Search Results For: ဂရီတာသန်းဘတ်

ရာသီဥတုအရေး လှုပ်ရှားသူ ဂရီတာသန်းဘတ် ကုလသမဂ္ဂ ရာသီဥတုညီလာခံ တက်ရောက်

ဆွီဒင်နိုင်ငံက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ ဒီဇင်ဘာ ၉ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေး ညီလာခံကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီညီလာခံမှာတော့ သန်းဘတ်ဟာ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ဆွေးနွေးခဲ့တာပါ။ ဒီရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ  သူ့ရဲ့လှုပ်ရှားမှုကို အသုံးချပြီး တခြားသူတွေအကြောင်းကို  သတိပြုမိအောင် လုပ်သွားမယ်လို့ အသက် ၁၆ နှစ်အရွယ် သန်းဘတ်က ပြောခဲ့ပါတယ်။  သန်းဘတ်ဟာ ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ရက်နှစ်ဆယ်ကျော် ခရီးနှင်ပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့က မက်ဒရစ်မြို့ကို ရောက်လာခဲ့တာပါ။  ၂၀၁၈ ခုနှစ် သြဂုတ်လမှာ  သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သန်းဘတ်ရဲ့ လှုပ်ရှားမှုက ကမ္ဘာ့လူငယ်တက်ကြွလှုပ်ရှားသူတွေအပေါ် လွှမ်းမိုးခဲ့ပါတယ်။  လက်ရှိမှာ သန်းဘတ်ရဲ့ Friday for Future လှုပ်ရှားမှုက ကမ္ဘာကြီး ပူနွေးလာမှု လျှော့ချရေး တောင်းဆိုတဲ့ လှုပ်ရှားမှုအဖြစ် တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့သွားခဲ့ပါတယ်။
2 years Ago

ရာသီဥတုအရေး လှုပ်ရှားသူ ဂရီတာသန်းဘတ် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရွက်လွှင့်မည်

ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ရွက်လွှင့်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ခရီးနှင်ဖို့ နိုဝင်ဘာ ၁၂ ရက်နေ့က ကြိုတင်ပြင်ဆင်နေပါတယ်။ မက်ဒရစ်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေး ညီလာခံ (COP25)ကို ဒီဇင်ဘာ ၂ ရက်ကနေ  ၁၃ ရက်အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ဂရီတာသန်းဘတ်ရဲ့ လူမှုမီဒီယာအကောင့်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာတော့ သူဟာ ရွက်လှေတစီးပေါ်မှာ တခြားလူတွေနဲ့အတူ ထိုင်နေတာကို တွေ့ရပါတယ်။ ခရီးစဉ်အရ သန်းဘတ်ဟာ နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဟမ်ပ်တွန်မြို့ကနေ စတင်ထွက်ခွာမှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကို လျင်လျင်မြန်မြန် ဖြေရှင်းကြဖို့ အသိပေး လှုံ့ဆော်တဲ့အနေနဲ့ သန်းဘတ်ဟာ အခုနှစ် သြဂုတ်လကလည်း ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရွက်လွှင့်ခဲ့ပြီး နယူးယောက်မြို့ကို ခရီးနှင်ခဲ့ပါသေးတယ်။  အသက် ၁၆ နှစ်အရွယ် သန်းဘတ်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လကစလို့ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ Friday For Future လှုပ်ရှားမှုက တကမ္ဘာလုံး အတိုင်းအတာအထိ ရိုက်ခတ်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အဆိုပြုခံခဲ့ရပါတယ်။
2 years Ago

ရာသီဥတုပြောင်းလဲမှုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ကျောင်းသူလေး ဂရီတာသန်းဘတ်

