DVB Logo
Home
လူမှုရေး
အင်းဝခေတ်ဘုရား စိန်ဖူးတော် ပျောက်ရှလုနီး
DVB
·
June 21, 2011
အင်းဝခေတ်ဘုရား စိန်ဖူးတော် ပျောက်ရှလုနီး
Donate to DVB

အနှစ် ၃၀၀ နီး​ပါး​သက်တမ်း​ရှိပြီဖြစ်တဲ့​ အင်း​ဝမြို့​​ဟောင်း​ ​ရှေး​ဟောင်း​အထင်ကရ မဟာ​လောကသရဖူဘုရား​ကြီး​ရဲ့​ စိန်ဖူး​တော်ကြီး​ ပြန်လည်​ရောက်ရှိ​ရေး​ကိစ္စမှာ မြို့​နယ်ဥက္ကဋ္ဌက ကတိပြုထား​တဲ့​ ရက်ထက် (၃) ရက်​ကျော်တဲ့​တိုင် ပြန်မ​ရောက်လာ​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မန္တတ​လေး​တိုင်း​ တံတား​ဦး​မြို့​နယ် မီး​သွေး​တိုက်​ကျေး​ရွာအုပ်စု ဆင်ကျုံး​ကျေး​ရွာမှာ တည်ထား​ကိုး​ကွယ်​နေတဲ့​ မဟာ​လောကသရဖူဘုရား​ကြီး​ရဲ့​ စိန်ဖူး​တော်ကြီး​ကို ရန်ကုန်မြို့​က ​ဒေါ်သင်း​သင်း​လှဆိုသူ ကုမ္ပဏီပိုင်ရှင် အမျိုး​သမီး​တဦး​က ဗိုလ်မှူး​တဦး​ရဲ့​ အမည်ကို အကာကွယ်သုံး​ပြီး​ ပင့်​ဆောင်ထား​ရာက​နေ ပြန်မ​ရောက်​သေး​တာပါ။

ဒီစိန်ဖူး​တော်ကြီး​ကို ဆင်ကျုံး​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ကိုရင်ကြီး​စန္ဒာသီရိတို့​က လက်လွှဲ​ပေး​အပ်လိုက်တာလို့​ ရွာသား​တွေက ​ပြောဆိုပါတယ်။ ဒီစိန်ဖူး​တော်ကြီး​ဟာ သိန်း​ထောင်​ပေါင်း​များ​စွာ တန်ဖိုး​ရှိနိုင်တယ်လို့​ ​ဒေသခံ​တွေက ခန့်​မှန်း​နေကြပြီး​ အစစ်နဲ့​အတု လဲလှယ်မှာကို စိုး​ရိမ်​နေကြပါတယ်။

“ဒီစိန်ဖူး​တော်နဲ့​ ပတ်သက်လို့​ကလည်း​ပဲ ​ရှေး​ဘုရား​ကြီး​ဖြစ်တဲ့​အတွက် ဒါကြီး​က တန်ဖိုး​ရှိတဲ့​ပစ္စည်း​။ ကာလတန်​ကြေး​က ဒီစိန်ဖူး​ကြီး​က သိန်း​ ၄ ​ထောင်​လောက် တန်တယ်လို့​ ကျ​နော်တို့​ ကြား​သိရတယ်ခင်ဗျ။ အရန်စိန်ဖူး​လေး​တွေကလည်း​ ၁၀ လုံး​ပါတယ်ခင်ဗျ။ အကုန်လုံး​မသွား​တာခင်ဗျ။ ​နောက် ၇ ​ပေရှိတဲ့​ နဂါး​ကြီး​ကလည်း​ မ​ရောက်​သေး​ဘူး​။ သူတို့​ ​ရောက်မယ်ဆိုပြီး​တော့​မှ အဲဒီ နဂါး​ကြီး​တ​ကောင်လည်း​ ယူသွား​တယ်။ ဒါကြီး​က တန်ခိုး​ကြီး​ ဘုရား​လည်း​ ဖြစ်တယ်​ပေါ့​ဗျာ။ ရုတ်ရုတ်ဖြစ်မှာလည်း​ သူတို့​ ​ကြောက်တယ်နဲ့​ တူတယ်ခင်ဗျ။ လုပ်တဲ့​ ပုဂ္ဂိုလ်​တွေကလည်း​ပဲ သူ​ဌေး​တွေ ကုမ္ပဏီ​တွေက ဖြစ်​နေတယ်ခင်ဗျ။ ​ပြောမယ်ဆိုလို့​ရှိရင်​တော့​ အကြီး​ကြီး​တွေ လုပ်ထား​တဲ့​ ပုဂ္ဂိုလ်ဆို​တော့​ သူတို့​ ​နောက်က​နေပြီး​တော့​မှ လုပ်ရတာ ​တော်​တော်ကျပ်​နေ​လောက်တယ်။”

