DVB Logo
Home
နိုင်ငံရေး
ရွေးကောက်ပွဲကော်မရှင်၏ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်
DVB
·
June 20, 2011
ရွေးကောက်ပွဲကော်မရှင်၏ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်
Donate to DVB

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၇ ရက် ​ရွေး​ကောက်ပွဲရလဒ် အငြင်း​ပွား​ဖွယ်ရာ​တွေနဲ့​ပတ်သက်ပြီး​ တိုင်ကြား​ထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က​နေ ပဲခူး​တိုင်း​ဒေသကြီး​၊​ ကြို့​ပင်​ကောက်မြို့​နယ် မဲဆန္ဒနယ်​မြေက​နေ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​က ဒီက​နေ့​ မှာ ချမှတ်ခဲ့​တဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင်ရဲ့​ စီရင်ချက်အ​ပေါ် စိတ်ပျက်မိတယ်လို့​ ​ပြောဆိုလိုက်ပါတယ်။

သက်​သေ​တွေ အခိုင်အလုံတင်ပြနိုင်ခဲ့​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က အသိအမှတ်ပြု လက်မခံဘဲ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သန့်​ဇင်ကို အနိုင်​ပေး​လိုက်တဲ့​အ​ပေါ် ​ဝေဖန်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

“အန်တီတ​ယောက်တည်း​ပဲ မတရား​ဘူး​ဆိုပြီး​ ကန့်​ကွက်တာပါ။ ဒီရဲ့​​နောက်မှာ အန်တီတို့​ အချိန်​တွေ အများ​ကြီး​ပေး​ရတယ်။ ပိုက်ဆံဆိုတာ ​ပြောဖွယ်ရာမရှိဘူး​။ လူ​တွေလည်း​ အရမ်း​ပန်း​ပါတယ်။ အန်တီတို့​က​တော့​ မှန်မှန်ကန်ကန်လုပ်​ပေး​လိမ့်​မယ်လို့​ ယုံကြည်တယ်။ ​မျှော်လင့်​တယ်။ ဒါ​ပေမယ့်​ ထွက်လာတဲ့​အ​ဖြေက ​တော်​တော်ကို ထူး​ဆန်း​ပါတယ်။ အထူး​သဖြင့်​ တရား​ဥပ​ဒေစိုး​မိုး​ရ​အောင် မြင်ချင်လို့​၊​ တရား​ဥပ​ဒေနဲ့​ အညီ ​ရွေး​ကောက်ပွဲဝင်မယ်ဆိုကတည်း​က တရား​ဥပ​ဒေနဲ့​အညီလုပ်ခဲ့​တာ ဒီ​နေ့​မှာ​တော့​ မရခဲ့​တဲ့​အ​ဖြေပါပဲ။ ဥပ​ဒေနဲ့​မညီတဲ့​ အ​ကြောင်း​တွေကို တဖက်သတ်လက်ခံခဲ့​တဲ့​အတွက် အန်တီက​တော့​ အံ့​လည်း​အံ့​ဩတယ်။ စိတ်လည်း​မ​ကောင်း​ဘူး​။”

ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ အမှုအတွက် အာမခံ​ငွေအဖြစ် ကျပ်​ငွေ ၁၀ သိန်း​ တင်ပြ တိုင်ကြား​ခဲ့​တာဖြစ်ပြီး​ အဲ့​ဒီထဲက နစ်နာ​ကြေး​အဖြစ် ကျပ်ငါး​သိန်း​ကို ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်ကို ​ပေး​အပ်ရဦး​မှာ ဖြစ်ပါတယ်။

ဒါ့​အပြင် တရား​ရုံး​မှာ ထပ်မံပြီး​ ​လျှောက်လွှဲချက် ထက်တင်ဦး​မယ်ဆိုရင်လည်း​ အာမခံ​ငွေ ကျပ် ၁၀ သိန်း​ ထပ်မံတင်ပြရမှာ ဖြစ်တယ်လို့​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​က ​ပြောပါတယ်။

“စီရင်ချက်​တွေကို ကျမကို ကူး​ခွင့်​ပေး​ပါလို့​ ​တောင်း​တော့​ ကူး​ခွင့်​မ​ပေး​နိုင်ဘူး​လို့​ပြောတယ်။ တလအတွင်း​ ကူး​ခွင့်​မ​ပေး​ဘူး​။ တကယ်လို့​ ကူး​ချင်တယ်ဆိုရင် ​ငွေ ၁၀ သိန်း​တင်ပါတဲ့​။ တခါအမှုဆက်တက်မယ်ဆိုရင် ဒုတိယအဆင့်​တင်မယ်ဆိုရင်​တော့​ ​လော​လောဆယ် ၅ သိန်း​မသွင်း​ရ​သေး​ဘူး​။ တကယ်လို့​ အဲလိုဆက်တက်မယ်ဆိုရင် ​နောက်ထပ် ၁၀ သိန်း​ တင်ရဦး​မယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​ဟာ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲကာလအတွင်း​မှာ ပဲခူး​တိုင်း​ဒေသကြီး​၊​ ပြည်သူ့​လွှတ် တော်၊​ ကြို့​ပင်​ကောက်မြို့​နယ်မဲဆန္ဒ နယ်​မြေမှာ ကြံ့​ခိုင်​ရေး​ပါတီက အနိုင်ရ ကိုယ်စား​လှယ် ဦး​သန့်​ဇင်၊​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​မြင့်​စိုး​တို့​နဲ့​အတူ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တာ ဖြစ်ပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ​ရွေး​ကောက်ပွဲ ရလဒ်​တွေနဲ့​ပတ်သက်ပြီး​ ​ကော်မရှင်ကို တိုင်ကြား​ထား​တဲ့​ အမှု​ပေါင်း​ ၂၉ မှု ရှိပြီး​ ဒီမိုကရက်တစ် အင်အား​စု​တွေက တိုင်ကြား​ထား​တဲ့​ အမှု နှစ်မှုသာပါဝင်​နေတာပါ။ အဲဒီထဲက တမှုဖြစ်တဲ့​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​အမှုကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က အခုလို ဆုံး​ဖြတ်ချက် ချမှတ်ခဲ့​တာဖြစ်ပါတယ်။

ဒီအမှု​တွေထဲက ​ကော်မရှင်က ခုချိန်ထိ ၁၁ မှုကို ဆုံး​ဖြတ်ချက်ချထား​ပေး​ပြီး​ ဖြစ်ပြီး​ အဲ့​ဒီထဲက ၁ဝ မှုဟာ ကြံ့​ခိုင်​ရေး​ပါတီက တိုင်ကြား​ခဲ့​တဲ့​ အမှု​တွေချည်း​ဖြစ်ပြီး​ ဒီမိုကရက်ပါတီ ကိုယ်စား​လှယ်​တွေပဲ အနိုင်ရရှိထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013