DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ဝန်ကြီးကြောင့် ကော့သောင်းပြည်သူများ ကျန်းမာရေးအရ နစ်နာ
DVB
·
June 20, 2011
ဝန်ကြီးကြောင့် ကော့သောင်းပြည်သူများ ကျန်းမာရေးအရ နစ်နာ
Donate to DVB

ပြည်သူလူထု​ကောင်း​ကျိုး​ကို အ​ရေး​မထားဘဲ နိုင်ထက်စီး​နင်း​ အာဏာပြချင်တာသာသိတဲ့​ တနင်္သာရီတိုင်း​ ဝန်ကြီး​ချုပ် ခင်​ဇော်ရဲ့​ အ​မြော်အမြင်နည်း​တဲ့​လုပ်ရပ်​ကြောင့်​ ကျန်း​မာ​ရေး​စောင့်ရှောက်ခံရမှုနစ်နာရတဲ့​ ပြည်သူ​တွေအတွက် ​ဆောင်ရွက်​ပေးပါဦး​။

ဧပြီ ၂၄ ရက်တုန်း​က တနင်္သာရီတိုင်း​ ​ကော့​သောင်း​ပြည်သူ့​ဆေး​ရုံကြီး​မှာ သွေးလှူဘဏ်ပြုလုပ်ဖို့​ သံဃာ​တော် ​တွေ​၊​ ဌာနဆိုင်ရာ အကြီး​အကဲတွေ၊​ ရပ်မိရပ်ဖတွေ၊​ ​စေတနာရှင်​သွေး​လှူရှင်တွေကို ​ ဖိတ်ကြား​ခဲ့​ပါတယ်။

ဖိတ်ကြား​ခံရတဲ့​ ​စေတနာရှင် ​သွေးလှူအဖွဲ့​မှာ အမျိုးသား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​သွေး​လှူကွန်ရက်မှ လူငယ်​သွေး​လှူရှင်​တွေလည်း​ ပါဝင်ခဲ့​လို့​ဆိုပြီး​ ကြံ့​ခိုင်​ရေး​အဖွဲ့​မှ ​ဌေး​ဝင်း​ဆိုသူမှ တိုင်း​ဝန်ကြီး​အဖွဲ့​ကို တိုင်ကြား​ခဲ့​ပါတယ်။ တိုင်းညွှန်ကြား​ချက်အရဆိုပြီး​ အဲဒီအစည်း​ဝေး​ကျင်း​ပခါနီး ​ဆဲဆဲ​လေး​မှာမှ ဖျက်သိမ်း​ခဲ့တဲ့​အပြင် သမား​တော် ​ဒေါက်တာဝင်း​နိုင်ကိုလည်း​ ငါ့​တိုင်း​ထဲမှာ မမြင်ချင်ဘူး​ဆိုပြီး​ ဝန်ကြီး​ချုပ် ဦးခင်​ဇော်မှ မတရား​အာဏာပြကာ ​ပြောင်း​ရွှေ့​မိန့်​ ထုတ်ခဲ့​ပါတယ်။

တကယ်​တော့​ သမား​တော် ​ဒေါက်တာဝင်း​နိုင်ဟာ သူတာဝန်ကျရာမြို့​တွေမှာ ​သွေးလှူဘဏ် တွေကို အ​ကောင်အထည်ဖော်တဲ့​ အစဉ်အလာရှိသူ ဆရာဝန်ဖြစ်ပြီး​ လူနာ​တွေအ​ပေါ်မှာလည်း​ ​စေတနာအပြည့်​နဲ့​ကုသ​ပေး​တတ်တဲ့​ ဆရာဝန်​ကောင်း​တ​ယောက်လည်း​ ဖြစ်ပါတယ်။ ​ကော့​သောင်း​မှာလည်း​ ​သွေး​အတွက် အခက်အခဲ ဖြစ်​နေ​တဲ့​ ​ လူနာတွေ​အတွက် ​ဖြေရှင်း​ပေး​လို​သော​စေတနာနဲ့​သာ ပြုလုပ်တာ ဖြစ်ပါတယ်။ ဝန်ကြီး​ချုပ်ခင်​ဇော်က ဆရာဝန်ကြီး​​ ကို အငြှိုး​အာဃာတနဲ့​ အ​ရေး​ယူ​ဆောင်ရွက်လိုက်တဲ့​လုပ်ရပ်ဟာ နိုင်ငံ​တော်က တမျိုး​သား​လုံး​ ကျန်းမာကြံ့​ခိုင်​ရေး​ကို ဦး​တည် လုပ်​ဆောင်​နေတယ်ဆိုတဲ့​ နိုင်ငံ​တော်ကျန်း​မာ​ရေး​ဆိုင်ရာမူဝါဒနဲ့​ ဆန့်​ကျင်ဘက် ဖြစ်​နေပါတယ်။

ကော့​သောင်း​မြို့​နယ်အတွက်လည်း​  ဆရာဝန်​ကောင်း​တဦး​ ဆုံး​ရှုံး​​ရမယ့်​ အ​ခြေအ​နေကို​ရောက်​နေပြီး​ အများ​ပြည်သူ လူနာတွေ​အတွက် အ​ရေး​တကြီး​လိုအပ်​နေတဲ့​ ​သွေးလှူဘဏ်တခုလည်း​ ဆုံး​ရှုံး​ခဲ့​ရပါတယ်။ ဒါ​ကြောင့်​ အဲဒီဖြစ်ရပ်ကို နိုင်ငံ​တော်အကြီး​အကဲတွေ​အ​နေနဲ့​ အချိန်မီ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ပါလို့​ အသိ​ပေး​အပ်ပါတယ်။

ကော့​သောင်း​မြို့​ခံတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013