DVB Logo
Home
နိုင်ငံရေး
လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် မိုင်းခွဲခံရ
DVB
·
June 20, 2011
လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် မိုင်းခွဲခံရ
Donate to DVB

[caption id="attachment_11106" align="alignleft" width="310" caption="ဗုံး​ပေါက်ကွဲရာအနီး​က စိန်လုံရွာ (ဓာတ်ပုံ Missgreenlady)"][/caption]

မနေ့​ညက ကချင်ပြည်နယ် လွယ်ဂျယ်နဲ့​ မိုး​မောက်အကြား​က တံတား​နဲ့​ လမ်း​တွေ မိုင်း​နဲ့​ ထပ်ပြီး​ အခွဲခံခဲ့​ရလို့​ လမ်း​ကြောင်း​ လုံး​ဝပြတ်​တောက်သွား​ပြီး​ ယာဉ်​တွေ သွား​မရ​တော့​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အခုလ (၁၅) ရက်​နေ့​က လွယ်ဂျယ်နဲ့​ မိုး​မောက်အကြား​က တံတား​ (၃) ခု မိုင်း​ခွဲ ဖျက်ဆီး​ခံခဲ့​ပြီး​ ​နောက်တရက်မှာလည်း​ တံတား​နဲ့​ လမ်း​ဘေး​ ကမ်း​ပါး​ယံ သုံး​နေရာကို မိုင်း​ခွဲဖျက်ဆီး​ခံခဲ့​ရတာ​ကြောင့်​ ကုန်ကား​ကြီး​များ​ သွား​လာလို့​ မရဘဲ ခရီး​သည်တင် ကား​ငယ်​လေး​တွေသာ ဝါး​တွေနဲ့​ ယာယီတံတား​ထိုး​လို့​ ဖြတ်သန်း​နေရပါတယ်။

မ​နေ့​ညကလည်း​ မိုင်း​ခွဲခံရလို့​ ဒီ​နေ့​မှာ​တော့​ ကား​ငယ်​တွေလည်း​ သွား​လို့​ မရ​တော့​တဲ့​အ​ကြောင်း​ လွယ်ဂျယ်​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။

“မ​နေ့​ညက ​လေး​လုံး​ပြန်ခွဲပြန်တယ်။ စိန်လုံနား​မှာရယ်၊​ ​ယောရုံနား​မှာ တံတား​တွေပဲ။ ​နောက်တချက်က အ​ကွေ့​နေရာ၊​ ​မြေကြီး​ကို ဖြိုတာ။ ကား​ အ​သေး​တွေက​တော့​ လွန်ခဲ့​တဲ့​ ​နေ့​တွေက သွား​လို့​ ရ​သေး​တာကိုး​။ အခုက လုံး​ဝ သွား​လို့​ မရ​အောင် ပြန်ခွဲပြန်တာ။ တခြား​နေရာ​တွေ ပြန်ခွဲတာ။ အဲဒီ​နေရာ မဟုတ်​တော့​ဘူး​။ ခွဲတာက လုံး​ဝသွား​လို့​ မရ​တော့​ဘူး​။”

လွယ်ဂျယ်-မိုး​မောက် လမ်း​ပိုင်း​ဟာ လွယ်ဂျယ်-ဗန်း​မော် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​ရဲ့​ အစိတ်ပိုင်း​လည်း​ဖြစ်တာမို့​ မိုင်း​ခွဲမှု​တွေစတင်ခဲ့​တဲ့​ အခုလ (၁၅) ရက်​နေ့​ကတည်း​က နယ်စပ် ကုန်သွယ်​ရေး​တွေ ရပ်တန့်​နေပြီး​ ကုန်ကား​တွေ တရုတ်ပြည်ဘက်မှာ ​သောင်တင်​နေပါတယ်။

အခုအခါ လမ်း​ကြောင်း​ပြတ်​တောက်သွား​တဲ့​အတွက် ကုန်သည်​တွေအကုန်လုံး​ဘာမှ လုပ်လို့​မရ​တော့​ဘူး​လို့​ အဆိုပါ လွယ်ဂျယ်​ဒေသခံက ​ပြောပါတယ်။

“လွယ်ဂျယ်ဘက်က ကုန်သည်​တွေလည်း​ ကား​နဲ့​ ကုန်နဲ့​ ပုံသွား​ပြီ။ ဘာမှ လုပ်လို့​ မရ​တော့​ဘူး​။ လမ်း​ကြော ပြတ်သွား​ပြီ။ နယ်စပ်ကုန်သွယ်​ရေး​ လား​ရင်း​ဘက် အခြမ်း​ထဲမှာ ပုံထား​တယ်ကား​။ ကုန်သည်ကြီး​များ​အသင်း​ပေါ့​၊​ အရပ်သား​ကုန်သည်​တွေည်း​ ​သောင်တင်​နေကြတယ်။ ကုန်ကား​ကြီး​တွေက​တော့​ လား​ရင်း​မှာပဲ ​သောင်တင်​နေကြတယ်။ (၁၅) ရက်က​နေ အခုက (၂ဝ)ဆို (၅) ရက်ရှိပြီ​ပေါ့​။”

ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) နဲ့​ မြန်မာစစ်တပ်​တွေအကြား​ ဇွန် (၉) ရက်​နေ့​က တိုက်ပွဲ​တွေ ပြန်ဖြစ်လာပြီး​နောက်ပိုင်း​ ​ကေအိုင်အိုအဖွဲ့​က ဇွန် (၁၅) ရက်ကစလို့​ ကချင်ပြည်နယ် ​နေရာအနှံ့​မှာ အဓိကကျတဲ့​ လမ်း​ကြောင်း​တွေကို မိုင်း​ခွဲဖျက်ဆီး​တာ​တွေ ဆက်တိုက်လုပ်လာ​နေခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013