ဒီနေ့ခေတ်မှာ ကမ္ဘာကြီး ပူနွေးလာတာနဲ့ ရာသီဥတု ကပ်ဘေးပြဿနာက တကမ္ဘာလုံး အတိုင်းအတာထိ ရိုက်ခတ်နေပါတယ်။  ရာသီဥတု ပြောင်းလဲမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ တယောက်အဖြစ် လူသိများတဲ့ ဆွီဒင်နိုင်ငံက အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အခု သီတင်းပတ်အတွင်း ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ နေရာယူထားခဲ့ပါတယ်။ သူဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ကြဖို့ ၂၀၁၈ ခုနှစ်ကစလို့ အပတ်စဉ် သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ တကိုယ်တော် ဆန္ဒပြ လှုပ်ရှားခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့  Fridays for Future သောကြာနေ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးအထိ ပျံ့နှံခဲ့ပြီး ကမ္ဘာ့မြို့ကြီးတွေမှာလည်း သန်းချီတဲ့လူတွေ ပူးပေါင်းပါဝင်လာကြပါပြီ။ ဂရီတာသန်းဘတ်ဟာ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာပြီး ရာသီဥတု ပြောင်းလဲမှုအခြေအနေကို ထိန်းချုပ်ဟန့်တားဖို့ တာဝန်ပျက်ကွက်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။  “ရှင်တို့က လက်တွေ့မပါတဲ့ စကားတွေနဲ့  ကျမရဲ့ အိမ်မက်တွေ ကျမရဲ့ ကလေးဘဝကို ခိုးယူခဲ့ကြတယ်။ ကျမက အခုထိတော့ ကံကောင်းတဲ့သူတယောက် ဖြစ်နေပေမယ့် လူတွေ ဆင်းရဲဒုက္ခရောက်နေကြရတယ်။ သေကျေနေကြရတယ်။ သဘာဝဂေဟစနစ်ကြီး တခုလုံးလည်း ပျက်ယွင်းနေပြီ။ ကျမတို့ဟာ အင်မတန်ကြီးမားတဲ့ မျိုးတုံးပျောက်ကွယ်မှုရဲ့ အစကို ရောက်နေကြရတယ်။ ဒီလိုအချိန်မှာ ရှင်တို့အားလုံးက ငွေအကြောင်း ပြောနေနိုင်ကြတယ်။ ဒီလိုအချိန်မှာ မတောမသတ်နိုင်တဲ့ စီးပွားရေးတိုးတက်ဖို့ ယုံတမ်းပုံပြင်တွေအကြောင်း ပြောနေနိုင်ကြတယ်။ ဘယ်လိုလုပ် ပြောနိုင်ကြတာလဲ” လို့ ဆွီဒင် ဆယ်ကျော်သက် ရာသီဥတု ပြောင်းလဲမှု တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ်က ပြောပါတယ်။ ဂရီတာသန်းဘတ်ကို ၂၀၀၃ ခုနှစ်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့တာပါ။ မိခင်ဖြစ်သူ အဆိုတော်နဲ့ ဖခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်တို့ မျိုးရိုးကနေ ဆင်းသက်လာတဲ့ သန်းဘတ်ဂ်ဟာ သူ့အသက် ၈ နှစ်အရွယ်မှာ ရာသီဥတု ပြောင်းလဲမှုအကြောင်းကို စကြားဖူးခဲ့တာပါ။ အဲဒီနောက် သန်းဘတ်ဟာ မိသားစုတွင်းမှာ တအိမ်ထောင်သုံး မီးခိုးထွက်နှုန်းလျော့ချဖို့ သက်သတ်လွတ် စားဖို့နဲ့ လေကြောင်းခရီးမသွားဖို့ မိဘတွေကို စတင်တိုက်တွန်းခဲ့ပါတယ်။ ဆွီဒင်နိုင်ငံတလွှား အပူလှိုင်းတွေ မြင့်တက်ပြီး တောမီးတွေ လောင်ခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာတော့ ဂရီတာ သန်းဘတ်ဟာ ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော် အဆောက်အအုံရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ ဒါဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် သူ့ရဲ့ ပထမဆုံး ခြေလှမ်းတခုပါ။ သန်းဘတ်ရဲ့ ဖခင်ကတော့ သမီးဖြစ်သူ ကျောင်းပျက်တာကို မကြိုက်ပေမယ့် သူ့ရဲ့ ရပ်တည်ချက်ကိုတော့ အလေးထားတယ်လို့ ပြောခဲ့ပါတယ်။  သန်းဘတ်ဟာ သူရဲ့ ဆန္ဒပြလှုပ်ရှားမှု ဓာတ်ပုံတွေကို အင်စတာဂရမ်၊ တွစ်တာ စတဲ့ လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့တာကြောင့်လည်း သူ့ရဲ့လှုပ်ရှားမှုတွေက လျင်လျင်မြန်မြန် ထိထိရောက်ရောက်  ပျံ့နှံ့ခဲ့တာပါ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇၀ ကျော်က ကျောင်းသားပေါင်း နှစ်သောင်းကျော်က ပါဝင်ဆင်နွှဲနေကြပါပြီ။  ဂရီတာ သန်းဘတ်က “ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ မနေ့က တကမ္ဘာလုံးမှာ သန်းချီတဲ့လူတွေ ချီတက် တောင်းဆိုခဲ့ကြတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ ဒီလှုပ်ရှားမှုက ကျမတို့တွေ စည်းလုံးညီညွတ်ကြတယ် ဆိုတာနဲ့ လူငယ်တွေကို ဟန့်တားလို့ မရနိုင်ဘူး ဆိုတာ သက်သေပြနေတာပဲ”လို့ ပြောပါတယ်။   နိုင်ငံရေးသမားတွေအနေနဲ့ ရာသီဥတု ကပ်ဘေးတွေကို အရေးယူ လုပ်ဆောင်ဖို့ တာဝန် ပျက်ကွက်တာကိုလည်း သန်းဘတ်က  ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Fridays for Future သောကြာနေ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ခတ်ခဲ့တာနဲ့အတူ သန်းဘတ်ကိုလည်း နိုင်ငံတကာက စိတ်ဝင်စားလာကြပြီး ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ ဖိုရမ်တွေအထိ ဖိတ်ကြားခံခဲ့ရပါတယ်။ နိုင်ငံတကာ ဖိုရမ်တွေကို တက်ရောက်လာတဲ့အခါမှာလည်း သန်းဘတ်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချဖို့၊ ကာဗွန် ထုတ်လွှတ်မှုတွေေ လျှော့ချဖို့ စတဲ့အချက်တွေကို ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။  “ကျမ ပြောတဲ့ စကားကို နားမထောင်စေချင်ဘူး။ သိပ္ပံပညာရှင်တွေ ပြောတာကို နားထောင်စေချင်တယ်။ ပြီးတော့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး တကယ်လက်တွေ့ အရေးယူ ဆောင်ရွက်ပေးစေချင်တယ်” ဂရီတာ သန်းဘတ်က ပြောပါတယ်။ သန်းဘတ်ဟာ ဗာတီကန်မြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ လှုပ်ရှားမှုတွေအကြောင်း သတင်းပါးခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။  စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ရာသီဥတုဆိုင်ရာ ဆပ်ကော်မတီမှာလည်း ရာသီဥတု ‌ပြောင်းလဲမှုကို ဘယ်လို အရေးယူ ဆောင်ရွက်သင့်တယ်ဆိုတာကို အကြံပြုခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က သန်းဘတ်နဲ့ သူ ဦးဆောင်တဲ့ Fridays for Future လှုပ်ရှားမှုကို ၂၀၁၉ ခုနှစ်အတွက် အသိတရား သံတမန်ဆု ချီးမြှင့်ခဲ့ပါသေးတယ်။ “ဒီဆုက Fridays for Future လှုပ်ရှားမှုကို အတူတကွ လုပ်ခဲ့ကြတဲ့ တကမ္ဘာလုံးက သန်းချီတဲ့ လူတွေ၊ လူငယ်တွေ အားလုံးအတွက် ဖြစ်တယ်။ ကျမတို့ရဲ့ ဘဝတွေအတွက် ကျမတို့ တိုက်ပွဲဝင်ကြတယ်။ ဒါတင်မကပါဘူး၊ အနာဂတ် ကလေးငယ်တွေအတွက် ကျမတို့ တိုက်ပွဲဝင်နေကြတာပါ” လို့ ဆွီဒင် ဆယ်ကျော်သက် ဂရီတာ သန်းဘတ်က ပြောပါတယ်။ အခုလအစောပိုင်းတော့ သူဟာ ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရွက်လွှင့်ခဲ့ပြီး နယူးယောက်မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကို လျင်လျင်မြန်မြန် ဖြေရှင်းကြဖို့ အသိပေး လှုံ့ဆော်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်လာချိန်မှာပဲ သန်းဘတ်ဟာ နယူးယောက်မြို့ ရာသီဥတု ပြောင်းလဲမှု လူထုစုဝေးပွဲကို ဦးဆောင်ချီတက်ခဲ့ပါသေးတယ်။  စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုမှာ  နယူးယောက်မြို့က ထောင်ချီတဲ့ လူငယ်၊ လူကြီးတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ သောကြာနေ့မှာပဲ အမေရိကန်သာမက ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ရုရှား၊  ဗြိတိန်၊ ထိုင်း၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယ စတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ လူငယ်တွေ ဦးဆောင်တဲ့ Fridays for Future ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ချီတက်ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့ပြီး တကမ္ဘာလုံး အတိုင်းအတာထိ ပါဝင်တဲ့ လှုပ်ရှားမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သန်းဘတ်ဟာ ၂၀၁၉ ခုနှစ် မေလမှာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပြီး မျိုးဆက်သစ်ခေါင်းဆောင်တယောက်လို့ ကင်ပွန်းတပ် ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်လည်း အမည်စာရင်း တင်သွင်းခံထားရပါသေးတယ်။ ၂၀၁၉ နှစ်ကုန်မှာ ချီးမြှင့်မယ့် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့မယ်ဆိုရင်တော့ သန်းဘတ်ဟာ ဒီဆုကို ချီးမြှင့်ခံရတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းမှတ်တိုင်တခု စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။ ဆုမွန်ဖြိုး Ref: Reuters, Photo : Time ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရာသီဥတုေျပာင္းလဲမႈအေရး တက္ႂကြလႈပ္ရွားသူ ဆြီဒင္ေက်ာင္းသူေလး ဂရီတာသန္းဘတ္ ဒီေန႔ေခတ္မွာ ကမာၻႀကီး ပူေႏြးလာတာနဲ႔ ရာသီဥတု ကပ္ေဘးျပႆနာက တကမာၻလုံး အတိုင္းအတာထိ ႐ိုက္ခတ္ေနပါတယ္။ ရာသီဥတု ေျပာင္းလဲမႈ ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူ တေယာက္အျဖစ္ လူသိမ်ားတဲ့ ဆြီဒင္ႏိုင္ငံက အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသူေလး ဂရီတာသန္းဘတ္ဟာ အခု သီတင္းပတ္အတြင္း ကမာၻ႔သတင္းစာမ်က္ႏွာေတြမွာ ေနရာယူထားခဲ့ပါတယ္။ သူဟာ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ၾကဖို႔ ၂၀၁၈ ခုႏွစ္ကစလို႔ အပတ္စဥ္ ေသာၾကာေန႔တိုင္း ေက်ာင္းမတက္ဘဲ တကိုယ္ေတာ္ ဆႏၵျပ လႈပ္ရွားခဲ့တာပါ။ အခုဆိုရင္ သူ႔ရဲ႕  Fridays for Future ေသာၾကာေန႔ လႈပ္ရွားမႈဟာ တကမာၻလုံးအထိ ပ်ံ႕ႏွံခဲ့ၿပီး ကမာၻ႔ၿမိဳ႕ႀကီးေတြမွာလည္း သန္းခ်ီတဲ့လူေတြ ပူးေပါင္းပါဝင္လာၾကပါၿပီ။ ဂရီတာသန္းဘတ္ဟာ စက္တင္ဘာ ၂၃ ရက္ေန႔က နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္လာၿပီး ရာသီဥတု ေျပာင္းလဲမႈအေျခအေနကို ထိန္းခ်ဳပ္ဟန႔္တားဖို႔ တာဝန္ပ်က္ကြက္တယ္လို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို ျပစ္တင္ ေျပာဆိုခဲ့ပါတယ္။ “ရွင္တို႔က လက္ေတြ႕မပါတဲ့ စကားေတြနဲ႔  က်မရဲ႕ အိမ္မက္ေတြ က်မရဲ႕ ကေလးဘဝကို ခိုးယူခဲ့ၾကတယ္။ က်မက အခုထိေတာ့ ကံေကာင္းတဲ့သူတေယာက္ ျဖစ္ေနေပမယ့္ လူေတြ ဆင္းရဲဒုကၡေရာက္ေနၾကရတယ္။ ေသေက်ေနၾကရတယ္။ သဘာဝေဂဟစနစ္ႀကီး တခုလုံးလည္း ပ်က္ယြင္းေနၿပီ။ က်မတို႔ဟာ အင္မတန္ႀကီးမားတဲ့ မ်ိဳးတုံးေပ်ာက္ကြယ္မႈရဲ႕ အစကို ေရာက္ေနၾကရတယ္။ ဒီလိုအခ်ိန္မွာ ရွင္တို႔အားလုံးက ေငြအေၾကာင္း ေျပာေနႏိုင္ၾကတယ္။ ဒီလိုအခ်ိန္မွာ မေတာမသတ္ႏိုင္တဲ့ စီးပြားေရးတိုးတက္ဖို႔ ယုံတမ္းပုံျပင္ေတြအေၾကာင္း ေျပာေနႏိုင္ၾကတယ္။ ဘယ္လိုလုပ္ ေျပာႏိုင္ၾကတာလဲ” လို႔ ဆြီဒင္ ဆယ္ေက်ာ္သက္ ရာသီဥတု ေျပာင္းလဲမႈ တက္ႂကြလႈပ္ရွားသူ ဂရီတာသန္းဘတ္က ေျပာပါတယ္။ ဂရီတာသန္းဘတ္ကို ၂၀၀၃ ခုႏွစ္က ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ ေမြးဖြားခဲ့တာပါ။ မိခင္ျဖစ္သူ အဆိုေတာ္နဲ႔ ဖခင္ျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္တို႔ မ်ိဳး႐ိုးကေန ဆင္းသက္လာတဲ့ သန္းဘတ္ဂ္ဟာ သူ႔အသက္ ၈ ႏွစ္အ႐ြယ္မွာ ရာသီဥတု ေျပာင္းလဲမႈအေၾကာင္းကို စၾကားဖူးခဲ့တာပါ။ အဲဒီေနာက္ သန္းဘတ္ဟာ မိသားစုတြင္းမွာ တအိမ္ေထာင္သုံး မီးခိုးထြက္ႏႈန္းေလ်ာ့ခ်ဖို႔ သက္သတ္လြတ္ စားဖို႔နဲ႔ ေလေၾကာင္းခရီးမသြားဖို႔ မိဘေတြကို စတင္တိုက္တြန္းခဲ့ပါတယ္။ ဆြီဒင္ႏိုင္ငံတလႊား အပူလႈိင္းေတြ ျမင့္တက္ၿပီး ေတာမီးေတြ ေလာင္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာေတာ့ ဂရီတာ သန္းဘတ္ဟာ ေက်ာင္းမတက္ဘဲ ဆြီဒင္လႊတ္ေတာ္ အေဆာက္အအုံေရွ႕မွာ တကိုယ္ေတာ္ ဆႏၵျပခဲ့ပါတယ္။ ဒါဟာ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ သူ႔ရဲ႕ ပထမဆုံး ေျခလွမ္းတခုပါ။ သန္းဘတ္ရဲ႕ ဖခင္ကေတာ့ သမီးျဖစ္သူ ေက်ာင္းပ်က္တာကို မႀကိဳက္ေပမယ့္ သူ႔ရဲ႕ ရပ္တည္ခ်က္ကိုေတာ့ အေလးထားတယ္လို႔ ေျပာခဲ့ပါတယ္။ သန္းဘတ္ဟာ သူရဲ႕ ဆႏၵျပလႈပ္ရွားမႈ ဓာတ္ပုံေတြကို အင္စတာဂရမ္၊ တြစ္တာ စတဲ့ လူမႈမီဒီယာေတြမွာ ေဖာ္ျပခဲ့တာေၾကာင့္လည္း သူ႔ရဲ႕လႈပ္ရွားမႈေတြက လ်င္လ်င္ျမန္ျမန္ ထိထိေရာက္ေရာက္  ပ်ံ႕ႏွံ႔ခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး လႈပ္ရွားမႈမွာ ကမာၻ႔ႏိုင္ငံေပါင္း ၂၇၀ ေက်ာ္က ေက်ာင္းသားေပါင္း ႏွစ္ေသာင္းေက်ာ္က ပါဝင္ဆင္ႏႊဲေနၾကပါၿပီ။ ဂရီတာ သန္းဘတ္က “ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး စစ္မွန္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ဖို႔ မေန႔က တကမာၻလုံးမွာ သန္းခ်ီတဲ့လူေတြ ခ်ီတက္ ေတာင္းဆိုခဲ့ၾကတယ္။ အထူးသျဖင့္ လူငယ္ေတြေပါ့။ ဒီလႈပ္ရွားမႈက က်မတို႔ေတြ စည္းလုံးညီၫြတ္ၾကတယ္ ဆိုတာနဲ႔ လူငယ္ေတြကို ဟန႔္တားလို႔ မရႏိုင္ဘူး ဆိုတာ သက္ေသျပေနတာပဲ”လို႔ ေျပာပါတယ္။ ႏိုင္ငံေရးသမားေတြအေနနဲ႔ ရာသီဥတု ကပ္ေဘးေတြကို အေရးယူ လုပ္ေဆာင္ဖို႔ တာဝန္ ပ်က္ကြက္တာကိုလည္း သန္းဘတ္က  ဆန႔္က်င္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Fridays for Future ေသာၾကာေန႔ လႈပ္ရွားမႈဟာ တကမာၻလုံးကို က်ယ္က်ယ္ျပန႔္ျပန႔္ လႈပ္ခတ္ခဲ့တာနဲ႔အတူ သန္းဘတ္ကိုလည္း ႏိုင္ငံတကာက စိတ္ဝင္စားလာၾကၿပီး ကုလသမဂၢနဲ႔ ဥေရာပသမဂၢ ဖိုရမ္ေတြအထိ ဖိတ္ၾကားခံခဲ့ရပါတယ္။ ႏိုင္ငံတကာ ဖိုရမ္ေတြကို တက္ေရာက္လာတဲ့အခါမွာလည္း သန္းဘတ္ဟာ ကမာၻႀကီး ပူေႏြးလာမႈကို ေလွ်ာ့ခ်ဖို႔၊ ကာဗြန္ ထုတ္လႊတ္မႈေတြေ ေလွ်ာ့ခ်ဖို႔ စတဲ့အခ်က္ေတြကို ထပ္တလဲလဲ ေတာင္းဆိုခဲ့ပါတယ္။ “က်မ ေျပာတဲ့ စကားကို နားမေထာင္ေစခ်င္ဘူး။ သိပၸံပညာရွင္ေတြ ေျပာတာကို နားေထာင္ေစခ်င္တယ္။ ၿပီးေတာ့ ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး တကယ္လက္ေတြ႕ အေရးယူ ေဆာင္႐ြက္ေပးေစခ်င္တယ္” ဂရီတာ သန္းဘတ္က ေျပာပါတယ္။ သန္းဘတ္ဟာ ဗာတီကန္ၿမိဳ႕မွာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္နဲ႔ ေတြ႕ဆုံၿပီး သူ႔ရဲ႕ လႈပ္ရွားမႈေတြအေၾကာင္း သတင္းပါးခဲ့သလို ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ သမၼတေဟာင္း ဘားရက္ အိုဘားမားနဲ႔လည္း ေတြ႕ဆုံခဲ့ပါေသးတယ္။ စက္တင္ဘာ ၁၈ ရက္ေန႔မွာေတာ့ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီရဲ႕ ရာသီဥတုဆိုင္ရာ ဆပ္ေကာ္မတီမွာလည္း ရာသီဥတု ‌ေျပာင္းလဲမႈကို ဘယ္လို အေရးယူ ေဆာင္႐ြက္သင့္တယ္ဆိုတာကို အႀကံျပဳခဲ့ပါတယ္။ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ Amnesty International က သန္းဘတ္နဲ႔ သူ ဦးေဆာင္တဲ့ Fridays for Future လႈပ္ရွားမႈကို ၂၀၁၉ ခုႏွစ္အတြက္ အသိတရား သံတမန္ဆု ခ်ီးျမႇင့္ခဲ့ပါေသးတယ္။ “ဒီဆုက Fridays for Future လႈပ္ရွားမႈကို အတူတကြ လုပ္ခဲ့ၾကတဲ့ တကမာၻလုံးက သန္းခ်ီတဲ့ လူေတြ၊ လူငယ္ေတြ အားလုံးအတြက္ ျဖစ္တယ္။ က်မတို႔ရဲ႕ ဘဝေတြအတြက္ က်မတို႔ တိုက္ပြဲဝင္ၾကတယ္။ ဒါတင္မကပါဘူး၊ အနာဂတ္ ကေလးငယ္ေတြအတြက္ က်မတို႔ တိုက္ပြဲဝင္ေနၾကတာပါ” လို႔ ဆြီဒင္ ဆယ္ေက်ာ္သက္ ဂရီတာ သန္းဘတ္က ေျပာပါတယ္။ အခုလအေစာပိုင္းေတာ့ သူဟာ ကာဗြန္ဓာတ္ေငြ႕ကင္းတဲ့ ႐ြက္ေလွတစင္းနဲ႔ အတၱလႏၲိတ္ သမုဒၵရာထဲမွာ ႐ြက္လႊင့္ခဲ့ၿပီး နယူးေယာက္ၿမိဳ႕ကို ေရာက္လာခဲ့ပါတယ္။ အဲဒီခရီးစဥ္ဟာ ကမာၻႀကီး ပူေႏြးလာမႈကို လ်င္လ်င္ျမန္ျမန္ ေျဖရွင္းၾကဖို႔ အသိေပး လႈံ႕ေဆာ္တဲ့ လႈပ္ရွားမႈလည္း ျဖစ္ပါတယ္။ အေမရိကန္ကို ေရာက္လာခ်ိန္မွာပဲ သန္းဘတ္ဟာ နယူးေယာက္ၿမိဳ႕ ရာသီဥတု ေျပာင္းလဲမႈ လူထုစုေဝးပြဲကို ဦးေဆာင္ခ်ီတက္ခဲ့ပါေသးတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔မွာ ျပဳလုပ္တဲ့ အဲဒီလႈပ္ရွားမႈမွာ  နယူးေယာက္ၿမိဳ႕က ေထာင္ခ်ီတဲ့ လူငယ္၊ လူႀကီးေတြ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔ ေသာၾကာေန႔မွာပဲ အေမရိကန္သာမက ဘရာဇီး၊ ျပင္သစ္၊ ဂ်ာမနီ၊ ပိုလန္၊ ႐ုရွား၊  ၿဗိတိန္၊ ထိုင္း၊ ေတာင္ကိုရီးယား၊ အင္ဒိုနီးရွားနဲ႔ အိႏၵိယ စတဲ့ ကမာၻ႔ႏိုင္ငံေတြမွာ လူငယ္ေတြ ဦးေဆာင္တဲ့ Fridays for Future ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး ခ်ီတက္ဆႏၵျပပြဲ ေပၚေပါက္လာခဲ့ၿပီး တကမာၻလုံး အတိုင္းအတာထိ ပါဝင္တဲ့ လႈပ္ရွားမႈႀကီးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ သန္းဘတ္ဟာ ၂၀၁၉ ခုႏွစ္ ေမလမွာ ကမာၻေက်ာ္ တိုင္းမ္မဂၢဇင္းရဲ႕ မ်က္ႏွာဖုံးမွာ ေဖာ္ျပခံခဲ့ရၿပီး မ်ိဳးဆက္သစ္ေခါင္းေဆာင္တေယာက္လို႔ ကင္ပြန္းတပ္ ဂုဏ္ျပဳခံခဲ့ရပါတယ္။ ဒါ့အျပင္ သူဟာ အခုႏွစ္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္လည္း အမည္စာရင္း တင္သြင္းခံထားရပါေသးတယ္။ ၂၀၁၉ ႏွစ္ကုန္မွာ ခ်ီးျမႇင့္မယ့္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုကို ရခဲ့မယ္ဆိုရင္ေတာ့ သန္းဘတ္ဟာ ဒီဆုကို ခ်ီးျမႇင့္ခံရတဲ့ အသက္အငယ္ဆုံးပုဂၢိဳလ္အျဖစ္ သမိုင္းမွတ္တိုင္တခု စိုက္ထူႏိုင္မွာ ျဖစ္ပါတယ္။ ဆုမြန္ၿဖိဳး Ref: Reuters, Photo : Time
2 years Ago

