DVB Logo
Home
မြန်မာသတင်း
ဘာသာရေးကျောင်းများကိစ္စ ပညာရေးကွန်ယက် ရှင်းလင်း
DVB
·
February 23, 2015
ဘာသာရေးကျောင်းများကိစ္စ ပညာရေးကွန်ယက် ရှင်းလင်း
1 / 2
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းမှာ  ပြင်ဆင်ဖို့ ထည့်သွင်းလိုက်တဲ့ တခြား ဘာသာရေးမှ ဖွင့်လှစ်သောကျောင်းများဆိုတာဟာ အခြေခံပညာသင်တဲ့ကျောင်းတွေကို ဆိုလိုတာဖြစ်ပြီး  ဘာသာရေး သီးသန့် သင်တဲ့ကျောင်းတွေကို ဆိုလိုခြင်းမဟုတ်ဘူးလို့ ပညာရေးကွန်ယက် (အန်အန်အီးအာရ်)က ရှင်းလင်းပြောကြားလိုက်ပါတယ်။

လွှတ်တော်ကို လေးပွင့်ဆိုင်သဘောတူညီချက်အရတင်သွင်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ယက်(အန်အန်အီးအာရ်) နဲ့ ကျောင်းသားကိုယ်စားလှယ်တွေက ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောကြား လိုက်တာပါ။

NNERဥပဒေကြမ်းမှာ ပါတဲ့ ဥပဒေကြမ်းအပိုဒ်(၃၆) အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ ဆိုတဲ့အချက်ကို အဓိကထားပြီး လူမှုရေးကွန်ရက်တွေအပေါ်မှာ ထိုးနှက် တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး  (အန်အန်အီးအာရ်)အဖွဲ့မှ ဒေါက်တာသိန်းလွင်က ရှင်းလင်း ပြောကြား သွားပါတယ်။

“ကျနော်တို့ ထည့်သွင်းလိုက်တဲ့ ကျောင်းအမျိုးအစား ဘုန်းတော်ကြီးသင်ကျောင်းက မူလကတည်းက ပါတယ်၊ ကျနော်တို့ ထပ်တိုးလိုက်တဲ့ တခြားဘာသာရေးအဖွဲ့ အစည်းများမှ ဖွင့်လှစ်သောကျောင်းများ ဆိုတာက ဘာသာရေးကို သင်တဲ့ကျောင်းမဟုတ်ပါဘူး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သိပ္ပံသင်တဲ့ကျောင်းတွေကို ဆိုလိုတာပါ၊ ဘုန်းတော်ကြီးသင်ဖွင့်တဲ့ ဘက ကျောင်းတွေကလည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ သင်တဲ့ကျောင်းတွေ ဖြစ်ပါတယ်၊ ကျနော်တို့ ထည့်သွင်းလိုက်တဲ့ တခြားဘာသာရေးမှ ဖွင့်လှစ်သော ကျောင်းများဆိုတာကလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနဲ့ အလားတူပဲ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ပထ၀ီသင်တဲ့ကျောင်းတွေ ဖြစ်ပါတယ်၊ ဘာသာရေး သီးသန့် သင်တဲ့ကျောင်းတွေကို ဆိုလိုခြင်းမဟုတ်ပါဘူး”လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လေးပွင့်ဆိုင်သဘောတူညီပြီး ရေးဆွဲထားတာဖြစ်ပေမယ့် အစိုးရသတင်းစာတွေမှာ ဖော်ပြတဲ့အခါ လေးပွင့်ဆိုင်သဘောတူညီပြီးရေးဆွဲထားတယ်ဆိုတဲ့ အချက်ကို အဓိပ္ပာယ်လွဲချော်စေနိုင်အောင် ဖော်ပြခဲ့တယ်လို့လည်း ဒေါက်တာသိန်းလွင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

NNER2ဒေါက်တာသိန်းလွင်က “တဖက်က အစိုးရဖက်က ပြင်ဆင်တာထည့်တယ်၊ နောက်တဖက်က ဒီမူလ ဥပဒေနဲ့ လွှတ်တော်ကို တင်လိုက်တဲ့ ၄ ပွင့်ဆိုင် အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းနဲ့ နှိုင်းယှဉ်တဲ့ ဇယား ပေါ်လာတယ်၊  အဲဒီမှာ တပ်တဲ့ ခေါင်းစဉ်တွေ လွဲချော်တာတွေ့တယ်၊ အပေါ်က လေးပွင့်ဆိုင် သဘောတူညီတယ်ဆိုတဲ့ စာပိုဒ်ကို ဖြုတ်လိုက်ပြီးတော့ အန်အန်အီးအာရ် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ ရေးဆွဲလတ်မှတ်ထိုးထားသည့် မူကြမ်းလို့ ရေးထားတော့ အဓိပ္ပာယ် လွဲအောင် လုပ်လိုက်တယ်” ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အစိုးရ၊လွှတ်တော်၊ အန်အန်အီးအာရ် နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များက ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လွှတ်တော်ကို တင်ပြဖို့ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013