DVB Logo
Home
လူမှုရေး
အစိုးရအဖွဲ့ကို ဗုဒ္ဓတရားနှင့်အညီ ကျင့်ကြံရန် သီတဂူဆရာတော်မိန့်ကြား
DVB
·
June 17, 2011
အစိုးရအဖွဲ့ကို ဗုဒ္ဓတရားနှင့်အညီ ကျင့်ကြံရန် သီတဂူဆရာတော်မိန့်ကြား
Donate to DVB

အစိုး​ရအဖွဲ့​ဝင်ပုဂ္ဂိုလ်​တွေကို ဗုဒ္ဓရဲ့​တရား​တော်​တွေအတိုင်း​ ကျင့်​ကြံအား​ထုတ်ပြုမူ၊​ ​နေထိုင် ​ဆောင်ရွက်ကြဖို့​ သီတဂူဆရာ​တော် ​ဒေါက်တာအရှင် ဥာဏိဿရက မိန့်​ကြား​လိုက်ပါတယ်။

ဒုတိယအ​နေအဖြစ် ဒီက​နေ့​ကျင်း​ပတဲ့​ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​ကိုတက်​ရောက်လာတဲ့​ ဒုတိယသမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ အပါအဝင် အစိုး​ရအဖွဲ့​ဝင် ဝန်ကြီး​တွေ၊​ နိုင်ငံတကာသံရုံး​တွေက တာဝန်ရှိသူ​တွေ၊​ ကုလသမဂ္ဂ အဖွဲ့​အစည်း​တွေက ဧည့်​ပရိသတ်​တွေကို မိန့်​ကြား​လိုက်တာ ဖြစ်ပါတယ်။

ဒီလို မိန့်​ကြား​ခဲ့​တာနဲ့​ပတ်သက်ပြီး​ ဆရာ​တော်ရဲ့​ အတွင်း​ရေး​မှူး​ဖြစ်သူ ဦး​ဟန်က အခုလို ပြန်​ပြောပြပါတယ်။

“ဗုဒ္ဓရဲ့​ ​ဟောကြား​ချက်​တွေကို အား​လုံး​ ညီညီညွတ်ညွတ်နဲ့​ လိုက်နာကြဖို့​ပေါ့​။ ကျင့်​ကြံကြဖို့​ အား​ထုတ်ကြဖို့​ ဘာသာ​ရေး​ သာသနာ​ရေး​ဆိုင်ရာ ဆုံး​မဩဝါဒ​တွေ အဲဒီမှာလည်း​ လူတိုင်း​လူတိုင်း​ အား​လုံး​ ကိုယ့်​နေ့​စဉ် လုပ်ငန်း​မှာ ဗုဒ္ဓရဲ့​ တရား​ကို ကျင့်​ကြံအား​ထုတ်မယ် ဆိုလို့​ရှိရင် အား​လုံး​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ကိုယ့်​ဘဝ​အေး​ချမ်း​မှု​ရော အား​လုံး​ ဖြစ်မယ်။ ကိုယ့်​ဘဝ ​ရှေဘဝ၊​ ဒီဘဝ အား​လုံး​ ပြည့်​စုံမယ်ဆိုတာ​တွေ တကယ့်​ တရား​သက်သက်​တွေ။”

ပြည်​ထောင်စုသာသနာ​ရေး​ဝန်ကြီး​ဌာနဝန်ကြီး​ သူရဦး​မြင့်​မောင်က​တော့​ ဆရာ​တော်ကြီး​အ​နေနဲ့​ အခုလို အပြည်အပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်​တွေ တည်​ထောင်ဖွင့်​လှစ်​ပေး​တဲ့​အ​ပေါ် ​ကျေး​ဇူး​တင် ဂုဏ်ယူဝမ်း​မြောက်​ကြောင်း​ ပြန်လည် ​ပြောကြား​ခဲ့​ပါတယ်။

ဒီက​နေ့​ ဖွင့်​ပွဲအခမ်း​အနား​အစီအစဉ်​တွေကိုလည်း​ ဦး​ဟန်က အခုလို ​ပြောပြပါတယ်။

“​ရှေ့​မှာက ​နေပြည်​တော်က​နေပြီး​တော့​ ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော်ရဲ့​ ပြည်​ထောင်စု ဝန်ကြီး​ခေါ်တာ​ပေါ့​နော် သာသနာ​ရေး​ဝန်ကြီး​ ဦး​မြင့်​မောင်က​နေပြီး​ ဆိုင်း​ဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်​တယ်။ ​နောက် ကျ​နော်တို့​ တိုင်း​ဒေသကြီး​က ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေက​နေပြီး​ လိုက်ကာ​ ဖွင့်​ပေး​တယ်။ ​နောက် ​ရောင်စုံ ၆ ​ရောင်ခြယ် ဘူ​ဘောင်း​တွေနဲ့​ ကျ​နော်နဲ့​ မြို့​တော်ဝန်ကြီး​ ဦးလှမြင့်နဲ့​က နှစ်​ယောက်တွဲပြီး​တော့​ ကျ​နော်တို့​ ဖွင့်​ပေး​တယ်။ အဲဒီက​နေ ဆရာ​တော်ကြီး​က လိုက် ရှင်း​လင်း​ပြပြီး​တော့​ ကျ​နော်တို့​ အ​ပေါ်ထပ်က​ ဘုရား​ဆောင်ကြီး​တွေဆီကို အား​လုံး​တက်ကြတာ​ပေါ့။ အဲဒီကျ​တော့​ ဗုဒ္ဓရုပ်ပွား​တော်​တွေကို ဒုတိယ သမ္မတကြီး​က ဖွင့်​တယ် အဲဒါပါပဲ။”

သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ တည်​ထောင်ဖွင့်​လှစ်​နေတဲ့​ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​တွေကို ​နောက် သုံး​ရက်ထက်မံကျင်း​ပပြုလုပ်ဦး​မှာဖြစ်ပြီး​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ ​ဆောင်​တွေ၊​ လူမှု​ရေး​အသင်း​အဖွဲ့​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ကြဖို့​ရှိ​နေပါ​သေး​တယ်။

သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓ တက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၁ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​ပါတယ်။

သာသနာပြုလုပ်ငန်း​ ​တွေအပြင် ပညာ​ရေး​၊​ လူမှု​ရေး​လုပ်ငန်း​တွေကို ​ဆောင်ရွက်​ပေး​နေတဲ့​ သက်​တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့​ ဆရာ​တော်ကြီး​ဟာ ၁၉၈၈ ခုနှစ် ၈ ​လေး​လုံး​ ဒီမိုက​ရေစီအ​ရေး​အခင်း​ ကာလတုန်း​က “ရာ​ဇောဝါဒသုတ္တန်” ကို ​ဟောကြား​ခဲ့​ပြီး​ အစိုး​ရအပါအဝင် တိုင်း​ပြည်အုပ်ချုပ်သူ​တွေအ​နေနဲ့​ ဗုဒ္ဓဘုရား​ရှင်ရဲ့​ အဆုံး​အမ တရား​တော်အတိုင်း​ လိုက်နာကျင့်​ကြံကြဖို့​ လိုအပ်ပုံကို ​ဟော​ပြောဆုံး​မခဲ့​ဖူး​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013