ဘရာဇီး ကစားသမားများ ဗိုင်းရပ်စ်ရောဂါတမျိုး ခံစားနေရ၍ ကိုပါဖလားတွင် ရှုံးခဲ့ရကြောင်း ဒွန်ဂါပြော

ဓာတ်ပုံ - ca2015
1.3K
ဘရာဇီး ဘောလုံးသမား အများစုဟာ ကိုပါဖလား ကွာတားဖိုင်နယ်မှာ ဗိုင်းရပ်စ် ရောဂါတမျိုးကို ခံစားခဲ့ရလို့ ပြိုင်ပွဲကနေ ရှုံးပြီး ထွက်ခဲ့ရတာဖြစ်တယ်လို့ နည်းပြ ဒွန်ဂါက ပြောလိုက်ပါတယ်။
ကစားသမား အများစုဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုင်းရပ်စ် ရောဂါတမျိုးကို ခံစားနေရပြီး ခေါင်းကိုက်တာ၊ အန်တာနဲ့ နာကျင်ကိုက်ခဲတာတွေ ခံစားခဲ့ရကြောင်း နည်းပြ ဒွန်ဂါက ပြောပါတယ်။
အဲဒီ ကွာတားပွဲစဉ် ပထမပိုင်းမှာ ဘရာဇီးက တိုက်စစ်မှူး ရော်ဘင်ညိုသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် နောက်ပိုင်းမှာ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။
ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘရာဇီးက ပါရာဂွေးကို ၄ ဂိုး ၃ ဂိုးနဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။