DVB Logo
Home
မြန်မာသတင်း
အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့စီးနင်း
DVB
·
March 10, 2015
အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့စီးနင်း
Donate to DVB

လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့နေရာ ကနေ ထွက်ပြေးလာတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ၀င်ရောက်ပုန်းခိုနေတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ခုမွန်းလွဲပိုင်းမှာ ၀င်ရောက်ပိတ်ဆို့စီးနင်းလိုက်ပါတယ်။

ဘုန်းကြီးကျောင်းတွင်းခိုလှုံနေတဲ့ ကျောင်းသားသပိတ်ဝန်းရံ သံဃာတော် ဦးအာလောက ‘“ အခြေအနေကတော့ အကြမ်းဖက်နှိမ်နင်းတာပဲဗျ ။ သေနတ်တွေနဲ့ ကျောင်းထဲဝင်စီးပြီးတော့ ဖမ်းနေတယ်၊ အကုန်လုံးအကုန်လုံး။ သူတို့အဖမ်းတော့ခံရတော့မှာပေါ့ တအားဝိုင်းထားတာ အထပ်ထပ်ဝိုင်းထားတာ’ လို့မိန့်ပါတယ်။

လက်ပံတန်းမှာ ရန်ကုန်ကို သွားဖို့ကြိုးစားတဲ့ သပိတ်မှာက်ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ရဲလုံခြုံရေးတွေအကြား တဖက်နဲ့တဖက် ထိပ်တိုက်တွေ့ပြီးနောက် ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုးခွင်းခံခဲ့ရတာဖြစ်ပါတယ်။

ပင်မစစ်ကြောင်းကို ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ၀န်းရံသံဃာတော် ဦးဥတ္တမက မိန့်ပါတယ်။
‘ ရိုက်ကုန်ပြီ မင်းသွေးသစ်ရယ် အောင်မှိုင်းဆန်းတို့ဘာတို့ ဖမ်းပြီးခေါ်သွားပြီ တွန်းရင်းတွန်းရင်းနဲ့ ၀ိုင်းရိုက်ကြတာ နံပတ်တုတ်နဲ့ရိုက်တော့ ကလေးတွေကလည်း မခံနိုင်ဘူး တစ်ယောက်နဲ့ တစ်ယောက် ချချဆိုပြီး အတော်အကြမ်းဖက်သွားတယ်။ ပဋိပက္ခ တော်တော်ဆိုးပါတယ်။ တော်တော် ပုံပျက်တာပါ ဒီအစိုးရတော်တော်ပုံပျက်တာ။ ကျောင်းသားတွေ ပြည်သူတွေကို ခုလို အကြမ်းဖက်တာ လုံးဝရှုတ်ချတယ်။ သွားပြီ တပြည်လုံးအတိုင်းအတာနဲ့ ကျောင်းသားတွေ ထက်တဲ့အတွက် ဒီကိစ္စက။ အကုန်ဖမ်းဖမ်းသွားပြီး ကျုပ်လည်းမရေတွက်နိုင်ဘူး။ ခေါင်းထိတဲ့လူနဲ့ခြေထောက်ကွဲတဲ့လူနဲ့ အများကြီးပဲ အဲဒီမှာ။‘

ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူများ များပြားလာပြီး တချို့ကို ဆေးရုံပို့ဆောင်ဖို့အတွက် ရဲတပ်ဖွဲ့က တားဆီးမှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် တချို့သတင်းထောက်တွေကိုလည်း ဖမ်းဆီးလိုက်သလို တချို့သတင်းထောက်တွေကလည်း ရှောင်ပုန်းနေရတယ်လို့ လက်ပံတန်းမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013