DVB Logo
Home
နိုင်ငံရေး
ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်သုံးခွင့်ရ
DVB
·
June 21, 2011
Donate to DVB

ပြည်တွင်း​မှာအသုံး​ပြု​နေတဲ့​ ငါး​သိန်း​တန် ဂျီအက်စ်အမ်ဖုန်း​တွေကို ဇွန်လ ၂၁ ရက်ကစပြီး​ အင်တာနက်အသုံး​ပြုခွင့်​ ​ပေး​လိုက်ပြီလို့​ သဗွိုင့်​စ်ဝီကလီး​ သတင်း​ဂျာနယ် အင်တာနက် စာမျက်နှာ ​ရေး​သား​ဖော်ပြထား​ပါတယ်။

ရန်ကုန်နဲ့​ ​နေပြည်​တော်မှာချထား​ပေး​တဲ့​ ဂျီအက်စ်အမ်ဖုန်း​တွေမှာ အင်တာနက်သုံး​လို့​ရနိုင်ပြီး​ မန္တ​လေး​နဲ့​ နယ်မြို့​တွေမှာ ချထား​ပေး​ခဲ့​တဲ့​ ဂျီအက်စ်အမ်ဖုန်း​တွေမှာ​တော့​ အင်တာနက်သုံး​လို့​ မရနိုင်​သေး​တဲ့​အ​ကြောင်း​ ဆက်သွယ်​ရေး​က အဆင့်​မြင့်​အရာရှိတဦး​ကို ကိုး​ကား​ပြီး​ ဗွိုင့်​စ်သတင်း​က ​ဖော်ပြပါတယ်။

ငါး​သိန်း​တန်ဂျီအက်စ်အမ်ဖုန်း​တွေကို ​ရောင်း​ချခွင့်​ ရထား​တဲ့​ အီလိုက်တက်ကုမ္ပဏီက သူတို့​ကုမ္ပဏီ​တွေရဲ့​ အ​ရောင်း​ဆိုင်​တွေမှာ ဖုန်း​လာဝယ်တဲ့​ သူ​တွေကို ဒီ​နေ့​ကစပြီး​ အင်တာနက်လိုင်း​ တခါတည်း​ပါပြီး​သား​ ဖုန်း​ရောင်း​ပေး​နေတယ်လို့​ ​ပြောပါတယ်။

“အရင်ကတည်း​က​နေ ၅ သိန်း​တန် ဂျီအက်စ်အမ်​လျှောက်ထား​တာ ရှိတယ်ဆိုရင် ​ရွှေဂုံတိုင် ဆက်သွယ်​ရေး​ရုံး​ကို ကတ်နဲ့​ စာချုပ်ယူပြီး​တော့​ ပြန်သွား​လိုက် သူတို့​ ကတ်လဲ​ပေး​လိမ့်​မယ်။ အဲဒီမှာ ​ငွေ ၁ ​သောင်း​သွင်း​ရတယ်။ အီလိုက်တက်ကုမ္ပဏီက ကျ​တော့​ ဘယ်လိုမျိုး​ လုပ်​ပေး​တာလဲဆို​တော့​ ဒီ​နေ့​ ထုတ်လိုက်တယ်၊​ ဒီ​နေ့​မှ အင်တာနက် စ​ပေး​တာ​လေ၊​​ ဒီ​နေ့​လာထုတ်တဲ့​ ကတ်​တွေမှာကျ​တော့​ အင်တာနက်လိုင်း​ တခါတည်း​ ပါပြီး​သား​လေ။ အဲဒီလိုမျိုး​ ဖြစ်သွား​တယ်။ အရင်တုန်း​က ထုတ်ထား​တဲ့​ ကတ်​တွေကျ​တော့​ ​ရွှေဂုံတိုင်က​နေ ပြန်လဲ​ပေး​တယ်။”

အင်တာနက်ပါ ငါး​သိန်း​တန် ဂျီအက်စ်အမ်ဖုန်း​ကို ကျပ်ငါး​သိန်း​ တ​သောင်း​တ​ထောင့်​ငါး​ရာ ​ပေး​ပြီး​ ချက်ချင်း​ ဝယ်ယူလို့​ရ​နေပြီလို့​လည်း​ ​ပြောပါတယ်။

ဇွန်လဒုတိယပတ်ကစပြီး​ ငါး​သိန်း​တန်ဂျီအက်စ်အမ်ဖုန်း​တွေကို ကုမ္ပဏီသုံး​ခုက အ​ရောင်း​ဆိုင်​တွေမှာ တထိုင်တည်း​ဝယ်ယူခွင့်​ရခဲ့​တာဖြစ်ပါတယ်။ ရတနာပုံတယ်လီပို့​၊​ ​အေး​ရှား​မီဂါလင့်​နဲ့​ အီလိုက်တက်ကုမ္ပဏီ​တွေ ဖြစ်ပါတယ်။

အစိုး​ရသစ်လက်ထက်မှာ ဂျီအက်စ်အမ်မိုဘိုင်း​ဖုန်း​ သန်း​သုံး​ဆယ် ချထား​ပေး​မယ်လို့​ ဆက်သွယ်​ရေး​က ​ပြောထား​ပြီး​ ပထမအသုတ်အဖြစ် ဒီဘဏ္ဍာ​ရေး​နှစ်မှာ အလုံး​ရေ ​လေး​သန်း​ချထား​ပေး​မယ်လို့​လည်း​ ဆိုပါတယ်။

တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ လက်ရှိဖုန်း​အသုံး​ပြုနိုင်တာ ငါး​ရာခိုင်နှုန်း​ပဲရှိ​သေး​တာမို့​ လူတရာမှာ ငါး​ယောက်ပဲ အသုံး​ပြုနိုင်​သေး​တာဖြစ်​ကြောင်း​ တရား​ဝင်စာရင်း​ဇယား​တွေအရ သိရပါတယ်။

အာဆီယံနိုင်ငံ​တွေထဲ ဖုန်း​သုံး​စွဲနိုင်မှုမှာ ​နောက်ပိတ်ဆုံး​ရောက်​နေတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013