DVB Logo
Home
နိုင်ငံရေး
အစိုးရသစ် တိုက်ပွဲများရပ်ပြီး ဆွေးနွေးရန် ဒီမိုကရေစီ မိတ်ဆွေပါတီများ ပြောကြား
DVB
·
June 20, 2011
အစိုးရသစ် တိုက်ပွဲများရပ်ပြီး ဆွေးနွေးရန် ဒီမိုကရေစီ မိတ်ဆွေပါတီများ ပြောကြား
Donate to DVB

တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အင်အား​စု ​တွေကြား​ တိုက်ပွဲ​တွေ အမြန်ဆုံး​ရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့​ ဒီမိုကရက်တစ် အင်အား​စု နိုင်ငံ​ရေး​ပါတီ (၁၁) ပါတီ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေက​နေ ​မေတ္တာရပ်ခံ ​ပြောကြား​လိုက်ကြပါတယ်။

ဒီက​နေ့​မှာ ထုတ်ပြန်တဲ့​ ဒီမိုက​ရေစီမိတ်​တွေပါတီ (၁၁) ပါတီရဲ့​ ​ကြေညာချက်မှာ အခုလို ​ရေး​သား​ဖော်ပြ ​ပြောကြား​လာတာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ မိတ်​ဆွေပါတီ (၁၁) ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဒီမိုကရက်တစ်ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို​ပြောပါတယ်။

“တိုင်း​ရင်း​သား​နယ်စပ်​တွေမှာ တိုက်ပွဲ​တွေ အရှိန်နဲ့​ ဖြစ်လာတာကို အင်မတန်မှဝမ်း​နည်း​တယ်။ မဖြစ်​စေချင်ပါဘူး​ဆိုတဲ့​ အ​ကြောင်း​ကိုပဲ ​ပြောခဲ့​တာ။ အဲဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ အား​လုံး​ညှိနှိုင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်ကြပါဆိုတာကို တိုက်တွန်း​တာပါ။ သမ္မတကြီး​ပြောတဲ့​ မိန့်​ခွန်း​ထဲမှာလည်း​ ပါတယ်။ အား​လုံး​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ဖြစ်​စေချင်တယ်ဆိုတာ။ အဲ​တော့​ အစိုး​ရအသစ်အ​နေနဲ့​ ဒီလိုငြိမ်း​ချမ်း​တဲ့​နည်း​ကို ​ပေး​ပြီး​တော့​မှ ဒါဟာတိုင်တိုင်ပင်ပင်နဲ့​ လုပ်​စေချင်တာ​ပေါ့​။ အနှစ်ချုပ်​တော့​ အခုဟာက ကျ​နော်တို့​ တိုက်တွန်း​တယ်ဆိုတာ အဘက်ဘက်က ဝိုင်း​ပြီး​တိုက်တွန်း​ပြီး​ပြောရမှာ​ပေါ့​။ အား​လုံး​ကောင်း​စေချင်တာကိုး​။”

ဒီလိုတိုက်တွန်း​ပြောကြား​တာ​တွေကို အစိုး​ရအ​နေနဲ့​ အ​လေး​အနက်ထား​ဖို့​ လိုတယ်လို့​လည်း​ ဦး​သု​ဝေက ဆိုပါတယ်။

“ဒီလိုတိုက်ပွဲ​တွေ ဖြစ်​နေတာ​ကြောင့်​ တိုင်း​သူပြည်သား​လူထု​တွေ အများ​ကြီး​နစ်နာရတယ်။ အိုး​အိမ်​တွေဆုံး​ရှုံး​ရတယ်။ အဲဒါ​တွေ​ကြောင့်​ ဒါ​တွေက ပိုကျယ်ပြန့်​သွား​မယ်ဆိုရင် မ​ကောင်း​ဘူး​ပေါ့​။ ဒါ​ကြောင့်​မို့​လို့​ အခုကတည်း​က​နေ ငြိမ်း​ချမ်း​ရေး​ရ​အောင် ကြိုး​စား​ချင်ပါတယ်လို့​ ​ပြောချင်တာ​ပေါ့​။ ဒီလိုတိုက်တွန်း​တာ​တွေ များ​လာ​တော့​ အစိုး​ရက အ​ရေး​တယူ​တော့​ လုပ်လာရမှာ​ပေါ့​။ နက်နဲ​လာတာ​ပေါ့​။”

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ (၇) ရက် ​ရွေး​ကောက်ပွဲ​နေ့​က​နေ စတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့​ ​နောက်ဆုံး​ ကချင်ပြည်နယ်​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အစည်း​တွေကြား​ တိုက်ပွဲ​တွေ ဆက်တိုက်လိုလိုဖြစ်ပွား​လာတာနဲ့​ပတ်သက်ပြီး​ အတိုက်အခံနိုင်ငံ​ရေး​ အင်အား​စုအချို့​က​တော့​ အစိုး​ရသစ်ဟာ ငြိမ်း​ချမ်း​ရေး​ကို လိုလား​ဖွယ်မရှိဘူး​လို့​ ပြစ်တင်​ဝေဖန်မှု​တွေလည်း​ ရှိ​နေပါတယ်။

ဒီလ (၉) ရက်​နေ့​က စတင်ပြီး​ ကချင်ပြည်နယ်တွင်း​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေကိုရပ်ဖို့​ ကချင်လွတ်​မြောက်​ရေး​ တပ်မ​တော် (​ကေအိုင်အို) က ဆန္ဒရှိ​နေ​ပေမယ့်​ ပြည်​ထောင်စုအစိုး​ရနဲ့​ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီတို့​က တာဝန်ယူ ကမ်း​လှမ်း​လာတမျိုး​တော့​ မရှိ​သေး​ပါဘူး​။ လက်ရှိအ​ခြေအ​နေမှာ​တော့​ အဲ့​ဒီ​ဒေသ​တွေမှာ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​လောက်ရှိ​နေပြီ ဖြစ်ပါတယ်။

ဒီလို တိုင်း​ရင်း​သား​ဒေသ​တွေက တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ အစိုး​ရပိုင်မီဒီယာ​တွေမှာ ဝါဒဖြန့်​ချိ​ရေး​သား​မှု အချို့​သာရှိ​ပေမယ့်​ သတင်း​ဂျာနယ်​တွေမှာ​တော့​ ဒီကိစ္စ​တွေနဲ့​ပတ်သက်ပြီး​ စာ​ပေစိစစ်​ရေး​က ထိန်း​ချုပ် ပိတ်ပင်ထား​ဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013