Search Results For: မန်စီးတီး

မန်စီးတီးအသင်း ရှက်ဖီးလ်ကို အနိုင်ယူပြီး မှတ်တမ်းအသစ်ရေးထိုး

နှစ်သစ်ကို ၉ ပွဲဆက် အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဘောလုံးလိဂ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း သူတို့ရဲ့အမှားအယွင်းမရှိတဲ့ စံချိန်ကို စနေနေ့ ရှက်ဖီးလ်အသင်းနဲ့ပွဲမှာ ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂါဘရီရယ်ဂျေဆုက သွင်းယူပေးခဲ့ပြီး ဒီရလဒ်ကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်နေပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ကာရာဘောင်းပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်သလို ၄ နှစ် ဆက်တိုက်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေပါတယ်။

ဒါ့အပြင် အသင်းဟာ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကိုလည်း ရောက်ရှိထားပြီ ဖြစ်ပါတယ်။ အခုနှစ် စတင်ချိန်ကတည်းက မန်စီးတီးဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ ဘာမင်ဂမ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဗီလာ၊ ချယ်တမ်ဟန်၊ ဝက်ဘရွမ်းစ်နဲ့ ရှက်ဖီးတို့ကို အနိုင်ယူထားခဲ့တာပါ။

မန်စီးတီးမတိုင်ခင် ဘယ်အသင်းကမှ ဇန်နဝါရီလမှာ ဒီလိုရလဒ်မျိုးထွက်အောင် လုပ်မပြနိုင်သေးပါဘူး။ ဒါဟာ မန်စီးတီးအသင်းအတွက် နိုင်ပွဲစံချိန်လည်း ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းရဲ့ ၁၂ ပွဲဆက် နိုင်ပွဲစံချိန်ဟာ ဒီဇင်ဘာလ အလယ်ပိုင်းလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နိုင်ပွဲနဲ့အတူ စံချန်သစ်ပါတင်ခဲ့တဲ့အတွက် မန်စီတီးနည်ပြ ဂွါဒီယိုလာက သူ့အသင်းသားတွေအတွက် ဂုဏ်ယူနေပေမယ့် အောင်မြင်မှုကြီးကြီးမားမား မရခင်အချိန်အတွင်း စိန်ခေါ်မှုများစွာ ရှိနေဆဲဆိုတာကိုလည်း သတိပြုမိကြောင်း ပြောပါတယ်။ ရှက်ဖီးလ်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက “ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အမေးဇင်းပါပဲ။ ကျနော်တို့ အမှတ်တွေ လျော့ခဲ့ပေမယ့် ဒါဟာ ဘယ်လိုမျိုး ဖြတ်ကျော်မလဲဆိုတာကို ပြသနေပါတယ်။ ဒီလိဂ်မှာ ပွဲတိုင်းက ခက်ခဲပါတယ်။ ကျနော်တို့ မကြာခင် ရောက်လာတော့မယ့် ခက်ခဲတဲ့ အခိုက်အတန့်တွေကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့  ပြောပါတယ်။

3 months Ago

မန်စီးတီးနှင့် အမှတ်ကွာဟချက်ကြီးမားသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ကြိမ်မြောက် အမှတ်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးကာဗာနီဟာ ဒီပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းကလည်း ဒီပွဲမှာ အမှတ်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအတွက် လာကာဇတ်ရဲ့ ဖရီးကစ်ကန်ချက် ဘားထိခဲ့သလို စမစ်ရိုးနဲ့  ပေပေတို့ရဲ့ ကန်သွင်းမှုတွေကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ် ဂိုးသမား လီနိုဟာလည်း ဖရတ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားသစ် အိုဒီဂတ်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် ပွဲအပေါ် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်စေခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစား  ပြီးချိန်မှာ အမှတ်ကွာဟချက် ၃ မှတ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကို လက်လွှတ်ခဲ့ရပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကြောင့် လွဲချော်ခဲ့ပါတယ်။

အဓိကကစားသမားတွေ မပါတဲ့ အာဆင်နယ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အသင်းအတွက် နစ်နာမှုဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်းမရိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အိမ်ကွင်းအဝေးကွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ စနေနေ့ ရလဒ်အပေါ် ကျေနပ်အားရမှုရှိတဲ့ပုံစံမျိုးမှာတော့ မရှိပါဘူး။ သူဟာ သီတင်းပတ်အလယ်ပိုင်းမှာ ရှက်ဖီးလ်အသင်းကို အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ရုန်းထွက်ဖို့အတွက် သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါကို တွမ်မီနေးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာရှယ်ကို လူစားလဲလိုက်ခြင်းမှာ အထင်းသားမြင်ရပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရသလို လိုအပ်နေတဲ့ ၃ မှတ်ကို ဆုံးရှုံးခဲ့ကာ ၁ မှတ်သာ ရရှိခဲ့ပါတယ်။

3 months Ago

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ၁ လခန့် အနားယူရမည်ဟု နည်းပြဂွါဒီယိုလာ အတည်ပြု

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် တစ်လလောက် အနားယူရမယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။  အက်စ်တွန်ဗီလာနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဘရိုင်းက တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ချက်ခြင်းလူစားလဲခဲ့ရတာဖြစ်ပါတယ်။  ဒဏ်ရာကို စစ်ဆေးအပြီးမှာတော့ ၄ ပတ်ကနေ ၆ပတ်အထိ အနားယူရမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။ ”ကီဗင်ရဲ့ ဒဏ်ရာကို အသင်းဆရာဝန်က စကမ်ဖတ်စစ်ဆေးခဲ့ပြီး ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရမယ်လို့ ပြောပါတယ်။ ဒါက အသင်းအတွက်ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် ကျနော်တို့ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။”  ဒီဘရိုင်းအနေနဲ့ တစ်လလောက် အနားယူရမှာဖြစ်လို့ လာမယ့်ဖေဖော်ဝါရီလ ပိုင်းမှာ ကစားရမယ့်  လီဗာပူး၊ စပါးနဲ့ အာဆင်နယ်ပွဲအထိ လွဲချော်ဖို့ ရှိပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ  ၃ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာကြောင့် သူဒဏ်ရာကြောင့် အနားယူရမှာက မန်စီးတီးတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ ရှိနေပါတယ်။ 
3 months Ago

မန်စီးတီးတိုက်စစ်မှူး အက်ဂွဲရိုး ကိုဗစ်-၁၉  ရောဂါကူးစက်ခံရ

မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအက်ဂွဲရိုးက သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။   ပိုးရှိတဲ့ လူတစ်ဦးနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီးနောက်ပိုးကူးခံခဲ့ရတာဖြစ်ပြီး အခုချိန်မှာ သီးသန့်  ခွဲခြားနေထိုင်နေပြီလို့လည်း အက်ဂွဲရိုးက ပြောပါတယ်။ အက်ဂွဲရိုးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာရှိနေသူဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နောက်ပိုင်းကတည်းက ကစားခွင့်မရခဲ့သူပါ။  သူဟာ ဒီအကြောင်းကို တွစ်တာမှာထုတ်ပြန်ခဲ့တာဖြစ်ပြီး အားလုံးဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။  မန်စီးတီးအသင်းဟာ ကိုဗစ်-၁၉ အကူးစက်ခံရဆုံး ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး  အက်ဂွဲရိုးအပါအဝင် ကစားသမား ၉ ယောက် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။  ဒီအထဲမှာ အဲရစ်ဂါစီယာ၊ ဂျေဆုနဲ့ ကိုင်လီဝေါ်ကာတို့လည်းပါဝင်ခဲပြီး ဂိုးသမား ကာဆင်နဲ့ အသက် ၁၈ နှစ်အရွယ်ကွင်းလယ်လူတို့လည်း ပါဝင်ပါတယ်။  အက်ဂွဲရိုး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းက နည်းပြ ဂွါဒီယိုလာ အတွက်ခေါင်းကိုက်စရာ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။  အက်ဂွဲရိုးဟာ ဒီရာသီမှာ မန်စီတီးအသင်းအတွက် ၉ ပွဲသာ ကစားပေးထားပြီး ကစားချိန် စုစုပေါင်း မိနစ် ၂၆၀ သာ ရှိပါတယ်။
3 months Ago

