DVB Logo
Home
နိုင်ငံရေး
ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်ကို ထိုး​စစ်ကြီး​ဆင်ရန်ပြင်
DVB
·
June 21, 2011
ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်ကို ထိုး​စစ်ကြီး​ဆင်ရန်ပြင်
Donate to DVB

[caption id="attachment_11180" align="alignleft" width="300" caption="photo _ Francis Wade"][/caption]

အစိုး​ရဘက်က ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ပြီး​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​နဲ့​ ပူး​ပေါင်း​သွား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်စခန်း​ကို အင်အား​အလုံး​အရင်း​နဲ့​ ဝိုင်း​ရံထား​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မ​နေ့​တုန်း​က စစ်ကား​ အစီး​ (၅၀) ​ကျော်ဟာ ​တောင်ကြီး​က​နေ လဲချား​မြို့​ကို ထွက်ခွာလာတာ ဒီမနက် မိုင်း​ကိုင်မြို့​ဘက်ကို ​ရောက်ရှိလာပြီး​ ဌာနချုပ်ဝမ်ဟိုင်း​ရဲ့​ အ​နောက်ဘက် ​ကျေး​သီးမြို့​ဘက်ကို ဦး​တည်​နေတယ်လို့​ ​ဒေသခံ ​စောင့်​ကြည့်​သူ​တွေက ​ပြောပါတယ်။

မိုင်း​ရယ်မြို့​နယ်ထဲမှာလည်း​ မ​နေ့​က စစ်ကား​ (၁၀) စီး​ တိုး​လာတယ်လို့​ ဆိုပါတယ်။

မိုင်း​ရယ်မြို့​ဟာ ဝမ်ဟိုင်း​ဌာနချုပ်ရဲ့​ ​မြောက်ဘက်မှာ တည်ရှိ​နေပြီး​ အစိုး​ရတပ်​တွေရဲ့​ ​ရွေ့​လျား​မှုပုံစံဟာ ဝမ်ဟိုင်း​ ရှမ်း​တပ်မ​တော်ဌာနချုပ်ကို နံ​ဘေး​ပတ်လည်က​နေ ဝိုင်း​နေတဲ့​ ပုံစံဖြစ်​နေတယ်လို့​ ဆိုပါတယ်။

ဒါနဲ့​ပတ်သက်လို့​ ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်မှာ အ​ခြေပြုခဲ့​ပြီး​ အခုအခါ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​နဲ့​ ပူး​ပေါင်း​ရာမှာ ဦး​စီး​ခဲ့​သူ ဗိုလ်မှူး​ကြီး​ စိုင်း​ထူး​က ဒီအင်အား​ဖြည့်​တဲ့​သတင်း​ မကြား​သေး​ဘူး​လို့​ ​ဖြေကြား​ပါတယ်။

ဒါ​ပေမယ့်​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေက​တော့​ ​နေ့​စဉ်ဆိုသလို ဆက်လက်ဖြစ်ပွား​နေပြီး​ အစိုး​ရတပ်ဘက်က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေဟာ အရင်ကထက် ပိုဆိုး​လာ​နေတယ်လို့​ ​ပြောပါတယ်။

“တိုက်ပွဲအ​ခြေအ​နေက​တော့​ ​နေ့​တိုင်း​လိုလို ဆက်ပြီး​တော့​ အနည်း​နဲ့​အများ​ ​ပျောက်ကျား​စစ်နဲ့​ ခံပြီး​ ပစ်​နေတယ် အဲဒီ​လောက်ပဲ ခင်ဗျ။ သူတို့​ စစ်တိုက်​နေတာ လူထုအ​ပေါ်မှာ အကြမ်း​ပတမ်း​ပေါ့​လေ။ ​ပေါ်တာဆွဲတာတို့​၊​ ​တောင်ယာထဲဝင်ပြီး​တော့​ ​ပေါ်တာဖမ်း​တာတို့​၊​ လူထုရဲ့​ ကြက်၊​ ငှက်​တွေ၊​ ဝက်​တွေ အလကား​ယူတာတို့​ အများ​ကြီး​ ရှိတယ်ဗျ။ မ​လျှော့​ပါဘူး​ ပိုပြီး​တက်လာတယ်ခင်ဗျ။”

အစိုး​ရတပ်​တွေက ရှမ်း​ပြည်နယ် သီ​ပေါ်မြို့​နယ်၊​ မိုင်း​ရှူး​မြို့​နယ်နဲ့​ မိုင်း​ရယ်မြို့​နယ်​တွေထဲက ​ကျေး​ရွာ​တွေထဲမှာ ရွာသား​ပိုင် အိမ်​မွေး​တိရစ္ဆာန်​တွေကို ရိက္ခာအဖြစ် အဓမ္မရယူတာ၊​ အခ​ကြေး​ငွေမ​ပေး​ဘဲ ရိက္ခာဆင့်​တာ၊​ ရှမ်း​တပ်မ​တော်သတင်း​မေး​မြန်း​ရာက ကိုယ်ထိလက်​ရောက် ရိုက်နှက်တာ၊​ မှား​ယွင်း​ပစ်ခတ်လို့​ ​သေဆုံး​ရမှု​တွေ ရှိ​နေပါတယ်။

မနှစ်နိုဝင်ဘာလဆန်း​ကစလို့​ ဒီ​ကေဘီ​အေနဲ့​ အစိုး​ရတပ်​တွေ စတင်တိုက်ပွဲဖြစ်ပွား​နေရာက​နေ အခုအခါ ကချင်လွတ်လပ်​ရေး​တပ်မ​တော်၊​ ရှမ်း​ပြည်တပ်မ​တော်တို့​နဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာလည်း​ တပ်မ (၁၁) နဲ့​ တပ်မ (၄၄) တို့​ တပ်ပြင်​နေပြီး​ ကရင်ဧရိယာကို ထိုး​စစ်ဆင်ဖို့​ ပြင်​နေတယ်လို့​ ဒီ​ကေဘီ​အေ တပ်မှူး​တဦး​ ​ပြောပါတယ်။

မ​နေ့​တုန်း​ကလည်း​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် လက်​အောက်ခံ တပ်အင်အား​တွေဟာ မွန်ပြည်သစ်ပါတီဌာနချုပ်အ​ခြေစိုက်ရာဘက်ကို တပ်အင်အား​အလုံး​အရင်း​နဲ့​ ထွက်ခွာသွား​တဲ့​သတင်း​ကို လွတ်လပ်​သော မွန်သတင်း​ဌာနက ထုတ်​ဝေခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013