ဆွီဒင်ဆယ်ကျော်သက် ဦးဆောင်သည့် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဘရပ်ဆဲလ်တွင် ကျင်းပ

ဆွီဒင်ဆယ်ကျော်သက် ဂရီတာသန်းဘတ် ဦးဆောင်တဲ့ ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲကို မတ်လ ၆ ရက်က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။    ရာသီဥတုဆိုင်ရာ ဥရောပသမဂ္ဂ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၅၀ အချိန် သတ်မှတ်ချက်ကို သန်းဘတ်က ဝေဖန်ပြောကြားပြီး နောက်တနေ့မှာ ချီတက်ပွဲကို လုပ်ခဲ့တာပါ။   ဆန္ဒပြသူတွေက ဘရပ်ဆဲလ် ဘူတာကြီးအပြင်ဘက်မှာ စုဝေးပြီး ဥရောပသမဂ္ဂ EU နဲ့ ဥရောပကောင်စီ တည်ရှိရာ ဥရောပရပ်ကွက်ဆီ ချီတက်ခဲ့ပါတယ်။  အဲဒီမှာ သန်းဘတ်က အီးယူတာဝန်ရှိသူတွေကို  “ကိုယ်ရဲ့ အရှုပ်ထုပ်ကို တခြားလူ လာရှင်းပေးဖို့ မထားခဲ့ပါနဲ့” ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။  သန်းဘတ်က ဥရောပရဲ့ ရာသီဥတုဆိုင်ရာဥပဒေဟာ လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့ နောက်ထပ်နှစ်ချီပြီး ထပ်စောင့်ရမယ်လို့ ပြောပါတယ်။   သူက အချိန်ဟာ အခုကမ္ဘာ့လူသားတွေမှာ ရှိမနေတဲ့ အဖိုးတန်အရာမို့ ရာသီဥတုဘေး ကျရောက်ချိန်မှာ အဲဒီလို လုပ်ဆောင်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။  ချီတက်ပွဲမှာ လူ ၃၄၀၀ ကျော် ပါဝင်ခဲ့ပြီး အတော်များများက ကျောင်းပြေးပြီး သန်းဘတ်ရဲ့ ချီတက်ပွဲမှာ လာရောက်ပူးပေါင်းကြတဲ့ ကျောင်းသားလူငယ်တွေ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago

ဆယ်ကျော်သက်အရွယ် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ၁ ဦး ထပ်မံပေါ်ထွက်လာ 

ဆွီဒင်က ဂရီတာသန်းဘတ်လိုပဲ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှား တောင်းဆိုသူ ဆယ်ကျော်သက် တဦး ထပ်တိုးလာပါတယ်။ သူဟာ အသက် ဆယ်နှစ်အရွယ် ဖရန်စ္စကို ဂျေဗီအာ ဗီရာဖြစ်ပြီး ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမှာ သူဦးဆောင်တဲ့ အရွယ်တူကလေး တဒါဇင်လောက်နဲ့ ဖွဲ့စည်းထားတဲ့ Guardians of Life လှုပ်ရှားမှုကနေ  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တောင်းဆိုမှုတွေ လုပ်နေတာပါ။ ဒီအဖွဲ့ကနေ လူငယ်တွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေ ပိုမိုရရှိစေဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ စစ်မှန်တဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ဖွဲ့စည်းဖြစ်တာပါလို့ အဖွဲ့ခေါင်းဆောင် ဗီရာက ပြောပါတယ်။ “သက်ရှိတွေ တည်ရှိတဲ့ ဂြိုဟ်ဟာ စကြဝဠာထဲမှာ ကမ္ဘာဂြိုဟ်တခုတည်း ရှိတာဖြစ်လို့ ဒီကမ္ဘာကြီး ပျက်သွားရင် အသက်တွေလည်း ပျက်စီးကုန်မှာဖြစ်ပြီး ကျနော်တို့ ဒီကမ္ဘာကြီးကို ကူညီစောင့်ရှောက်ဖို့၊ ချစ်ခင်ဖို့ လိုပါတယ်” လို့ ဗီရာက ပြောပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ ဆီးနိတ်လွှတ်တော်မှာ ဥပဒေပြုအမတ်တွေဘေးကနေ မိုက်ကရိုဖုန်းကို ကိုင်ပြီး ကမ္ဘာမြေကြီးပေါ်က အသက်တွေ ဘဝတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အမတ်တွေကို တောင်းဆိုနေတဲ့ ဆယ်နှစ်သားလေး ဗီရာရဲ့ပုံကို သတင်းခေါင်းစဉ်တွေမှာ ဝေဝေဆာဆာ မြင်တွေ့လာရပါတယ်။ ကမ္ဘာအနှံ့အပြားမှာ လူငယ်တွေဟာ ရာသီဥတုပြောင်းလဲမှုအပေါ် ပိုမိုကောင်းမွန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို တောင်းဆိုလာကြပြီး ကမ္ဘာမြေကြီးကို ခြိမ်းခြောက်လာတဲ့ အပူချိန်တွေ မြင့်တက်လာတဲ့ အန္တရာယ်ကို သတိပြုမိစေကြဖို့ လှုပ်ရှား ဆန္ဒပြနေကြတာပါ။  သောကြာနေ့တိုင်း ဆန္ဒပြတဲ့ ဆွီဒင်က ဂရီတာသန်းဘတ်တို့လို ကလေးသူငယ် တက်ကြွလှုပ်ရှားသူတွေထဲမှာ ကိုလံဘီယာက ဆယ်နှစ်သားလေး ဗီရာဟာလည်း ခုနောက်ဆုံး ထပ်တိုးလာတဲ့ လှုပ်ရှားသူ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို ဖယ်ရှားဖို့ ၂၀၃၀ မှာ မကြုံစဖူး ဆောင်ရွက်ချက်ကို လုပ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂအစီရင်ခံစာမှာ သတိပေး ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ COP 25 ဆွေးနွေးပွဲတွေမှာတော့ ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်မယ့် အားထုတ်ကြိုးပမ်းမှုတွေမှာတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။
2 years Ago

ရာသီဥတုအရေးလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် Person of the Year အဖြစ်ဖော်ပြခံရ

ဆွီဒင်နိုင်ငံက ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူလေး ဂရီတာသန်းဘတ်ကို ၂၀၁၉ ခုနှစ်အတွက် Person of the Year အဖြစ် တိုင်းမ်မဂ္ဂဇင်းက ဒီဇင်ဘာ ၁၁ရက်မှာ ဖော်ပြခဲ့ပါတယ်။  ၂၀၂၀ ဇန်နဝါရီလမှာ အသက် ၁၇ နှစ်ပြည့်မယ့် သန်းဘတ်ဟာ ကမ္ဘာ့ရာသီဥတု ကပ်ဘေးပြဿနာကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို ရာသီဥတုအရေးနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ နိုင်ငံရေးသမားတွေကို ဆန့်ကျင်လှုပ်ရှားမှုမှာလည်း တကမ္ဘာလုံးက သန်းချီတဲ့လူငယ်တွေ ပါဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ  သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်း လဲမှုကို အရေးယူဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သန်းဘတ်ရဲ့ Friday for Future လှုပ်ရှားမှုက တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့သွားခဲ့တာပါ။  လွန်ခဲ့တဲ့ ၁၆ လကတည်းက သန်းဘတ်ဟာ ကုလသမဂ္ဂညီလာခံတွေမှာ ရာသီဥတု ဆိုင်ရာမိန့်ခွန်းတွေ ပြောကြားခဲ့တာပါ။  ပုပ်ရဟန်းမင်းကြီး၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်မှာ လူပေါင်း ၄ သန်း ပါဝင်လာအောင် သြဇာလွှမ်းမိုးမှုရှိခဲ့တယ်။  အဲဒီသပိတ်ဟာ လူသားတွေရဲ့သမိုင်းမှာ အကြီးမားဆုံး ရာသီဥတုအရေးဆန္ဒပြမှု ဖြစ်တယ်လို့ တိုင်းမ်မဂ္ဂဇင်းက ပြောပါတယ်။  ဂရီတာသန်းဘတ်ဟာ ဒီဇင်ဘာ ၉ ရက်ကလည်း စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြု လုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေးညီလာခံကို တက်ရောက်လာပြီး ရာသီဥတု အရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေဟာ အခုချိန်ထိ မလှုပ်မယှက် ငြိမ်နေကြတယ်လို့ ပြောခဲ့ပါတယ်။ 
2 years Ago