မန်ယူတိုက်စစ်မှူးဟောင်း လူကာကူကို ခေါ်ယူရန် မန်စီးတီးအသင်း ပစ်မှတ်ထားနေ

အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ မန်စီးတီးအသင်းက ခေါ်ယူမယ့် ပစ်မှတ် ကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး အဂွဲရိုး နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး လူကာကူလည်း ပါဝင်နေတာပါ။ မန်စီးတီးအသင်းဟာ အင်တာမီလန်မှာ ကစားနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း လူကာကူနဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းတို့ကို ပစ်မှတ်ထားနေပြီး လာမယ့်နွေရာသီမှာ ပေါင်သန်း ၂၀၀ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ အဂွဲရိုး၊ ဖာနန်ဒင်ညိုနဲ့ အဲရစ်ဂါစီယာတို့က အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး အဲဒီနေရာတွေအတွက်လည်း ကစားသမားသစ်ခေါ်ဖို့ မန်စီးတီးအသင်းက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
3 months Ago

မန်စီးတီးက ဘရိုက်တန်ကို (၁-၀)ဂိုးဖြင့်နိုင် ၊ စတားလင်း ပင်နယ်တီ ၃ လုံးဆက်လွဲချော်သူ ဖြစ်လာ

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ကွဲစဉ်မှာ မန်စီးတီးက ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒီပွဲမှဦးဆောင်ပင်နယ်တီဆက်လက်လွဲချော်ခဲ့တဲ့ စတားလင်းဟာ ၃ နှစ်ကျော် ကာလအတွင်း ပင်နယ်တီ ၃ လုံး ဆက်တိုက်လွဲချော်ခဲ့တဲ့ ပထဆုံးသော ပရီးမီးယားလိဂ် ကစားသမားအဖြစ် မှတ်တမ်းဝင် သွားပါတယ်။  ဘရိုက်တန်နဲ့ပွဲမှာ ဖိုဒန်က မန်စီတီးအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး သူ့အတွက်ပြိုင်ပွဲစုံ ၈ ဂိုးသွင်းယူမှုလည်း ဖြစ်ပါတယ်။ မန်စီတီးအသင်းဟာ ဒီဂိုးနဲ့အချိန်ပိုအထိ ဆက်လက်ဦးဆောင်ခဲ့ပြီးပွဲ မပြီးခင်မှာ ဒီဘရိုင်းကို ဘရိုက်တန်ဂိုးသမားက လှဲချခဲ့လို့ စီတီးတို့ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။  ဒါပေမဲ့ ဒီပင်နယ်တီက စတားလင်းက ဂိုးဘားတန်းကျာ်အောင်ကန်သွင်းခဲ့တာကြောင့် သူ့ရဲ့ ပင်နယ်တီ ၃ လုံးဆက်တိုက် လွဲချော်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါ့ကြောင့်အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဘရာဟီနိုနောက်ပိုင်း ပရီးမီးယား လိဂ်မှာ ၃ လုံဆက် ပင်နယ်တီလွဲချော်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒီပင်နယ်တီ ၃ လုံးအပါအဝင် မန်စီတီးဟာ ပြီးခဲ့တဲ့ရာသီကစလို့ ပရီးမီးယားလိဂ်မှာ ပင်နယ်တီလွဲချော်မှု စုစုပေါင်း ၇ လုံးအထိ ရှိခဲ့ပြီး ဒါဟာ တခြားအသင်းတွေအားလုံး ထက်ပိုများ နေပါတယ်။  ပင်နယ်တီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပေမဲ့ စီတီးအသင်းဟာ အနိုင်ရလဒ်ကို ဆက်ထိန်းထားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရရှိမှုဖြစ်ခဲ့ပြီး ၈ ပွဲဆက်တိုက်ရှုံးပွဲ မရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အစမကောင်းခဲ့တာကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့်စီတီးအသင်းဟာလည်း အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  စီးတီးအသင်းဟာ ထိပ်ဆုံးက မန်ချက်စတာယူနိုက်အသင်းနဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာ အနေအထားမှာရှိနေပြီး စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ တန်းဆင်းဇုန်ထဲ ရောက်ရှိဖို့ နောက်ထပ်ဖိအားတွေ တိုးခဲ့ပြီ ဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့်ဘရိုက်တန်အသင်းဟာ အောက်ဆုံး ၃ သင်းနဲ့ တစ်မှတ်အကွာအဆင့် ၁၇ နေရာထိ ကျဆင်းသွားခဲ့ရပြီလည်း ဖြစ်ပါတယ်။ 
3 months Ago

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ခေါ်ရန် ပီအက်စ်ဂျီနည်းပြ စိတ်ဝင်စား

ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုဟာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။  လက်ရှိအချိန်မှာ တခြားကလပ်နဲ့ ဆွေးနွေးခွင့်ရရှိ နေပြီဖြစ်တဲ့ အဂွဲရိုးဟာ ပီအက်စ်ဂျီနဲ့ အကြို စာချုပ်ချုပ်ဆိုထားဖွယ်ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။  အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ အပြောင်းအရွှေ့မှာ ရောင်းချခြင်း မပြုခဲ့ပါက ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာ ဖြစ်ပါတယ်။  အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူး အဂွဲရိုးဟာ ဒီနှစ်ရာသီမှာ စုစုပေါင်း ၅ ပွဲသာ ကစားရသေးပြီး ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရတာပါ။  မန်စီးတီးအသင်းက ဘာမင်ဂမ်နဲ့ အက်ဖ်အေဖလားကစားရဖို့ ရှိနေပြီး အဲဒီပွဲစဉ်မှာ ဒဏ်ရာကနေ သက်သာလာတဲ့ အဂွဲရိုးကို ပွဲထွက်အသုံးပြုမယ်လို့ နည်းပြဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။ 
3 months Ago

မန်စီးတီးအသင်းက မန်ယူနိုက်တက်ကို (၂-၀) ဂိုး ဖြင့်နိုင်ပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်

