DVB Logo
Home
မြန်မာသတင်း
တအာင်းတပ်ဖွဲ့မှ သိန်း ၂၀၀၀ ခန့်တန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
June 29, 2015
တအာင်းတပ်ဖွဲ့မှ သိန်း ၂၀၀၀ ခန့်တန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မိုင်းဝီး - မန်တုံသွား ကားလမ်းအပိုင်းမှာ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့က ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် တပ်ရင်း ၆၈၃ က အဖွဲ့ဝင်တွေဟာ မိုင်းဝီး - မန်တုံလမ်းပေါ်မှာ ဇွန်လ ၂၇ ရက်နေ့ တနေ့တည်းမှာပဲ အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာလို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့မှာ ကျနော်တို့အဖွဲ့ဝင် ၃၀ ကျော်က ယာဉ်သွားယာဉ်လာ ဆိုင်ကယ်တွေ ကားတွေကို စစ်ဆေးတာ မနက် ၁၀ နာရီမှာ ဆိုင်ကယ် ၅ စီးကနေ ဘိန်းမည်း ၁၀ ပိာာာာခွဲကျော်၊ ရာဘ အလုံးရေ ၈ သောင်းမိတယ်။ ညနေ ၂ နာရီခွဲကျော်မှာတော့ နောက်ထပ် ဆိုင်ကယ်တစီးပေါ်ကနေ ရာဘအလုံးရေ ၃ သောင်း ၉ ထောင်ကျော် ဖမ်းမိတယ်။ မူးယစ်ဆေးဝါး သယ်လာတဲ့ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။”

ဒီမူးယစ်ဆေးဝါးတွေဟာ ပန်းဆေးပြည်သူ့စစ် ထိန်းချုပ်နယ်မြေ မိုင်းဝီး တောင်ကုန်းတွေဘက်ကနေ ထွက်လာတာဖြစ်ပြီး မန်တုံ၊ မိုးကုတ်၊ ပြင်ဦးလွင်နဲ့ မန္တလေးတိုင်းအထိ သယ်ဆောင်ဖြန့်ဖြူးသွားဖို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မူးယစ်မှုနဲ့ ဖမ်းထားသူတွေကို ကြိမ်ဒဏ်အပြစ်ပေးခြင်း၊ ၀န်ခံကတိလက်မှတ်ထိုးခြင်း၊ ပညာပေးခြင်းတွေလုပ်ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကိုတော့ နှစ်စဉ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ တအာင်းတော်လှန်ရေးနေ့ အခမ်းအနားမှာ မီးရှို့ဖျက်ဆီးတယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

ဒီနှစ် တအာင်းတော်လှန်ရေးနေ့ အခမ်းအနားမှာလည်း ကာလတန်ဘိုး ကျပ်သိန်းပေါင်း ၂ ထောင်ကျေ်ရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တီအန်အယ်လ်အေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013