စပိန် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲ ဆွီဒင်ဆယ်ကျော်သက် ပူးပေါင်း

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပနေတဲ့  ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ COP25 ကို ဒီဇင်ဘာလ ၆ ရက်နေ့က  ဆွီဒင်ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘတ် လာရောက်ခဲ့ပါတယ်။   ဂရီတာဟာ  အဲဒီထိပ်သီးဆွေးနွေးပွဲကို လျှပ်စစ်မော်တော်ကားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး သူဟာ ကမ္ဘာကြီးပူနွေးမှုနဲ့ ပတ်သက်လို့ အရေးတယူ ဆောင်ရွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲကို  ဦးဆောင်သွားမှာပါ။  အသက် ၁၆ နှစ်အရွယ် သူဟာ ပေါ်တူဂီနိုင်ငံ လစ်ဘွန်းမြို့ကနေ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို   ၁၀ နာရီကြာ ရထားစီးပြီး ရောက်လာခဲ့တာပါ။ ဂရီတာရဲ့ ခရီးစဉ်ကို သတင်းယူဖို့အတွက် ကမ္ဘာအနှံ့က ဂျာနယ်လစ် အယောက် ၃၀ ခန့်ဟာ သူနဲ့အတူ ခရီးစဉ်မှာ လိုက်ပါလာပါတယ်။ ဂရီတာ လိုက်ပါလာတဲ့ ရထားဟာ ဒီဇယ်အင်ဂျင်စွမ်းအင်ကို အသုံးပြုတာမို့ သူ့ခရီးစဉ်ဟာ လုံးလုံးလျားလျား ကာဗွန်ကင်းစင်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ဂရီတာဟာ ဘူတာရုံကနေ အနီရောင် လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားကို  စီးလာခဲ့ပါတယ်။  မက်ဒရစ်မြို့မှာ ပြုလုပ်မယ့် ရာသီဥတုဆိုင်ရာ ချီတက်ဆန္ဒပြပွဲကို ဂရီတာက  ဝင်ရောက်ပူးပေါင်းပြီး လူထုစည်းဝေးပွဲမှာ မိန့်ခွန်းပြောသွားမှာ ဖြစ်ပါတယ်။
2 years Ago

ရာသီဥတုအရေး လှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူ ရွက်လှေ ပေါ်တူဂီရောက်ရှိ

ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အတလန္တိတ်သမုဒ္ဒရာကို ရွက်လှေတစင်းနဲ့ ၂၁ ရက်ကြာ ဖြတ်ကျော်ပြီးနောက် ဒီဇင်ဘာ ၃ ရက်နေ့က ပေါ်တူဂီနိုင်ငံကို ရောက်လာခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် သန်းဘတ်ဟာ လေယာဉ်စီးဖို့ ငြင်းပယ်ပြီး ကာဗွန်ဓာတ်ငွေ့ ကင်းစင်တဲ့ ရွက်လှေစီး ခရီးနှင်တာက သူ့ရဲ့ ရာသီဥတုပြောင်းလဲမှုအရေး လှုံ့ဆော်မှုတွေထဲက တခုပါ။ ရာသီဥတု ပြောင်းလဲမှုအရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရဲ့ လှုပ်ရှားမှု နှောင့်နှေးနေတဲ့အပေါ် ကမ္ဘာ့လူငယ်တွေရဲ့ မကျေနပ်ချက်ကို သန်းဘတ်က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံမှာ ဖွင့်ဟသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သန်းဘတ်ဟာ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံ COP25 ကျင်းပတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ဦးတည်ရွက်လွှင့်လာတဲ့ ခရီးလမ်းမှာ ပေါ်တူဂီနိုင်ငံမှာ တထောက်ဝင်နားလာခဲ့တာပါ။ ပေါ်တူဂီ ဆိပ်ကမ်းကနေ ဆင်းလာတဲ့ သန်းဘတ်က အနာဂတ်မျိုးဆက်သစ်တွေ ရှင်တို့ကို စောင့်ကြည့်နေတယ်လို့ နိုင်ငံရေးသမားတွေကို သတင်းစကားပါးခဲ့ပါသေးတယ်။  သန်းဘတ်ဟာ ပေါ်တူဂီနိုင်ငံ လက်စ်ဘွန်းမြို့မှာ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီးမှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ သန်းဘတ်ဟာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ သောကြာနေ့ လှုပ်ရှားမှုက တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံသွားခဲ့တာပါ။ အဲဒီနောက် ၂၀၁၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံရဖို့လည်း နာမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။
2 years Ago
Up