မနေ့ညကန်သွားတဲ့ ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းဟာ ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာဖြစ်ပြီး စတုမ်းနဲ့ ဖာနန်ဒင်ဟိုတို့က အနိုင်ဂိုးတွေကို အသီးသီးသွင်းယူပေးခဲ့ပါတယ်။  ပွဲမှာယူနိုက်တက်အသင်းဟာ set-plays တွေကိုကာကွယ်နိုင်မှုနည်းပါးခဲ့တာကိုတွေ့ရပြီး ဖိုဒန်ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် စတုမ်းက မန်စီတီးအသင်းအတွက် ပထမဂိုးကို ဒုတိယပိုင်း မိနစ် ၅၀ မှာ သွင်းယူပေးခဲ့ပါတယ်။  အဲ့ဒီနောက် ပွဲချိန် ၈၃ မိနစ်မှာ ဒီဘရိုင်းရဲ့ထောင့်ကန်ဘောကန်ချက်ကို မာရှယ်နဲ့ ဝမ်ဘစ်ဆာခါတို့ ပြတ်ပြတ်သားသားမရှင်းထုတ်နိုင်ခဲ့ရာကနေတစ်ဆင့် ဖာနန်ဒင်ဟိုက မြေမကျဘောကန်သွင်းကာ ဒုတိယဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ဒီနိုင်ပွဲ ကြောင့် မန်စီတီးအသင်းဟာ လာမယ့်ဧပြီလမှာ စပါးအသင်းနဲ့ ကာရာဘောင်ဖလား နောက်ဆုံး ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက် အသင်းဟာ ပွဲအစမှာကောင်းမွန်တဲ့ တိုက်စစ်ကစားပုံတချို့ကို ပြသနိုင်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ပွဲအပြီးမှာ သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဒေါသထွက်ပေါက်ကွဲခဲ့ပါတယ်။  Sky Sports နဲ့တွေ့ဆုံရာမှာ ဆိုးလ်ရှားက “စီးတီးအနေနဲ့ ဂိုးတွေအများကြီး သွင်းယူနိုင်တာကိုလက်ခံ ပေးရပါမယ်။ ဒါပေမဲ့  ရှင်းထုတ်နိုင်ခဲ့သင့်တဲ့ set-plays တွေကနေ ဂိုး ၂ ဂိုးပေးလိုက်ရတာကိုတော့ စိတ်ပျက် မိတယ်လို့ပဲ ရိုးရိုးသားသားပြောပါရစေ။ သေချာတာကတော့ ဒီပွဲမှာ ကျနော်တို့ အကောင်းဆုံးရှိမနေခဲ့ပါဘူး။ ကျနော်တို့ဘက်က အခွင့်ရေးကောင်းတွေ မဖန်တီးနိုင်ခဲ့သလို၊ စီတီးအသင်းဘက်ကလည်း အခွင့်အရေး  များများစားစားမရခဲ့ပါဘူး။ ဒါပေမဲ့ လိဂ်ပွဲတွေမှာ အနိုင်ရသလိုမျိုး နောက်ကျအခွင့်အရေးတွေလည်း မရှိခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကျနော်တို့ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ စီတီးဟာ ကောင်းကောင်းစကားသွားခဲ့ပြီးတော့ သူတို့ကို နိုင်ဖို့ဆိုရင်သူတို့ထက် ပိုကောင်းအောင်ကစားနိုင်ဖို့လိုပါတယ်။ ဒါဟာလက်ရှိ ယူနိုက်တက်အသင်းကြုံတွေ့နေရတဲ့ အခြေအနေအမှန်ပါ” လို့ ဆိုးလ်ရှားက ပြောပါတယ်။  မန်စီတီးကိုရှုံးနိမ့်မှုဟာ ဆိုးလ်ရှားလက်ထက် ၄ ကြိမ်မြောက် ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာရမှုဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ သူ့အသင်းမှာ ဗိုလ်လုပွဲကိုရောက်အောင်မသွားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးရှိ မနေဘူးလို့ ပြောပါတယ်။ 
4 months Ago

မန်စီးတီးကို ရှုံးနိမ့်ခဲ့လျှင် ဆင်ခြေပေးစရာရှိလာမည်မဟုတ်ဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရင် ဆင်းခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ ဒီကနေ့ညပိုင်းမှာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာပါ။ မန်စီးတီးနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်လို့ ရှုံးနိမ့်ခဲ့ရင်လည်း ဆင်ခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆုဖလားတစ်လုံးရယူဖို့အတွက် လက်တကမ်းအလိုကို ရောက်ရှိနေပြီး ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ၆ လ၊ သို့မဟုတ် ၁၂ လလောက်အတွင်းမှာ ခြေစွမ်းတိုးတက်လာတဲ့ အသင်း ဖြစ်လာတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ မနှစ်ကလည်း ဒီလိုအဆင့်ကနေ ထွက်ခွာခဲ့ရဖူးတာကြောင့် အခုပွဲစဉ်က သင်ခန်းစာယူရမယ့် ပွဲမဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းပြသပြီး ဗိုလ်လုပွဲတက်ရမယ့်ပွဲစဉ် ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
4 months Ago

မန်စီးတီး အမျိုးသမီးဘောလုံးသမား ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မန်စီးတီးအမျိုးသမီးဘောလုံးအသင်း ကစားသမား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ အသင်းက ဇန်နဝါရီ ၄ ရက်က အတည်ပြုပြောကြားလိုက်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ကစားသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လက်ရှိမှာတော့ သူတို့ကို သီးခြားစီခွဲပြီး ထားရှိတယ်လို့ ဆိုပါတယ်။ ကလပ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အကြာကလည်း အမျိုးသားဘော လုံးကစားသမား ၆ ဦး ရောဂါကူးစက်ခံခဲ့ရလို့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ရောဂါထပ်မံကူးစက်မှု ဖြစ်မလာစေဖို့အတွက် လေ့ကျင့်ရေးကွင်းကို ၂ ရက်ကြာ ပိတ်ထားခဲ့ရပါသေးတယ်။ မန်စီးတီး အမျိုးသမီးဘောလုံးကလပ်အသင်းကတော့ အမျိုးသမီး စူပါလိဂ်အသင်း ဇယားမှာ ၉ ပွဲကစားပြီး ရမှတ် ၁၈ မှတ်ရရှိထားကာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ သူတို့အသင်းဟာ လာမယ့်စနေနေ့မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
4 months Ago

ပရီးမီးယားလိဂ်တွင် လက်စတာနှင့် မန်စီးတီးတို့ နိုင်ပွဲရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ လက်စတာတို့ အနိုင်ရသွားပါတယ်။  ပထမပွဲစဉ်မှာ လက်စတာက အဝေးကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ လက်စတာအတွက် အနိုင်ဂိုးတွေကို မက်ဒီဆန်နဲ့ တိုင်လီမန်းစ်တို့က သွင်းယူပါတယ်။  နယူးကာဆယ်အတွက် ချေပဂိုး ၁ ဂိုးကို ၈၂ မိနစ်မှာ ကာရိုက သွင်းယူပါတယ်။ လက်စတာဟာ ဒီပွဲနိုင်လို့ တစ်ပွဲပိုကစားထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လာပါတယ်။  နောက်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံရလို့ အဓိက ကစားသမားတချို့ မပါဘဲ ယှဉ်ပြိုင်သွားတဲ့ မန်စီးတီးဟာ ပထမပိုင်းမှာတင် ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူနိုင်တာပါ။ ရှုံးပွဲဆက်နေတာကြောင့် ချဲလ်ဆီးနည်းပြ လမ်းပတ်လည်း ဖိအားတွေ တိုးလာပါတယ်။
4 months Ago

