇွန် ၂၉ ရက်နေ့ တရားရုံးထုတ်ခဲ့ရာ ရန်ကင်းမြို့နယ်တရားရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်မရဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဇွန် ၂၉ ရက်မတိုင်ခင် ပထမ တရားရုံးထွက်ချိန်က ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းမီဒီယာဥပဒေ ၃ အရ သတင်းရယူ သိရှိခွင့်ပြုဖို့အတွက် ရန်ကုန်တိုင်း ခရိုင်ဒု-ရဲမှူးဆီကို ဆက်သွယ်ပြောဆိုခဲ့ပေမယ့် ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ထဲမှာ ပါဝင်တဲ့ ရန်ကင်းတရားရုံးမှာပဲ သတင်းမီဒီယာတွေ သတင်းရယူခွင့် မပေးတာဖြစ်ပြီး အခြား အနောက်ပိုင်းခရိုင်အောက်မှာရှိတဲ့ တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးနေတဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေနဲ့ ပတ်သက်သူတွေကိုတော့ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်ရနေပါတယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ ရဲ ၂ မျိုး ပေါ်ပေါက်နေသလို ဖြစ်နေတာ မဖြစ်သင့်ကြောင်းနဲ့  ခရိုင်ရဲတပ်ဖွဲ့မှူးတွေရဲ့ မတူညီတဲ့ ပြုမူလုပ်ဆောင်နေတာတွေက ရွေးကောက်ပွဲနီးချိန်မှာ ပြဿ  နာ ပိုကြီးထွားလာနိုင်သလို အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရဲတပ်ဖွဲ့ အကြီးအကဲတွေ သိသင့်တယ်လို့ အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့တာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024