DVB Logo
Home
နိုင်ငံရေး
မြဝတီတောင်ကြောလမ်းပစ်ခတ်မှု နှစ်ဦး သေဆုံး
DVB
·
June 20, 2011
Donate to DVB

ကရင်ပြည်နယ် မြဝတီ​တောင်​ကြောလမ်း​အတွင်း​ အမည်မသိ​သေနတ်သမား​တဦး​ ပစ်ခတ်မှု​ကြောင့်​ အစိုး​ရတပ်ရဲ​ဘော်တဦး​နဲ့​ အရပ်သား​ဆိုင်ကယ်သမား​တဦး​ ​သေဆုံး​သွား​ပါတယ်။

မြဝတီ-​ ​ကော့​ကရိတ် ​တောင်​ကြေား​လမ်း​က ​အောက်ဗိုလ်တဲနဲ့​ အလယ် ဗိုလ်တဲအကြား​မှာ အမည်မသိ ​သေနတ်သမား​တ​ယောက်က ဆိုင်ကယ်သမား​တဦး​နဲ့​ အစိုး​ရတပ်ရဲ​ဘော်တဦး​ကို ပစ်ခတ်မှုဖြစ်​ပွားခဲ့​တာပါ။

ဒီပစ်ခတ်မှုအတွင်း​ အဲဒီ ရဲ​ဘော်နဲ့​ ဆိုင်ကယ်သမား​ နှစ်ဦး​စလုံး​ ဒဏ်ရာပြင်းထန်ပြီး​ ​သေဆုံး​သွား​တယ်လို့​ ဒီ​နေ့​ ဘား​အံက​နေ မြဝတီကို ပြန်လာတဲ့​ ခရီး​သည်တဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ မြဝတီ​တောင်​ပေါ်လမ်း​ ​အောက်ဗိုလ်တဲအ​ကျော် ​ကွေ့​အ​ကျော်​လေး​မှာ အလယ်ဗိုလ်တဲ မ​ရောက်ခင်​လေး​မှာ ဘယ်သူလဲ​တော့​ အတိအကျ ​ပြောမရဘူး​။ လုံချည်​လေး​ခြုံပြီး​တော့​ အသာ​လေး​ တက်သွား​ချိန်မှာ ဆိုင်ကယ်သမား​တ​ယောက်နဲ့​ စစ်သား​တ​ယောက်ကို လှည့်​ပြီး​ပစ်သွား​လိုက်တာ။ တိုက်ပွဲပုံစံမဟုတ်ဘူး​။ လုပ်ကြံလိုက်တဲ့​ပုံစံ​ပေါ့​။ ခရီး​သွား​ဟန်လွဲပုံစံနဲ့​ ပစ်သွား​တာ။ ဝါး​နဲ့​တား​တဲ့​ ဝါး​တား​ဂိတ်ကို ​ကျော်သွား​ပြီး​တော့​မှ အဲဒီ​နောက်မှာမှ ဆိုင်ကယ်တစီး​က ​ရောက်လာတယ်။ အဲဒီအချိန်မှာ စစ်သား​က ထွက်တား​တယ်။ အဲဒီစစ်သား​က ဆိုင်ကယ်မှာ အာရုံ​ရောက်​နေချိန်မှာ အဲဒီလုံချည်ခြုံထား​တဲ့​လူက လှည့်​ပစ်လိုက်တာ။ ဆိုင်ကယ်သမား​တ​ယောက်​ကော ​သေသွား​တယ်။ အခု​တော့​ ​အေး​အေး​ဆေး​ဆေး​ ပြန်တက်လို့​ရပြီ။”

နေ့​ခင်း​ ၁၂ နာရီ​လောက်မှာ ပစ်ခတ်မှုဖြစ်ပွား​ခဲ့​တာဖြစ်ပြီး​ ​သေနတ်ကိုင်​ဆောင် ပစ်သတ်သူဟာ မည်သူမည်ဝါဆိုတာကိုလည်း​ မသိရသလို ပစ်ခတ်ပြီး​ ထွက်​ပြေး​သွား​တာ​ကြောင့်​ ဖမ်း​ဆီး​ရမိခြင်း​ မရှိဘူး​လို့​ အဲဒီခရီး​သည်က ​ပြောပါတယ်။

ဒီ​နေ့​ဟာ ဘား​အံ-​ကောကရိတ်က​နေ မြဝတီကို တက်တဲ့​နေ့​ဖြစ်တာ​ကြောင့်​ ဒီလိုပစ်ခတ်မှုဖြစ်ပွား​ခဲ့​တဲ့​အတွက် ​အောက်ဗိုလ်တဲမှာ ကား​အစီး​ပေါင်း​ ၅၀ ​ကျော် ​ခေတ္တာ ရပ်ဆိုင်း​ မှု ဖြစ်ပွား​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ည​နေပိုင်း​မှာ​တော့​ ကား​တွေကိုမြဝတီဘက် ပြန်တက်ခွင့်​ ​ပေး​ခဲ့​တယ်လို့​ အဲဒီ ခရီး​သည်ကပဲ ​ပြောပါတယ်။

မ​နေ့​ကလည်း​ ဒီ​ကေဘီ​အေ ဗိုလ်​ကျော်သက်ဦး​ဆောင်တဲ့​အဖွဲ့​က ​ကောကရိတ်မြို့​အဝင် တဲသုံး​လုံး​အနီး​မှာ ဆက်​ကြေး​ငွေ​ကောက်ခံတဲ့​အတွက် အစိုး​ရတပ်ဘက်က သူတို့​ကို လက်နက်ကြီး​တွေနဲ့​လှမ်ပြီး​ ပစ်ခတ်ခဲ့​လို့​ အပြန်လှန် လက်နက်ကြီး​နဲ့​ ပစ်ခတ်မှု ဖြစ်ပွား​ခဲ့​ပါတယ်။

မ​နေ့​က ဖြစ်တဲ့​တိုက်ပွဲအတွင်း​ ထိခိုက်ကျဆုံး​မှု အ​သေး​စိတ်ကို မသိရ​သေး​ပေမယ့်​ မြဝတီမြို့​ခံ​တွေရဲ့​ ​ပြောဆိုချက်အရ တိုက်ပွဲအတွင်း​ ဗိုလ်မှူး​ကြီး​ကျော်သက်တို့​အဖွဲ့​က ၄ ဦး​ ကျဆုံး​ခဲ့​လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013