မန်စီးတီးနောက်ခံလူ ဂါစီယာ ဘာစီလိုနာတွင်  ၅ နှစ်ကစားမည်

မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင် ရာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။  အသက် ၁၉ နှစ်ရှိ စပိန်ဗဟိုနောက်ခံလူကို မန်စီးတီးဘက် သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲရစ်ဂါစီယာဘက်က လက်မခံခဲ့တာပါ။  လက်ရှိအချိန်မှာတော့ ဘာစီလိုနာကို ၅ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီး မန်စီးတီးနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးဖို့ပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် အခုနှစ်မှာ ရောင်းချနိုင်ခြင်း မရှိခဲ့ရင်တော့ ၂၀၂၁ ဇွန်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရဖို့ ရှိနေတာဖြစ်ပါတယ်။ ဂါစီယာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့သြဂုတ်လတုန်းက ဂါစီယာဟာ သက်တမ်းတိုးလိုတဲ့ ဆန္ဒမရှိဘဲ တခြားအသင်းမှာ ကစားချင်နေတယ်လို့ နည်းပြ ဂွါဒီယိုလာ ကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။
4 months Ago

ကိုဗစ်-၁၉ ကြောင့် မန်စီးတီးအသင်း ပွဲရွှေ့ဆိုင်းခဲ့သော်လည်း လေ့ကျင့်ခန်း ပြန်ဆင်း

အသင်းသားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လို့ဆိုပြီး ပွဲကိုရွှေ့ဆိုင်းခဲ့ပေမဲ့ နောက်တစ်ရက်မှာ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ မန်စီးတီးကို အဲဗာတန်အသင်းက ဒေါသထွက်နေပါတယ်။  မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းနဲ့ မကစားခင်မှာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပြီး ပရီးမီးယားလိဂ်ဘက်ကလည်း လိုက်လျောခဲ့တာပါ။ မန်စီးတီးအကယ်ဒမီနဲ့ အသင်းဝန်ထမ်း စုစုပေါင်း ၅ ယောက်လောက်  ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး နောက် ၂ ရက်အကြာမှာပဲ ပိုးတွေ့ရှိခဲ့တဲ့ သူတွေအားလုံးက Negative ရလဒ် ထွက်ခဲ့တာပါ။  အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုတော့ ဗုဒ္ဓဟူးနေ့က ပြန်စခဲ့တာကြောင့် ပွဲရွှေ့ခဲ့တာ နဲ့ ပတ်သက်ပြီး အဲဗာတန်အသင်းဘက်က ဖြေရှင်းချက်တောင်း ဆိုထားတယ်လို့သိရ ပါတယ်။  စည်းမျဉ်းတွေအရ ကစားသမား ၁၄ ဦးရှိရင်ပဲ ပွဲကို ရွှေ့ဆိုင်းခြင်း မပြုဖို့ သတ်မှတ်ထား တာပါ။  မန်စီးတီးအသင်းဟာ လီဗာပူးနဲ့ မကစားခင် စနေနေ့မှာလည်း နောက်ဆုံးအကြိမ် ကိုဗစ်ပိုး ရှိ မရှိ ထပ်မံ စစ်ဆေးသွားမှာဖြစ်ပါတယ်။ 
4 months Ago

 စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် မန်စီးတီး စီစဉ်

မန်စီးတီးအသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို စတာလင်ပေါင်သန်း ၉၀ လောက်နဲ့ လာမယ့်ရာသီမှာ ကမ်းလှမ်းတော့မယ်လို့သိရပါတယ်။  နည်းပြ ဂွါဒီယိုလာဟာ အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး အဂွဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ဟာရီကိန်းကို ပစ်မှတ်ထားနေပြီး လာမယ့်ရာသီ ရောက်တဲ့အခါမှာ ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။  ဟာရီကိန်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၆ ရာသီ ဆက်တိုက် တစ်နှစ်ကို အနည်းဆုံးဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ စပါးအသင်းမှာလည်း ၉ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးထားပေမဲ့ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု မရှိသေးတာကြောင့် မန်စီးတီးက မက်လုံး တစ်ခုပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။  ဟာရီကိန်းဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အသင်းအနေနဲ့ တိုးတက်မှုတွေရှိ မလာရင်တော့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားမှာဖြစ်ကြောင်း  ဖွင့်ဟခဲ့ဖူးပါတယ်။ 
4 months Ago

မန်စီးတီးအသင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် အဲဗာတန်နှင့်ပွဲစဉ်ကို ရွှေ့ဆိုင်း

မန်စီးတီးအသင်းသားတချို့မှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ထပ်တွေ့တာကြောင့် အဲဗာတန်နဲ့ ကန်မယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ ပါတယ်။  အဲဗာတန်နဲ့ပွဲစဉ်နာရီပိုင်းအလိုရောက်မှ မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးထပ်တွေ့ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးအသင်းမှာ တိုက်စစ်မှူးဂါဘရီယယ်ဂျေးဆူနဲ့ နောက်ခံလူ ဝေါ်ကာတို့က ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတာဖြစ်ပြီး တခြားကစားသမားနဲ့ အသင်းဝန်ထမ်းတွေဆီ ရောဂါကူးစက်ခဲ့တာပါ။  ဘယ်သူတွေမှာ ပိုးတွေ့တယ်ဆိုတာမသိရပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ယူကေ အစိုးရတို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ်ဘက်ကလည်း  ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်ကျင်းပဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။  အခုလအစောပိုင်းက နယူးကာဆယ်နဲ့ ဗီလာပွဲကိုလည်း နယူးကာဆယ်အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲရွှေ့ခဲ့ရပါတယ်။ 
4 months Ago

ဆုဖလားများ ရချင်သဖြင့် မန်စီးတီးကို ပြောင်းရွှေ့လာခြင်းဖြစ်ဟု ဒိုင်ယက်စ် ပြော

မန်စီးတီးကို ပြောင်းရွှေ့လာတဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဆုဖလားတွေ ရရှိနိုင်ရေးသာ ဖြစ်တယ်လို့ နောက်ခံလူ ဒိုင်ယက်စ်က ပြောပါတယ်။ ပေါ်တူဂီနောက်ခံလူ ဒိုင်ယက်စ်ဟာ အခုနှစ် နွေရာသီက ဘင်ဖီကာကနေ ပေါင် ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ မန်စီးတီးကို ပြောင်းရွှေ့လာရတဲ့ အဓိကအကြောင်းအရင်းက ချန်ပီယံဆုဖလားတွေ ရယူနိုင်ရေးအတွက်သာ ဖြစ်ပြီး လက်တလော ရလဒ်တွေ အကောင်းဆုံးမရသေးပေမယ့် တစ်ချိန်မှာ ပုံစံကောင်းရလာလိမ့်မယ်လို့ ဒိုင်ယက်ဇ်က ပြောပါတယ်။  ပရီးမီးယားလိဂ်အသင်းတိုင်းက အနိုင်ရဖို့ပဲ ဦးတည်ကစားကြတာကြောင့် အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တယ်လို့လည်း နောက်ခံလူ ဒိုင်ယက်စ်က သုံးသပ်ပါတယ်။
4 months Ago

မန်စီးတီးက ကိုင်လီဝေါ်ကာနှင့်ဂါဘရီယယ် ဂျေဆုတို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရ

မန်စီးတီး ကစားသမား ၂ ဦးဖြစ်တဲ့ ကိုင်လီဝေါ်ကာနဲ့ ဂျေဆုတို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ လူစာရင်းကနေ ချန်လှပ်ထားပါတယ်။  ဒီဇင်ဘာ ၂၅ ရက်က မန်စီးတီးအသင်းက သတင်းထုတ်ပြန်သွားခဲ့တာဖြစ်ပြီး နောက်ထပ် ဝန်ထမ်း ၂ ဦးမှာလည်း ပိုးတွေ့ရှိခဲ့တာကြောင့် မန်စီးတီးက ၄ ဦးအထိ ကူးစက်ခံခဲ့ရပါတယ်။  အသင်းက လူအားလုံးက အသင်းသားတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ဆုမွန်ကောင်း တောင်းပါကြောင်းလည်း မန်စီးတီးက သတင်းထုတ်ပြန်ပါတယ်။  မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့ကမှ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ကစားခဲ့ပြီး အဲဒီပွဲမှာ  ဂျေဆုနဲ့ ဝေါ်ကာတို့ ပါဝင်ကစားခဲ့ပါသေးတယ်။  မန်စီးတီးအသင်းဟာ စနေနေ့မှာ နယူးကာဆယ်နဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
4 months Ago

မန်ယူက အဲဗာတန်ကိုအနိုင်ရ၊ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်တွင် မန်စီးတီးနှင့်တွေ့ဆုံ (ရုပ်သံ)

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ယူနိုက်တက်နဲ့ မန်စီးတီး၊ စပါးနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ တွေ့ဆုံနေပါတယ်။ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်ကို ၂ ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကိုတော့ ကာဗာနီနဲ့ မာရှယ်တို့က ပွဲချိန် ၈၈ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ အသီးသီးသွင်းယူခဲ့တာပါ။ ကာရာဘောင်းဖလား အခြားပွဲစဉ်မှာတော့ စပါးအသင်းက စတုတ်စီးတီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပါးအတွက် အနိုင်ဂိုးတွေကိုတော့ ဂျရက်ဘေး၊ ဗန်ဒါဗက်စ်နဲ့ ကိန်းတို့က ပွဲချိန် ၂၂၊ ၇၀ နဲ့ ၈၁ မိနစ်တို့ အသီးသီးသွင်းယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ အိမ်ကွင်းတွေမှာ ဇန်နဝါရီ ၄ ရက်နေ့ ကစားရမှာဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဧပြီ ၂၅ ရက်နေ့ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
4 months Ago

ဇန်နဝါရီ အပြောင်းအရွှေ့ ကစားသမားသစ်မခေါ်ဟု မန်စီးတီးနည်းပြ ပြော

စီးပွားရေးဂယက်ကြောင့် လာမယ့်ဇန်နဝါရီမှာ ငွေကြေးအသုံးပြုပြီး ကစားသမားဝယ်မှာ မဟုတ်ဘူးလို့ နည်းပြဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။  မန်စီးတီးအသင်းဟာ အခုနှစ်ရာသီမှာ သွင်းဂိုးအရေအတွက် နည်းပါးနေပေမယ့် တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ဂျေဆုနဲ့ အဂွဲရိုးတို့ ဒဏ်ရာကနေ သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။  မန်စီးတီးတစ်သင်းတည်း မဟုတ်ဘဲ ကလပ်အသင်းတိုင်းက လက်ရှိ စီးပွားရေးအခြေအနေအရ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းမှာ အခုရာသီ ဂိုးအများဆုံးသွင်းယူထားသူက စတာလင်နဲ့ မာရက်ဇ်တို့ဖြစ်ပြီး ၄ ဂိုးစီ သွင်းယူခဲ့ကြတာပါ။ အဲဒီနောက်မှာ ဂျေဆု၊ ဖိုဒမ်နဲ့ဒီဘရိုင်းတို့က ၂ ဂိုးစီ သွင်းယူထားပါတယ်။
4 months Ago

မန်စီးတီးသို့ ပြောင်းရွှေ့ရန် မက်ဆီကို ဇာဘလက်တာ အကြံပြု

မန်စီးတီးအသင်းကို ပြောင်းရွှေ့တာက မက်ဆီအတွက် အကောင်းဆုံးနေရာ ဖြစ်တယ်လို့ အာဂျင်တီးနားနောက်ခံလူဟောင်း ဇာဘလက်တာက ပြောပါတယ်။  မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတွေက မက်ဆီကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင်ဟောင်း ဇဘလက်တာကတော့  မန်စီးတီးကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။  မက်ဆီရဲ့ လက်ရှိအခြေအနေအပေါ် ဝမ်းနည်းမိပြီး ဘာစီလိုနာနဲ့  နောက်ဆုံးနှစ်  ရှိလာ လိမ့်မယ်လို့ မထင်ထားခဲ့ဘူးကြောင်းလည်း ဇဘလက်တာက ပြောပါတယ်။  အသင်းပြောင်းရွှေ့ဖြစ်ရင်တော့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့တာက မက်ဆီအတွက် အကောင်းဆုံးနေရာဖြစ်တယ်လို့ ဇဘလက်တာက တိုက်တွန်းခဲ့တာပါ။  မက်ဆီနဲ့ ဇာဘလက်တာတို့ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ ဖူးကြသူတွေ ဖြစ်ပါတယ်။
4 months Ago

ချဲလ်ဆီးက ဝုဒ်ကို (၁-၂)ဂိုးဖြင့်  ရှုံးနိမ့်၊  မန်စီးတီးက ဝက်စ်ဘရွန်းနှင့် ၁ ဂိုးစီ သရေကျ

ဒီနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက ဝုဗ်အသင်းကို (၁-၂ ) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။  အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝုဗ်အသင်းကို ထပ်ပြီး ရှုံးခဲ့လို့ ချဲလ်ဆီးအသင်း ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။  ပွဲချိန် ၄၉ မိနစ်မှာ ဂျရူးက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဝုဗ်အသင်းက ပွဲချိန် ၆၆ မိနစ်မှာ ပိုဒန့်စ်က ချေပဂိုး၊ ပွဲပြီးခါနီးမှာ ပတ်ဒရိုနက်တို့က အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်အတွက်တော့ ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။  ဒီပွဲ အရှုံးရလဒ်ကြောင့် ချဲလ်ဆီးအသင်းက အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက စပါး၊ လီဗာပူး တို့ထက် ၁ ပွဲပိုကစားထားပေမယ့် ၃ မှတ် ပြတ်သွားခဲ့ပါတယ်။  တခြားပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဝက်စ်ဘရွန်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။  ပထမပိုင်းမိနစ် ၃၀ မှာ ဂွမ်ဒိုဂမ်က ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ၄၃ မိနစ်မှာ နောက်ခံလူ ဒိုင်ယက်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် သရေရလဒ်နဲ့သာ မန်စီးတီး ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
4 months Ago

ဆိုးလ်ရှား၏ တန်ဖိုးကို သိကြရန် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပြော

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မန်စီးတီးနည်ပြ ပက်ဂွါဒီယိုလာကတော့ နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထောက်ခံစကား ပြောလိုက်ပါတယ်။  အင်္ဂါနေ့ပွဲမှာ လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် လှည့်ပြန်ခဲ့ရပါပြီ။ ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိထားပြီး မန်စီးတီးအသင်းရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါဘီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အနိမ့်အမြင့် အတက်အကျများတဲ့ ဘောလုံးမန်နေဂျာတွေအကြောင်း မန်စီးတီးနည်းပြ ပက်ကို မေးမြန်းခဲ့ပြီး “ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျနော်တို့ကို လစာတွေအများကြီး ပေးထားကြတာပေါ့ဗျ” လို့ ပက်က အရွှန်းဖောက်ခဲ့ပါတယ်။  ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သူက “အရေးကြီးဆုံးအချက်က ဆိုးလ်ရှားရဲ့ တန်ဖိုးကို သိထားဖို့ပါပဲ။ ဒီအတွက် လုံးဝ သံသယမရှိပါဘူး။ သူက ကြံ့ခိုင်ပြီးသားလူဖြစ်လို့ ကျနော့်ဆီက အားပေးမှု မလိုအပ်ပါဘူး။ ဒီအလုပ်က ဘယ်လိုပုံစံရှိလဲဆိုတာ သူ သိပါတယ်။ ကျနော်တို့ အနိုင်ရရင် လူတွေက ဉာဏ်ကြီးရှင်တွေလို ချီးကျူးကြပြီးတော့ ရှုံးရင်တော့ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းမှာ ဖြစ်သလို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတိုင်းမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ” လို့ ပက်က ပြောပါတယ်။ ပက်ရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၈ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း ပက်လက်ထက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။  လာမယ့် မန်ချက်စတာဒါဘီမှာ နောက်ခံလူ အဲရစ်ဂါစီယာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ ပက်က ပြောခဲ့ပြီး ဒဏ်ရာကနေ ပြန်ကောင်းခါစ အဂွဲရိုးဟာ လာမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာမြို့မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စနေနေ့ပွဲဟာ ပရိသတ်မပါတဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
4 months Ago

အိုလံပီယာကော့စ်ကို အနိုင်ရရှိခဲ့သည့်မန်စီးတီးအသင်း၏စွမ်းဆောင်ရည်ကို ဂွါဒီယိုလာ ချီးကျူး

မန်စီတီးအင်းဟာ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်တော့မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်အသင်းကို ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိကာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာပါ။ ဒီပွဲရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ ဖီးလ်ဖိုဒန်က သွင်းယူပေးခဲ့ပြီး မန်စီတီးအသင်းဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို ၂၂ ကြိမ်ထိ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။  ဂွါဒီယိုလာက ဒီပွဲမှာပြသခဲ့တဲ့ မန်စီတီးတစ်သင်းလုံးရဲ့ ခြေစွမ်းကို ကျေနပ်အားရနေပြီး ကစားသမားတွေဟာ အခုရာသီ အစမကောင်းခဲ့တာကနေ ရုန်းထွက်ဖို့ အဆင့်သင့်ဖြစ်နေပြီ ဆိုတာကို ပြသနေတယ်လို့ ယုံကြည်နေပါတယ်။  မန်စီတီးဟာ ပရီးမီးယားလိဂ်မှာ ရာသီစကတည်းက ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိ အချိန်မှာအဆင့် ၁၃ ကို ရောက်နေကာ ထိပ်ဆုံးက စပါးအသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။ “ကျနော်တို့ နေရာစုံမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကိုတက်  ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် တခြားပြိုင်ပွဲတွေကို ပိုပြီး အာရုံစိုက်လို့ရပါပြီ။ ကျနော်တို့ ဂိုးတွေ ပိုသွင်းလိုနေပြီးတော့ တစ်နေ့ကျရင် စံချိန်အားလုံးကို ချိုးဖျက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ “ဒီနေ့ပွဲမှာကျနော်တို့အသင်းက ဂိုးတွေကို ပိုရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား ၉ ယောက်လောက်ပိတ်ဆို့နေတော့ ဂိုးသွင်းဖို့ မလွယ်ကူခဲ့ပါဘူး။ တောင်ပံကစားသမားတွေကို တိုက်စစ်မှူးတွေနဲ့ နီးကပ်စွာ ကစားခိုင်းခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဖီးလ်ဖိုဒန်နဲ့ ရာဟင်းစတားလင်းတို့ဟာ ဒီနေ့ပွဲမှာ အရမ်းကို တိုက်စစ်အား သန်ခဲ့ကြပါတယ်။ ဘင်ဂျမင် မန်ဒီ၊ ဂျာအိုကန်ဆယ်လိုတို့ဟာလည်း အရမ်းကောင်းခဲ့ပြီး ဂမ်ဒိုဝန်နဲ့ ရိုဒရီတို့ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။ ချုံပြောရရင်တော့ အသင်းရဲ့ စွမ်းဆောင်ရည်က ထိပ်ဆုံးအဆင့်မှာရှိနေပါတယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီတီးနည်းပြက အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း ချီးကျူးခဲ့ပါတယ်။ မန်စီတီးအသင်းရဲ့ခံစစ်ဟာ ဒီပွဲမှာ အိုလံပီယော့စ်အသင်းကို ဂိုးသွင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုခဲ့ရ တဲ့အထိ ကျစ်ကျစ်လစ်လစ်ရှိခဲ့လို့ ဂွါဒီယိုလာက နောက်ခံလူဂျွန်စတုန်းကို ထုတ်ဖော်ချီးကျူးသွား ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမား စတုန်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။  မန်စီတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို နိုဝင်ဘာ ၂၈ ရက်နေ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
5 months Ago

မက်ဆီကို ၁၀ နှစ် မဟာဗျူဟာစီမံကိန်းဖြင့် မန်စီးတီးအသင်း ကမ်းလှမ်းမည်

မန်စီးတီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ၁၀ နှစ် မဟာဗျူဟာစီမံကိန်း တစ်ခုနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။  မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အသင်းပြောင်းဖို့အတွက် တရားဝင်ဆွေးနွေးခွင့်ရရှိမှာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းက မက်ဆီရဲ့ ကစားသမားဘဝတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အနားယူပြီးနောက်ပိုင်းအထိ ၁၀ နှစ် သက်တမ်းရှိ မဟာဗျူဟာစီမံကိန်းတစ်ခု ချထားပြီး အဲဒီမက်လုံးတွေနဲ့ မက်ဆီကို ဆွဲဆောင်မယ်လို့ ဒေးလီးမေးသတင်းစာက ဖော်ပြပါတယ်။  မက်ဆီအနေနဲ့ မန်စီးတီးအသင်းမှာ ကစားပြီးတဲ့နောက်မှာလည်း အမေရိကန် မေဂျာလိဂ် ကလပ် နယူးယော့ခ်စီးတီးမှာ ဆက်ကစားစေမယ်လို့ သိရပါတယ်။  မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ အဘူဒါဘီအုပ်စုဟာ ကမ္ဘာတဝန်းမှာ ကလပ် ၁၀ သင်း ပိုင်ဆိုင်ပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ကလပ်တွေလည်း ပါဝင်ပါတယ်။  မက်ဆီ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်းမှာ အဲဒီကလပ် ၁၀ သင်းရဲ့ သံတမန် အနေနဲ့လည်း ဆက်လက်တာဝန်ပေးအပ်ဖို့ရှိတယ်လို့ သိရပါတယ်။
5 months Ago

မက်ဆီကို ခေါ်ယူခြင်းဟာ မန်စီးတီးအသင်းအတွက် စွန့်စားမှု ဖြစ်နိုင်ဟု ကလစ်ချီ သုံးသပ်

