DVB Logo
Home
နိုင်ငံရေး
ငြိမ်းချမ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ချုပ် တိုက်တွန်း
DVB
·
June 21, 2011
Donate to DVB

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ အစိုး​ရကြား​ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင် ပဋိပက္ခ​တွေကိုရပ်တန့်​ပြီး​ ငြိမ်း​ချမ်​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က တိုက်တွန်း​လိုက်ပါတယ်။

ဒီလ ၂၀ ရက်​နေ့​ ရက်စွဲနဲ့​ ထုတ်ပြန်​ကြေညာတဲ့​ အဖွဲ့​ချုပ်ရဲ့​ ​ကြေညာချက်မှာ တိုက်တွန်း​ ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “အဖွဲ့​ချုပ်က တိုင်း​ရင်း​သား​များ​ ​နေထိုင်ရာ ​ဒေသ​တွေမှာ ကချင်တို့​၊​ ရှမ်း​တို့​၊​ ကရင်တို့​ဆိုတဲ့​ ​ဒေသ​တွေမှာ လက်နက်ကိုင် ပဋိပက္ခ​တွေ ပိုမိုပြင်း​ထန်လာတဲ့​ ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​စေ့​စပ်​ဆွေး​နွေး​ကြပါ၊​ စိတ်ရှည်လက်ရှည် ​စေ့​စပ်​ဆွေး​နွေး​ကြပါ၊​ ငြိမ်း​ချမ်း​ရေး​ရ​အောင် ကြိုး​ပမ်း​ကြပါလို့​ တိုက်တွန်း​ကြောင်း​ ​မေတ္တာရပ်ခံတဲ့​ စာတ​စောင်ကို မ​နေ့​က ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​က ထုတ်ပြန်လိုက်ပါတယ်။ ​ကြေညာချက်အမှတ် ၁၁/၀၆/၁၁ ဖြစ်ပါတယ်။”

ဒီ​ကြေညာချက်ထဲမှာ​တော့​ ကချင်ပြည်နယ်အတွင်း​ ​ကေအိုင်​အေအို (​ခေါ်) ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော်နဲ့​ မြန်မာ့​တပ်မ​တော်တို့​ကြား​ တိုက်ပွဲ​တွေ​ကြောင့်​ စစ်​ပြေး​ဒုက္ခသည်​တွေ ​သောင်း​နဲ့​ချီပြီး​ တရုတ်နိုင်ငံကို ခိုလှုံ​နေရပုံ​တွေ၊​ ကရင်ပြည်နယ်အတွင်း​မှာ နှစ်ကာလ ရှည်လျား​စွာဖြစ်ပွား​ခဲ့​တဲ့​ ပြည်တွင်း​စစ်မီး​ ဟာလည်း​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကစတင်ပြီး​ ပြန်လည်​တောက်​လောင်လာတာ​ကြောင့်​ ဒုက္ခသည်​တွေ သိန်း​နဲ့​ချီပြီး​ ထိုင်း​နိုင်ငံမှာ ခိုလှုံ​နေကြတာ​တွေနဲ့​အတူ ရှမ်း​ပြည်နယ်အတွင်း​ စစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေကို ​ထောက်ပြပြီး​ ​ဆွေး​နွေး​မှု​တွေက​နေ ငြိမ်း​ချမ်း​ရေး​ရဖို့​ တိုက်တွန်း​ထား​တာ ဖြစ်ပါတယ်။

ဒီအ​ပေါ်ကိုလည်း​ ဦး​အုန်း​ကြိုင်က “တကယ့်​တကယ်​တော့​ တ​မြေတည်း​နေ တရေတည်း​သောက်ကြတဲ့​ ညီ​နောင်သား​ချင်း​တွေဟာ တကယ်လို့​ မတူကွဲပြား​မှု​တွေ ရှိ​နေရင်လည်း​ပဲ စိတ်​စေတနာ မှန်ကန်စွာနဲ့​ ငြိမ်း​ချမ်း​ရမယ်ဆိုတဲ့​ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချပြီး​တော့​ တဦး​ပေါ်တဦး​ အပြန်အလှန်​လေး​စာမှု၊​ တန်း​တူရည်တူ ရှိမှုဆိုတဲ့​ စိတ်ဓာတ်နဲ့​ ​ဆွေး​နွေး​ညှိနှိုင်း​ပြီး​တော့​ ​ဖြေရှင်း​ကြမယ်ဆိုရင် ​အောင်မြင်နိုင်ပါတယ်။ အဲဒီလို ​ဆွေး​နွေး​ဖြေရှင်း​ကြပါလို့​ အဖွဲ့​ချုပ်က တိုက်တွန်း​ကြောင်း​၊​ သက်ဆိုင်သူ​တွေ အား​လုံး​ကလည်း​ အခုလို ​ဆွေး​နွေး​မှု​တွေ ဖြစ်​အောင် ဝိုင်း​ပြီး​တော့​ အကူအညီ ​ပေး​ကြပါလို့​ အဲဒီလို တိုက်တွန်း​ထား​တဲ့​ စာပဲခင်ဗျ။”

မြန်မာနိုင်ငံမှာ လွတ်လပ်​ရေး​ခေတ်ဦး​က​နေ အခုထက်ထိ ဆက်လက်ဖြစ်​ပေါ်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ဆိတ်သုန်း​မှုပြဿနာနဲ့​၊​ တိုင်း​ရင်း​သား​ လူမျိုး​စု​တွေရဲ့​ တန်း​တူး​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ ရရှိ​ရေး​ စတဲ့​ ပြဿနာ​တွေ​ကြောင့်​ ပြည်တွင်း​စစ်​တွေ ဖြစ်ပွား​နေရတာ ရာစုနှစ် ထက်ဝက်​ကျော်ရှိ​နေပြီ ဖြစ်ပါတယ်။

ဒါ​ကြောင့်​ ဒီပြဿနာ​တွေကို ​ဖြေရှင်း​နိုင်ဖို့​အတွက် ၂၁ ရာစု ပင်လုံညီလာခံတရပ် ​ခေါ်ယူ​ဖြေရှင်း​ဖို့​ လိုအပ်တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ဒီမိုက​ရေစီအင်အား​စု​တွေ​ရော၊​ တိုင်း​ရင်း​သား​ အင်အား​စု ​တွေကပါ သ​ဘောတူထား​ကြပြီး​ အ​ကောင်အထည်​ဖော်ဖို့​ ပြင်ဆင်​နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013