DVB Logo
Home
Lead Story
ထောက်ကြန့်မှာ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
January 23, 2014
ထောက်ကြန့်မှာ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် ဧကရာဇ်ရပ်ကွက်မှာ မတော်တဆပေါက်ကွဲမှု တခု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထောက်ကြန့်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

7day_11_29_1ဇန်န၀ါရီ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်က မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းအိမ်ယာမှာ သန့်ရှင်းရေးလုပ်သား ဦးလှဝင်း နေထိုင်တဲ့ အခန်းအနီး ၈ နှစ်အရွယ် မောင်မျိုးကို နဲ့ ၁၀ လ အရွယ် သမီးဖြစ်သူ ခိုင်သဇင်ဝင်းတို့ အမှိုက်ထဲက ပါလာတဲ့ ပစ္စည်းတခုကို ကိုင်တွယ် ဆော့ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်မျိုးကို လက်ဝဲ လက်ကောက်ဝတ် ပြတ်သွားပြီး ကလေးငယ် ၂ ဦးစလုံး ဒဏ်ရာများနဲ့ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013