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရှိနေဆဲဖြစ်ပြီး အင်္ဂလိပ် ဘောလုံးလောကနဲ့ အံဝင်နိုင်ပေမယ့် သူ့ကိုခေါ်ဖို့ဆိုရင် မေးခွန်းတွေတော့ ရှိနေဆဲပဲလို့ မန်စီးတီး နောက်ခံလူဟောင်း ဂေးလ်ကလစ်ချီက ပြောပါတယ်။ မက်ဆီ ပရီးမီးယားလိဂ်ကို ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ တဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါပြီ။ အာဂျင်တီးနားသားဟာ ဘာကာအသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့နွေရာသီမှာ ကြိုးစားခဲ့ပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ အထိ ဘာစီလိုနာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သူဟာ လာမယ့်ဇန်နဝါရီလကစလို့ အသင်းပြောင်းဖို့ လွတ်လပ်စွာ စတင်ဆွေးနွေးနိုင်ပြီ ဖြစ်ပြီး ဘာကာနည်းပြဟောင်း ဂွါဒီယိုလာရှိတဲ့ မန်စီးတီးအသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ တခြားအသင်းတွေထက်ပိုပြီး အလေးထားနေပါတယ်။ မက်ဆီကို ခေါ်ဖို့ ကြိုးစားမှုဟာ ကောင်းမွန်တဲ့ကိစ္စလို့ မန်စီးတီး နောက်ခံလူ ကလစ်ချီက လက်ခံထားပေမယ့် ဒီအပြောင်းအရွှေ့ကို မစတင်ခင်မှာ မေးခွန်းများစွာတော့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။  “ရော်နယ်ဒိုက မတူတဲ့ လိဂ် ၃ ခုမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး မက်ဆီကတော့ စပိန်မှာပဲ ရှိနေခဲ့ပါတယ်။ ဒါဆို အရာအားလုံး အောင်နိုင်ခဲ့တဲ့နေရာကနေ ဘာလို့ ထွက်ခွာဖို့ကြိုးစားမှာလဲ” လို့ ကလစ်ချီက မေးခွန်းထုတ်ပါတယ်။  သူ့ရဲ့အရည်အသွေးကြောင့် မက်ဆီဟာ အင်္ဂလန်မှာလည်း အောင်မြင်မှုရရှိနိုင်သူဖြစ်ပြီး တခြား မန်နေဂျာတွေထက် သူ့အကြောင်း ပိုသိတဲ့ ဂွါဒီယိုလာရှိနေခြင်းကလည်း သူ့ကို အောင်မြင်စေပါလိမ့်မယ်လို့ ကလစ်ချီက ပြောပါတယ်။ ဒီအပြောင်းအရွှေ့မှာ စွန့်စားရမယ့်ကိစ္စ ဖြစ်ပြီး မက်ဆီကိုသာ ရရှိခဲ့မယ်ဆိုရင် မန်စီးတီးအသင်းက ပိုကောင်းလာလိမ့်မယ်လို့လည်း ကလစ်ချီက ယုံကြည်နေပါတယ်။ “မန်စီးတီး ပရိသတ်၊ အသင်းဥက္ကဋ္ဌ အပါအဝင် အသင်းနည်းပြကလည်း မက်ဆီကို အလိုရှိနေနိုင်ပြီး ဒါဟာ မှန်ကန်တဲ့အပြောင်းအရွှေ့ ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရပါမယ်။ မက်ဆီဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် ကောင်းမွန်တဲ့အားဖြည့်မှုဖြစ်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်” လို့ ကလစ်ချီက ပြောပါတယ်။ မက်ဆီဟာ သူ ရောက်လာမယ့်အသင်းတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကစားသမား ဖြစ်ပြီး ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းမှာသာ ပြန်လည်ပေါင်းစည်းနိုင်မယ်ဆိုရင် ဂွါဒီယိုလာက သူ့နဲ့ကိုက်ညီမယ့် ကစားကွက်ကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ရဲ့ ရာသီဥတုနဲ့ ပွဲစဉ်ဇယားမှာ မက်ဆီ အဆင်ပြေနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း ကလစ်ချီက ပြောပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မကြာသေးခင်ကမှ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကလည်း မက်ဆီနဲ့ မန်စီးတီးအသင်းတို့ရဲ့ သတင်းတွေကို ပိုပြီး အသံကျယ်လာစေခဲ့ပါတယ်။
5 months Ago

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး နိုင်ငံတကာပွဲစဉ်များအပြီး ပြန်ကစားနိုင်မည်

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီး လေ့ကျင့်ခန်း ပြန်ဆင် နေပါတယ်။  အဂွဲရိုးဟာ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ တံကောက်ကြောဒဏ် ရာ ရရှိခဲ့တာပါ။  အဂွဲရိုးအနေနဲ့ လာမယ့်ရက်ပိုင်းမှာ လေ့ကျင်းခန်ပြန်ဆင်းမှာဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေအဖြစ် ကစားရမယ့် စပါးအသင်းနဲ့ ပွဲမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။  မန်စီးတီးအသင်းဟာ အခုနှစ်ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူးတွေ ဒဏ်ရာရခဲ့လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။  ဂါဘရီယယ် ဂျေဆု ပြန်ကစားနေပြီဖြစ်သလို အဂွဲရိုးလည်း ပြန်ကစားနိုင်တော့မှာ ဖြစ်လို့ နည်းပြ ဂွါဒီယိုလာအတွက် ရွေးချယ်ခွင့်ပိုမိုရရှိလာတော့မှာပါ။  အသက် ၃၂ နှစ်ရှိ အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုးဟာ အခုနှစ်ရာသီမှာ ပရီးမီးယား လိဂ်ပွဲစဉ် ၂ပွဲသာ ကစားရသေးပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ 
5 months Ago

မန်စီးတီးနှင့်ပွဲတွင် လီဗာပူးနောက်ခံလူ အာနိုးလ် ခြေသလုံးဒဏ်ရာရရှိ

လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ မန်စီးတီးနဲ့ ၁ ဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာ ရခဲ့ပါတယ်။  ပွဲချိန် ၆၃ မိနစ်မှာ ဒဏ်ရာကြောင့် ဂျိမ်းမီလ်နာက လူစားလဲပြီး ဝင်ကစားခဲ့ရတာပါ။  အာနိုးလ်ရဲ့ ခြေသလုံးဒဏ်ရာအသေးစိတ်ကို တနင်္လာနေ့မှာ စစ်ဆေးသွားမှာဖြစ်ပြီး အင်္ဂလန် အသင်းလူစာရင်းကနေလည်း နုတ်ထွက်ရဖို့ရှိပါတယ်။ လီဗာပူးအသင်းမှာ အဓိကနောက်ခံလူ ဗန်ဒိုက်လည်း ဒဏ်ရာရရှိနေပြီး နောက်ခံလူနေရာမှာ ကစားနိုင်တဲ့ ဖာဘင်ဟိုကလည်း ဒဏ်ရာရရှိနေတာပါ။  ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေ ရှိနေချိန်မှာ အားထားရတဲ့ အာနိုးလ် ဒဏ်ရာရရှိသွားတာက လီဗာပူးအသင်းအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ သိရပါတယ်။
6 months Ago

