DVB Logo
Home
နိုင်ငံရေး
အီးယူအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
DVB
·
June 21, 2011
အီးယူအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
Donate to DVB

မ​နေ့​က မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ အီး​ယူဥ​ရောပသမဂ္ဂ နိုင်ငံခြား​ရေး​ မူဝါဒ​ရေး​ရာ အကြီး​အကဲ ကက်သရင်း​ အက်ရှ်တန် (Catherine Ashton) ရဲ့​ အထူး​အကြံ​ပေး​ပုဂ္ဂိုလ် ​ရောဘတ် ကူး​ပါး​ (Robert Cooper) နဲ့​ မြန်မာနိုင်ငံဆိုင်ရာ ဥ​ရောပသမဂ္ဂရဲ့​ အထူး​ကိုယ်စား​လှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့​ဟာ ဒီက​နေ့​ ည​နေပိုင်း​မှာ ​ရွေး​ကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အား​စု နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်အချို့​နဲ့​ အတူ ကရင်လူမှု​ရေး​အဖွဲ့​ အစည်း​တခုက ပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

ဒီက ​နေ့​ ည​နေ ၄ နာရီခွဲက​နေ ၅ နာရီခွဲအထိ ရန်ကုန်မြို့​၊​ ကန်​တော်ကြီး​စောင်း​ရှိ ချက်ရီယမ် (Chatrium Hotel) ဟိုတယ်မှာ ​တွေ့​ဆုံခဲ့​ကြတာဖြစ်ပါတယ်။

ဒီလို ​တွေ့​ဆုံတဲ့​နေရာမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီက ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ​ဒေါက်တာသန်း​ငြိမ်း​၊​ ဦး​ခင်​မောင်​ဆွေ၊​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦး​သု​ဝေနဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်သန်း​သန်း​နုတို့​အပါအဝင် ကရင်လူမှု​ရေး​အဖွဲ့​အစည်း​တခုဖြစ်တဲ့​ Karan Development Network က ​စောအယ်လ်အမ်​စောဦး​နဲ့​ ​ဒေါက်တာမိုး​မင်း​ထွန်း​တို့​ တက်​ရောက်ခဲ့​ကြပါတယ်။

တိုင်း​ရင်း​ သား​ပါတီ​တွေက ကိုယ်စား​လှယ်​တွေကို ဖိတ်ကြား​ထား​ပေမယ့်​လည်း​ အ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ လာ​ရောက်တာ မ​တွေ့​ခဲ့​ဘူး​လို့​ ပါဝင်​တွေ့​ဆုံခဲ့​တဲ့​ ​ဒေါ်သန်း​သန်း​နုက ​ပြောပါတယ်။

အီး​ယူ ကိုယ်စား​လှယ်​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်တွေ အပြန်အလှန် ​ဆွေး​နွေး​ကြတဲ့​ အကြောင်း​အရာ​တွေကိုလည်း​ ​ဒေါ်သန်း​သန်း​နုက “အဓိကက​တော့​ အခု အစိုး​ရအဖွဲ့​သစ် ဖွဲ့​ပြီး​တဲ့​ ​နောက်ပိုင်း​ အ​ခြေအ​နေဘယ်လို ရှိသလဲ၊​ ​နောက် ကျမတို့​ ပါတီ​တွေရဲ့​ ရပ်တည်ချက်က ဘယ်လိုရှိသလဲ အဲဒါ​တွေ သူတို့​ ​မေး​တာပါ။ ပြီး​တော့​ သူတို့​က​တော့​ ကျမတို့​ အခုဒီလို ​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်လိုက်တာတို့​၊​ အခု ဒီ ၁၁ ပါတီ​ပေါ့​နော် မိတ်​ဆွေများ​ပါတီအဖြစ်နဲ့​ ဖွဲ့​စည်း​ပြီး​တော့​ ရပ်တည်နိုင်တာ၊​ အဲဒီအတွက်​တွေကိုလည်း​ သူတို့​ သိပ်ပြီး​တော့​ ​ကျေနပ်အား​ရ တယ်ဆိုတဲ့​အ​ကြောင်း​ ​ပြောပါတယ်။”

ဒါ့​အပြင် အီး​ယူကိုယ်စား​လှယ်​တွေနဲ့​ လတ်တ​လောဖြစ်​ပေါ်​နေတဲ့​ တိုင်း​ရင်း​သား​ဒေသ​တွေက ပဋိပက္ခ​တွေကိုလည်း​ ထည့်​သွင်း​ ​ဆွေး​နွေး​ဖြစ်ခဲ့​ပြီး​ ဒါ​တွေနဲ့​ပတ်သက်ပြီး​ ကိုယ်စား​လှယ်​တွေဘက်က ဒီအ​ပေါ်ကို စိုး​ရိမ်မိတဲ့​အ​ကြောင်း​၊​ မဖြစ်သင့်​တဲ့​အ​ကြောင်း​ မှတ်ချက်​ပေး​ ​ပြောကြား​ခဲ့​တယ်လို့​လည်း​ ​ဒေါ်သန်း​သန်း​နုက ​ပြောပါတယ်။

ဒီကိုယ်စား ​လှယ်အဖွဲ့​ဟာ မြန်မာအစိုး​ရသစ် တက်လာပြီး​တဲ့​ ​နောက်ပိုင်း​ အီး​ယူ ဥ​ရောပသမဂ္ဂ အထူး​ကိုယ်စား​လှယ်အဖွဲ့​အ​နေနဲ့​ မြန်မာနိုင်ငံကို ပထမဆုံး​အကြိမ် လာ​ရောက်ခဲ့​တာဖြစ်ပါတယ်။

ဒီခရီး​စဉ် အတွင်း​မှာ​တော့​ သူတို့​ဟာ မြန်မာအစိုး​ရ တာဝန်ရှိပုဂ္ဂိုလ်​တွေနဲ့​လည်း​ ဒီလ ၂၁ ရက် ​နေ့​က ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013