DVB Logo
Home
နိုင်ငံရေး
ပြည်သူ့စစ်အသွင်ပြောင်း ကချင်ခေါင်းဆောင် နေအိမ်အကျယ်ချုပ် အဖမ်းခံရ
DVB
·
June 21, 2011
ပြည်သူ့စစ်အသွင်ပြောင်း ကချင်ခေါင်းဆောင် နေအိမ်အကျယ်ချုပ် အဖမ်းခံရ
Donate to DVB

မကြာ​သေး​မီက ပြည်သူ့​စစ်အသွင်​ပြောင်း​ခဲ့​တဲ့​ ​ကေအိုင်အို ခွဲထွက်အဖွဲ့​ ​ခေါင်း​ဆောင် လဆန်​အောင်ဝါကို မြစ်ကြီး​နား​၊​ တပ်ကုန်း​ရပ်ကွက်က သူ့​နေအိမ်မှာ ​နေအိမ်အကျယ်ချုပ်အ​နေနဲ့​ ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်က အခုလ ၁၈ ရက်​နေ့​က ဖမ်း​ဆီး​ထား​ပါတယ်။

ဝိုင်း​မှော်မြို့​နယ် အ​ရှေ့​မြောက်ဘက် လဝါး​ယန်နှင့်​ဂွေထူ​ကျေး​ရွာမှာ အ​ခြေစိုက်ထား​တဲ့​ ပြည်သူ့​စစ်အဖွဲ့​ခေါင်း​ဆောင် လဆန်​အောင်ဝါကို မပခလက်​အောက်ခံ တပ်ရင်း​တခုမှ တပ်ရင်း​မှူး​နှင့်​ ဗိုလ်ကြီး​တဦး​ ပါတဲ့​ စစ်သား​တွေက မြစ်ကြီး​နား​မြို့​၊​ တပ်ကုန်း​ရပ်ကွက်၊​ အ​ရှေ့​မြောက်အရပ်ရှိ အ​ဝေး​ပြေး​လမ်း​မကြီး​ဘေး​က သူ့​ရဲ့​ ​နေအိမ်ကို ​စောင့်​ကြပ်ကာ ​နေအိမ်အကျယ်ချုပ် ချထား​ကြောင်း​ လဆန်​အောင်ဝါနှင့်​ နီး​စပ်သူ မြစ်ကြီး​နား​ဒေသခံ ကချင်အမျိုး​သား​တဦး​က အခုလို ​ပြောပါတယ်။

“ဒီလ ၁၈ ရက်​နေ့​ကစပြီး​ သူ့​ကို အကျယ်ချုပ်လုပ်ထား​တာ ဒီ​နေ့​အထိ။ အဲဒါ တပ်ကုန်း​အ​ရှေ့​မြောက်၊​ ​နေအိမ်​ပေါ့​။ တပ်ရင်း​မှူး​ နိုင်တင်လှ၊​ မပခ ကပဲ။ ဗိုလ်ကြီး​ ​စောဝဏ္ဏဖြိုး​၊​ အရပ်သား​ဝတ်စုံနဲ့​ပေါ့​။ စစ်သား​တွေ ​ရောက်​နေတယ်။ လုံး​ဝ အပြင်ကို ဆက်သွယ်ခွင့်​မရှိ၊​ ဖုန်း​မဆက်ရ၊​ ဘယ်မှ မသွား​ရ၊​ စစ်သား​တွေ အပြင်မှာ ​စောင့်​နေတာ​ပေါ့​။ ပြည်သူ့​စစ်လုပ်ထား​ပြီး​သား​၊​ အဲဒါကို ဘာမသင်္ကာလည်း​ မသိဘူး​၊​ သူ့​ကို အကျယ်ချုပ်လုပ်​နေပြီ။”

လဆန်​အောင်ဝါဟာ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) အဖွဲ့​ရဲ့​ ​ထောက်လှမ်း​ရေး​တာဝန်ခံ ​ခေါင်း​ဆောင်​ဟောင်း​တဦး​လည်း​ဖြစ်ပြီး​ ၂ဝဝ၃ ခုနှစ် ဝန်း​ကျင်က အဖွဲ့​တွင်း​ အာဏာသိမ်း​အ​ရေး​အခင်း​မှာ မ​အောင်မြင်ဘဲ ​ကေအိုင်အိုက​နေ ထွက်​ပြေး​တိမ်း​ရှောင်လာခဲ့​ရပါတယ်။

အဲဒီ​နောက် ကချင်ငြိမ်း​ချမ်း​ရေး​အဖွဲ့​အ​နေနဲ့​ ဝိုင်း​မှော်မြို့​နယ်အတွင်း​ မြန်မာစစ်အစိုး​ရက အ​ခြေချခွင့်​ ​ပေး​ထား​ခဲ့​တာဖြစ်ပြီး​ မကြာ​သေး​မီက ပြည်သူ့​စစ် အသွင်​ပြောင်း​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

၂ဝ၁ဝ ​ရွေး​ကောက်ပွဲမှာ ဝိုင်း​မှော်မြို့​နယ်က​နေ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ အနိုင်မရခဲ့​ပါဘူး​။

အခုအခါ သူ့​ကို ဖမ်း​ဆီး​တာဟာ လတ်တ​လောဖြစ်​နေတဲ့​ ​ကေအိုင်အိုနဲ့​မြန်မာစစ်တပ်အကြား​ တိုက်ပွဲ​တွေနဲ့​ ဆက်စပ်နိုင်တယ်လို့​ အဆိုပါ မြစ်ကြီး​နား​ဒေသခံက ​ပြောပါတယ်။

“အခုအချိန်မှာ ကျ​နော်တဦး​တည်း​ အမြင်အရ ပဋိပက္ခဖြစ်တဲ့​အတွက်၊​ တိုက်ပွဲဖြစ်တဲ့​အချိန်မှာ ဒါမျိုး​အဖွဲ့​အစည်း​တွေရှိ​နေ​တော့​ တဖက်က အဆက်သွယ်များ​ဖြစ်သွား​လို့​ရှိရင် ပိုပြီး​မှ ဆိုး​မှာ စိုး​ရိမ်တဲ့​အတွက် ကြိုတင်ကာကွယ်ပြီး​မှ လုပ်လိုက်တဲ့​သ​ဘောထင်တယ်။ လူမျိုး​အချင်း​ချင်း​ဆို​တော့​ ဘယ်လိုများ​ မသင်္ကာသလဲ မသိဘူး​။”

နယ်ခြား​စောင့်​အသွင်​ပြောင်း​ခဲ့​တဲ့​ ယခင် ကချင်ပြည်ဒီမိုကရက်တစ်တပ်မ​တော် (အန်ဒီ​အေ​ကေ) အဖွဲ့​ခေါင်း​ဆောင် ယခု အမျိုး​လွှတ်​တော်အမတ် ဆခုံတိန့်​ယိန်း​နဲ့​ ယခင် အန်ဒီ​အေ​ကေ စစ်ဦး​ချုပ် ​လော်​ဝေါ်ကိုလည်း​ အလား​တူ ဖမ်း​ဆီး​ထား​တယ်ဆိုတဲ့​ သတင်း​တွေ ​ပေါ်ထွက်​နေပြီး​ ဆခုံတိန့်​ယိန်း​က​တော့​ ​နေပြည်​တော်ဘက်မှာ ​ရောက်ရှိ​နေတယ်လို့​ မြစ်ကြီး​နား​ကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013