ဘောလုံးလောကတွင် မန်စီးတီးနှင့်ရင်ဆိုင်ရမှု အခက်ခဲဆုံးဟု ကလော့ပ် မှတ်ချက်ပြု

မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတာဟာ ကမ္ဘာ့ဘောလုံးလောကမှာ အခက်အခဲဆုံးပွဲ ဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီပွဲဟာ ပရီမီယားလိဂ်ချန်ပီယံဆုကို အဆုံးအဖြတ်ပေးမယ့်ပွဲလို့လည်း မယူဆကြောင်း ကလော့ပ်က ပြောပါတယ်။ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ပြီးခဲ့တဲ့နှစ်တွေမှာ အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးထားပြီး အခုသီတင်းပတ် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။  ဒီပွဲဟာ လီဗာပူးအသင်းအတွက် ချန်ပီယံဆုကို ကာကွယ်ဖို့ အရေးပါတဲ့ပွဲဖြစ်သလို မန်စီးတီးအသင်းအတွက်လည်း ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အမှားမခံတဲ့ပွဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ လက်ရှိနည်းပြတွေ လက်ထက်မှာ အောင်မြင်မှု အသီးသီးရရှိထားတဲ့ နာမည်ကျော် ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။  မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲမှု များစွာပြုလုပ်ထားပြီး အသင်းကို အင်အားဖြည့်တင်းထားပါတယ်။  ကလော့ပ်ကတော့ မန်စီးတီးနဲ့ပွဲဟာ ခက်ခဲမယ်လို့ တွက်ဆထားပြီး ပြီးခဲ့တဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေမှာ လီဗာပူးဘက်က အနည်းငယ်အသာစီး ရရှိထားတယ်ဆိုပေမဲ့ ဒါဟာ လာမယ့်ပွဲအပေါ် သက်ရောက်မှု အများကြီးရှိနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ “အိမ်ကွင်း၊ အဝေးကွင်း ကွာခြားချက်က အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက ရဲရဲရင့်ရင့်နဲ့ အစွမ်းကုန်ကြိုးစားအားထုတ်ရင်း အခွင့်အရေးကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ကစားရတာဟာ ကမ္ဘာ့ဘောလုံးလောကအတွက် အခက်ခဲဆုံးပွဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ကလော့က ဆိုပါတယ်။ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဒီရာသီမှ ပရီးမီးယားလိဂ်မှာ ဗိုလလ်စွဲဖို့ ရေးပန်းအစားဆုံးအသင်း ၂ သင်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဒီနှစ်သင်းတွေ့ဆုံမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ရာသီကုန်မှာ ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးခဲ့ဖူးတာကြောင့် တနင်္ဂနွေနေ့ပွဲဟာ ဒီရာသီ ချန်ပီယံဆုအတွက် သဲလွန်စအကြီးကြီးဖြစ်လာနိုင်တယ်လို့ တချို့သုံးသပ်ပါတယ်။ ဒါပေမဲ့ ကလော့ပ်ကတော့ ဒါကို လက်မခံပါဘူး။  “ဒါဟာ အရမ်းကို ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ၂ သင်းစလုံးအတွက်မျှော်လင့်ချက် ကိုယ်စီ ရှိနေ နိုင်ပြီး ၂ သင်းစလုံးက ရေကုန်ရေခန်းစားသွားကြမှာပါ။ အခုနှစ်ရာသီဟာ ခြားနားချက်တွေ အများကြီးရှိနေပြီးတော့ ပြီးခဲ့တဲ့ရာသီနဲ့ နိုင်းယှဉ်လို့မရပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။
6 months Ago

မန်စီးတီးအသင်းက အိုလံပီယံကော့စ်ကို ၃ ဂိုးပြတ် အနိုင်ရ

မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်စီးတီးအသင်းက အိုလံပီယံကော့စ်အသင်းကို  ၃ ဂိုးပြတ်နဲ့အနိုင်ရရှိသွားပါတယ်။  ဒီပွဲမှာ ဖာဟန်တောရက်စ်က အဖွင့်ဂိုးသွင်းကာ ဂျဆုက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာအိုကန်ဆယ်လိုက တတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာတင် မန်စီးတီးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိတယ်လို့ တိုက်စစ်မှူး ဂါဘရီရယ် ဂျဆုက ပြောပါတယ်။ ဂျဆုဟာ ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း  ၃၉ ပွဲအထိ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာ ၂၂ ရက်မှာ အသင်းအတွက် ဒီရာသီ ပထမဆုံး လိဂ်ဂိုးကို သွင်းယူပေးခဲ့ပြီး အဲဒီအချိန်ကတည်းက အသင်းလူစာရင်းနဲ့  ဝေးကွာခဲ့သူ ဖြစ်ပါတယ်။ “ဂိုးသွင်းပေးနိုင်ခဲ့တာ ကျနော့်အတွက် တကယ်ပဲကောင်းပါတယ်။ ဒဏ်ရာရနေစဉ်ကာလမှာ ကျနော်ဟာ တော်တော်လေး စိတ်ထိခိုက်ခဲ့ရပါတယ်။ ကစားသမားတိုင်းက ကျနော့်လို့ပဲ ဖြစ်ပါမယ်။ အသင်းကို အကူအညီပေးချင်တဲ့အတွက် အမြန်ဆုံး သက်သာလာစေဖို့ ကျနော် ကြိုးစားခဲ့ပါတယ်။ ဒါဟာ အလုပ်ဖြစ်ခဲ့တာကြောင့် ကျနော် အခုလို ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ အသက် ၂၃ နှစ်အရွယ် ဂျဆုက ပြောပါတယ်။  ဒီဘရိုင်းနားရဲ့ ဖန်တီးပေးမှုကနေတဆင့် ဂျဆုက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက်ဒီရာသီ ဒုတိယမြောက်သွင်းဂိုး ဖြစ်ပါတယ်။  ဂိုးဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းကိုလည်း ဂျဆုက ချီးကျူးခဲ့ပြီး ဒီသွင်းဂိုးကသူ့ရဲ့ အဆုံးသတ်စွမ်းရည် တိုးတက်လာတာကိုလည်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဂျဆုဒဏ်ရာကနေ ပြန်လည်သက်သာလာတာဟာ တိုက်စစ်ပိုင်းအားနည်းချက်ရှိနေတဲ့ မန်စီးတီးအသင်းအတွက် အားတက်စရာဖြစ်ပြီး ကစားသမားဟာ တနင်္ဂနွေနေ့ ကစားမယ့် မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ  ပါဝင်ကစားခွင့်ရရှိမယ်လို့ ယူဆရပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး လက်စတာအသင်းကို ရှုံးနိမ့်ကာ ဝက်စ်ဟမ်း၊ လိဒ်ယူနိုက်တက်တို့နဲ့ သရေကျခဲ့ကာ လက်ရှိအချိန်မှာ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိနေပါတယ်။
6 months Ago

ဆားဘီးယားလူငယ်ကြယ်ပွင့် စတီဗန်နိုဗစ်ကို မန်စီးတီးအသင်း ခေါ်ယူ

မန်စီးတီးအသင်းဟာ ပါတီဇန်အသင်းက ဆားဘီးယားလူငယ်ကြယ်ပွင့် စတီဗန်နိုဗစ်ကို   ပေါင် ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။  အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ စတီဗန်နိုဗစ်ကို မန်ယူအသင်း အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရရှိခဲ့တာလို့ သိရပါတယ်။  တောင်ပံတိုက်စစ်ကစားသမား စတီဗန်နိုဗစ်ဟာ ဆားဘီးယားကလပ် ပါတီဇန်ဘဲလ်ဂရိတ်အသင်းအတွက် ၅၃ ပွဲအထိ ကစားထားပြီး ၁၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။  စတီဗန်နိုဗစ်ဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ပြောင်းရွှေ့လာမှာဖြစ် ကြောင်းလည်း ပါတီဇန်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။  အသက်၁၆နှစ်ကတည်းက ပါတီဇန်အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ စတီဗန်နိုဗစ်ကို အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားတဦးအဖြစ် သတ်မှတ်ထားပါတယ်။
6 months Ago
More News
Up