DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန်နှင့် မွန်ဂိုလီးယား သမ္မတတို့ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်
DVB
·
June 30, 2015
ဦးသိန်းစိန်နှင့် မွန်ဂိုလီးယား သမ္မတတို့ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်
Donate to DVB

သမ္မတ ဦးသိန်းစိန်နဲ့ မွန်ဂိုလီးယား သမ္မတတို့ နှစ်နိုင်ငံကြား ခရီးသွားလာရေးနဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်တွေကို ဇွန်လ ၂၉  ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အခု ခရီးစဉ်ကနေ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေအတွက် တွန်းအားဖြစ်စေဖို့ ယုံကြည်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးရှိမယ့် စာချုပ်တွေ ချုပ်ဆိုနိုင်လို့ သမ္မတ ဦးသိန်းစိန်က ကျေနပ်ကြောင်း မွန်ဂိုရုပ်သံ မီဒီယာတွေမှာ ကြေညာသွားပါတယ်။

ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ မွန်ဂိုလီးယား သမ္မတက နှစ်ဘက် စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ လေကြောင်းပို့ဆောင်ရေးနဲ့ ခရီးသွား လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မွန်ဂိုလီးယား သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဇွန်လ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မွန်ဂိုလီးယားကို သွားရောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013