DVB Logo
Home
နိုင်ငံရေး
အာဇာနည်နေ့အခမ်းအနား အဖွဲ့ချုပ် စည်ကားစွာ ကျင်းပမည်
DVB
·
June 21, 2011
Donate to DVB

လာမယ့်​ ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​ကို ရန်ကုန်မြို့​၊​ ဗဟန်း​မြို့​နယ်၊​ ​ရွှေဂုံတိုင်အုတ်လမ်း​မှာရှိတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​မှာ စည်ကား​သိုက်မြိုက်စွာ ကျင်း​ပဖို့​ရှိ​နေပါတယ်။

ဒီက​နေ့​ပြုလုပ်တဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင် အစည်း​အ​ဝေး​မှာ အာဇာနည်​နေ့​ အခမ်း​အနား​ကျင်း​ပ​ရေး​အတွက် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ အစည်း​အ​ဝေး​ အပြီး​မှာ အခုလို ကျင်း​ပဖို့​ ဆုံး​ဖြတ်လိုက်ကြတာဖြစ်ပါတယ်။

အဖွဲ့​ချုပ် ပြန်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “ဒီ​နေ့​ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ အစည်း​အ​ဝေး​ ကျင်း​ပပါတယ်။ အဲဒီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ ဒီနှစ်ကျ​ရောက်မယ့်​ ​ရှေ့​လထဲမှာ ကျ​ရောက်မယ့်​ အာဇာနည်​နေ့​ အခမ်း​အနား​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကျင်း​ပမယ်လို့​ ဆုံး​ဖြတ်ပါတယ်။ အ​သေး​စိတ် အစီအစဉ်​တွေက​တော့​ မလုပ်ရ​သေး​ပါဘူး​။ သီး​ခြား​ ဘာမှ​ပြောတာ မရှိပါဘူး​။ အာဇာနည်​နေ့​ကို အား​လုံး​ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ တညီတညွတ်တည်း​ပဲ ဆုံး​ဖြတ်ပါတယ်။ အာဇာနည်​နေ့​ကို ဒီနှစ်အာဇာနည်​နေ့​ကို ခမ်း​နား​စွာကျင်း​ပသွား​မယ် ဒါပါပဲ” လို့​ ​ပြောပါတယ်။

မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​တကွ အာဇာနည် ​ခေါင်း​ဆောင်​တွေ ကျဆုံး​ခဲ့​ရတဲ့​ နှစ်ပတ်လည်အခမ်း​အနား​ကို အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​က တလ​လောက်ကြိုတင်ပြီး​ အခုလိုကျင်း​ပဖို့​ ပြင်ဆင်​နေ​ပေမယ့်​လည်း​ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့​ အုပ်ချုပ်ခဲ့​တဲ့​ နဝတနဲ့​ နအဖစစ်အစိုး​ရလက်​တွေမှာ​တော့​ အာဇာနည်​နေ့​ အခမ်း​အနား​တွေကို ​မှေး​မှိန်​အောင် နိုင်ငံ​တော်အဆင့်​အ​နေနဲ့​ မကျင်း​ပ​တော့​တာ နှစ် ၂၀ ​ကျော် ကြာမြင့်​နေပြီပါတယ်။

နောက်ဆုံး​အ​နေနဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်မှာ​တော့​ နိုင်ငံ​ရေး​ပါတီ ထူ​ထောင်ခွင့်​တွေကို အစိုး​ရက ခွင့်​ပြုအပြီး​မှာ​တော့​ ပါတီ​ခေါင်း​ဆောင်​တွေကို အာဇာနည်ကုန်မှာ လာ​ရောက်ဂါရဝ ပြုခွင့်​ပြန်​ပေး​ခဲ့​ပါတယ်။

စစ်အုပ်ချုပ်​ရေး​က​နေ အရပ်သား​အစိုး​ရအဖြစ် ​ပြောင်း​လဲကျင့်​သုံး​လာတယ်ဆိုတဲ့​ နအဖ​ကောင်စီဝင် ဗိုလ်ချုပ်ကြီး​ဟောင်း​ သမ္မတသစ် ဦး​သိန်စိန် လက်ထက် ပထမဆုံး​မြင်​တွေ့​ရမယ့်​ အာဇာနည်​နေ့​အခမ်း​အနား​ကို အစိုး​ရအဖွဲ့​က ဘယ်လို ဘယ်ပုံ ကျင်း​ပပြုလုပ်မယ် ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013