DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
မနၱေလးတကၠသိုလ္ထဲက KTV
DVB
·
June 21, 2011
မနၱေလးတကၠသိုလ္ထဲက KTV
Donate to DVB

ကျမတို့​ မန္တ​လေး​မြို့​ ၇၈ လမ်း​နဲ့​ သိပ္ပံလမ်း​ထောင့်​ မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာအတွင်း​မှာ Daimond Sky ဆိုတဲ့​ KTV ကို ​ဗြောင်ကျကျ ဖွင့်​ထား​ပါတယ်။

ဒီဆိုင်က မိန်း​က​လေး​တွေလည်း​ ထား​တော့​ ​ဘေး​ပတ်ဝန်း​ကျင်က အ​ဆောင်​နေတဲ့​ ​ကျောင်း​သူ​တွေအတွက် အများ​ကြီး​ အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​ကျောင်း​သား​တွေကလည်း​ ညဆိုရင် အဲဒီဆိုင်မှာပဲ အချိန်ကုန်​နေကြပါတယ်။ ရန်ပွဲကလည်း​ ညတိုင်း​နီး​ပါး​ဖြစ်ပြီး​ ပတ်ဝန်း​ကျင်ကို အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​နေ့​ခင်း​ဆိုရင် အဲဒီဆိုင်က အခန်း​တွေကို အချိန်ပိုင်း​နဲ့​ငှား​တဲ့​အတွက် စုံတွဲ​တွေအတွက် လွတ်လပ်စွာ ချိန်း​တွေ့​လို့​ ရပြီး​ အခန်း​ထဲမှာဆိုရင် ကွန်ဒုံ​တွေ၊​ အပြာကား​တွေ ကြည့်​နိုင်​အောင် စီစဉ်​ပေး​ထား​ပါတယ်။ အဆိုး​ဆုံး​က​တော့​ ​ကျောင်း​သား​တွေအတွက် လွတ်လပ်စွာ မူး​ယစ်​ဆေး​ဝါး​သုံး​လို့​ရတဲ့​ ​နေရာကြီး​ ဖြစ်​နေပါတယ်။

မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာမှာ ဘီယာဆိုင်၊​ အရက်ဆိုင်​တောင် ဖွင့်​ခွင့်​မ​ပေး​တာ ဒီလိုဆိုင်ကို ဘာလို့​ဖွင့်​ခွင့်​ရ​နေတာလဲဆိုတာ တိုင်း​ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ပညာ​ရေး​ဝန်ကြီး​ကို ​မေး​ပေး​ပါရှင့်​။ ကျမတို့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ပျက်စီး​အောင် ဖျက်ဆီး​နေတဲ့​ အဲဒီ KTV ဆိုင်ကို အမြန်ဆုံး​ပိတ်​ပေး​ပါလို့​ သမ္မတ ဦး​သိန်း​စိန်ကို ဒီဗွီဘီကတဆင့်​ တင်ပြလိုက်ပါတယ်။

တတိယနှစ် ရတနာပုံ ​ကျောင်း​သူတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013