ဒီလ ၁၄ ရက်​နေ့​ခင်း​မှာ ရွာသား​တွေကို တံတား​ဦး​မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ ဦးဇော်မင်း​က ​တွေ့​ဆုံပြီး​ သုံး​ရက်အတွင်း​ ပြန်​ရောက်ပါမယ်လို့​ ကတိ​ပေး​သွား​ပြီး​ ခုထိ ပြန်မ​ရောက်​သေး​ဘူး​လို့​ ​စောင့်​ကြည့်​သူ ​ဒေသခံတဦး​က ​ပြောပါတယ်။

“ဦး​ဇော်မင်း​က​နေပြီး​တော့​ ကျ​နော်တို့​ ဆင်ကျုံး​ကျေး​ရွာမှာ လာပြီး​တော့​မှ နှစ်သိမ့်​သွား​တယ်။ ​ကျေး​ရွာသူ ​ကျေး​ရွာသား​တွေတဲ့​ ဒီ ​ကောလာဟလ သတင်း​တွေ မယုံကြည်ဖို့​။ ဒီ စိန်ဖူး​ကြီး​လည်း​ပဲ မကြာခင် ပြန်​ရောက်​တော့​မှာပါလို့​ အာမ လာခံသွား​တယ်၊​ စိန်ဖူး​ကြီး​က အခုအချိန်ထိ​အောင် မ​ရောက်​သေး​ဘူး​။ ဒါ​ပေမယ့်​ သူက စိန်ဖူး​ကြီး​ တင်ဖို့​အတွက် ကြိုး​တွေ ပန်း​ပုခက်​တွေ​တော့​ သူတို့​ လုပ်ထား​တယ်​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ စိန်ဖူး​ကြီး​က အခုအချိန်ထိ​အောင် မ​ရောက်​သေး​ဘူး​။”

ဘုရား​ထီး​တော်ကို ဒီပါ​အေး​မြဆရာ​တော်ဘုရား​ကြီး​ (ပျံလွန်အနိစ္စ​ရောက်) က တင်လှူထား​ခဲ့​တာ​ကြောင့်​ ​မြေခမယ်ဆိုရင် ဒီပါ​အေး​မြဆရာ​တော်ဘုရား​ကြီး​ရဲ့​ တပည့်​တွေကို အသိ​ပေး​အ​ကြောင်း​ကြား​ ပင့်​ဆောင်ရမှာ ဖြစ်ပါတယ်။ အခု​တော့​ ဘာမှ အသိ​ပေး​တာမရှိဘဲ ပင့်​ဆောင်သွား​တာလို့​ ဆိုပါတယ်။

မဟာ​လောကသရဖူ ဘုရား​ကြီး​ကို ၁၀၉၂ ခုနှစ် ရှင်ဖြူရှင် တနင်္ဂ​နွေမင်း​ကြီး​ တည်ထား​ကိုး​ကွယ်ခဲ့​တာဖြစ်ပြီး​ ဘုရင်​ခေတ်မှာ ငလျင်ဒဏ်​ကြောင့်​ အကြိမ်ကြိမ်ပြုပြင်ခဲ့​ပါတယ်။ ၁၃၄၂ ခုနှစ်မှာ စစ်ကိုင်း​မြို့​ ဒီပါ​အေး​မြ ဆရာ​တော်ဘုရား​ကြီး​က ဆက်ပြီး​ ထီး​တော်ကြီး​ တင်လှူခဲ့​ပါတယ်။

ဒီနှစ် ဧပြီလ (၄) ရက်​နေ့​မှာ ထီး​တော်ကြီး​ပြုပြင်ဖို့​ ငြမ်း​ဆင်၊​ ပဋ္ဌာန်း​ရက်ဆက် ပူ​ဇော်ပြီး​ ဧပြီလ ၁၁ ရက်​နေ့​မှာ ထီး​တော်ကြီး​ကို ကိုရင် စန္ဒာသီရိ၊​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​၊​ ​ရှေး​ဟောင်း​ယဉ်​ကျေး​မှု၊​ မြို့​နယ်သံဃနာယကအဖွဲ့​၊​ မြို့​နယ်သာသနာ​ရေး​ဦး​စီး​ဌာန၊​ ​ဂေါပကအဖွဲ့​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တို့​က ထီး​တော်ကြီး​ကို ​မြေခခဲ့​ပါတယ်။

သင်္ကြန်အပြီး​ ဆယ်ရက်အကြာမှာ (၇) ​ပေခန့်​ နဂါး​ကြီး​တ​ကောင်နဲ့​ စိန်ဖူး​တော်ကြီး​ကို ဗိုလ်မှူး​တဦး​ အမည်ခံယူပြီး​ ပင့်​ဆောင်သွား​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013