DVB Logo
Home
သတင်းမီဒီယာ
ပဋိပက္ခတိုက်ပွဲသတင်းများ စာပေစိစစ်ရေး ထိန်းချုပ်ထား
DVB
·
June 17, 2011
ပဋိပက္ခတိုက်ပွဲသတင်းများ စာပေစိစစ်ရေး ထိန်းချုပ်ထား
Donate to DVB

တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခတိုက်ပွဲ​တွေနဲ့​ပတ်သက်ပြီး​ ပြည်တွင်း​ ဂျာနယ်သတင်း​ဂျာနယ်​တွေမှာ ​ဖော်ပြခွင့်​တွေကို စာ​ပေစိစစ်​ရေး​က ထိန်း​ချုပ်ကန့်​သတ်ထား​တယ်လို့​ ရန်ကုန် စာနယ်ဇင်း​လောကသား​တွေက ဆိုပါတယ်။

ရွေး​ကောက်ပွဲ​နေကစတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့​ ကချင်ပြည်နယ်​တွေက လက်နက်ကိုင် အင်အား​စု​တွေနဲ့​ မြန်မာ့​တပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ ​ဖော်ပြခွင့်​တွေကို စာ​ပေစိစစ်​ရေး​က ထိန်း​ချုပ်ကန့်​သတ်ထား​တာဖြစ်ပြီး​ အစိုး​ရအာ​ဘော်ထုတ် သတင်း​စာ​တွေမှာ​တောင် ဖြစ်စဉ်​တွေကို ​ဖော်ပြခြင်း​ မရှိတာလည်း​ ဖြစ်ပါတယ်။

အခု​နောက်ဆုံး​ ဖြစ်ပွား​နေတဲ့​ ကချင်ပြည်နယ်အတွင်း​က ​ကေအိုင်​အေ (​ခေါ်) ကချင်လွတ်လပ်​ရေး​ တပ်မ​တော်နဲ့​ မြန်မာ့​တပ်မ​တော်တို့​အကြား​ ပဋိပက္ခ​တွေ​ကြောင့်​ ဖြစ်ပွား​လာရတဲ့​ တိုက်ပွဲ​တွေနဲ့​ ဒုက္ခသည်​တွေအ​ရေး​နဲ့​ပတ်သက်ပြီး​ စာ​ပေစိစစ်​ရေး​ကို တင်ပြထား​​ပေမယ့်​လည်း​ ခွင့်​ပြုနိုင်ဖို့​ အ​ခြေအ​နေမရှိဘူး​လို့​ သတင်း​ဂျာနယ် အယ်ဒီတာတဦး​က ဆိုပါတယ်။

ဒါ​ပေမယ့်​ ဂျာနယ်အများ​စုက​တော့​ ​ရေး​သား​ဖော်ပြခွင့်​ ရမှာမဟုတ်တဲ့​ အတွက် မတင်ပြကြတာ များ​တယ်လို့​လည်း​ သူက ဆိုပါတယ်။

“တင်ကြည့်​တယ် အဲဒီဥစ္စာ ရ​တော့​မှသာ တခြား​ကိုယ့်​ဒေသတွင်း​ကဟာ ဘာညာ လုပ်လို့​ရမယ်။ ​ဒေသတွင်း​က​တော့​ မလွယ်လှဘူး​ ဘာမှကို အ​ရေး​မခံတာ​လေ။ အား​လုံး​က​တော့​ လက်​ရှောင်ထား​ကြတယ်။ ဒါက ​ရေး​လို့​ ရတဲ့​ဟာ မဟုတ်​လောက်ဘူး​ ဆိုပြီး​တော့​မှ အား​လုံး​က​တော့​ အဲဒီလို လုပ်ကြတယ်။ တချို့​လောက်ပဲ သိရ​အောင် လုပ်​နေတာလို့​ ထင်တယ်​လေ။”

ဒါ့​အပြင် ပဋိပက္ခ​တွေဖြစ်ပွား​နေတဲ့​ ​ဒေသရဲ့​ ​ရွေး​ကောက်တင်​မြှောက်ခံ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ ​ဒေသတွင်း​ ငြိမ်း​ချမ်း​ရေး​အတွက် အစိုး​ရက လုပ်​ဆောင်ဖို့​ အ​ရေး​ကြီး​ကြောင်း​တင်ပြ ​ပြောဆိုချက်​တွေကို ​ဖော်ပြ နိုင်ဖို့​ သတင်း​ဂျာနယ်အချို့​ ကြိုး​စား​ခဲ့​ကြ​ပေမယ့်​လည်း​ စာ​ပေစိစစ်​ရေး​က ဖြုတ်ပယ်ခဲ့​တယ်လို့​ အခြား​ အယ်ဒီတာ အချို့​က ဆိုပါတယ်။ ဒီကိစ္စကိုလည်း​ အယ်ဒီတာက အခုလို​ပြောပါတယ်။

“​ရေး​လို့​ မရတာက အရင်ကတည်း​က ​ရေး​လို့​ မရတာ​လေ။ အခု ​ရေး​ခွင့်​ နည်း​နည်း​ပါး​ပါး​ ရလာ​တော့​ ​ရေး​လို့​ ရတဲ့​အထဲမှာ အဲဒါ ပါသလား​ မပါသလား​တော့​ စူစမ်း​ကြည့်​တာ​ပေါ့​နော်။ ကျ​နော်တို့​ စူး​စမ်း​ကြည့်​တာပဲ တကယ်က ​ရေး​လို့​ ရတဲ့​အထဲမှာ မပါဘူး​ သူက။ ဘာဖြစ်လို့​လဲဆို​တော့​ လွှတ်​တော်အမတ်​တွေကိုလည်း​ ကျ​နော်တို့​ ​မေး​တဲ့​ ​မေး​ခွန်း​ထဲမှာ ပါတယ်။ ခင်ဗျား​တို့​ ဒီကိစ္စလွှတ်​တော်မှာ ​ဆွေး​နွေး​လို့​ ရသလား​ ဆို​တော့​ သူတို့​က​ပြောတယ် ​ဆွေး​နွေး​လို့​ မရဘူး​တဲ့​ ဒါ​တွေက။ လွှတ်​တော်အမတ်​တွေ ​ဆွေး​နွေး​ရမယ့်​ ​ဘောင်ထဲမှာကို မပါတာ။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေထဲမှာကို မပါတာ အဲဒါ​တွေက။”

ဒီလိုပြည်တွင်း​သတင်း​ မီဒီယာ​တွေမှာ ​ဖော်ပြခွင့်​ မရရှိတာ​ကြောင့်​ ပြည်ပအသံလွှင့်​ဌာန​တွေနဲ့​ မီဒီယာ​တွေကိုပဲ ပြည်သူ​တွေ အဓိထား​ပြီး​ ​စောင့်​ကြည့်​နေရတယ်လို့​လည်း​ အခြား​ ဝါရင့်​အယ်ဒီတာအချို့​ကဆိုပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ကချင်ပြည်နယ်တွင်း​ မြန်မာ့​တပ်မ​တော်နဲ့​ ကချင်လွတ်လပ်​ရေး​တပ်မ​တော်တို့​အကြား​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ တရုတ်နဲ့​ အ​မေရိကန် နိုင်ငံတို့​က စစ်ဆင်​ရေး​များ​ ရပ်ဆိုင်း​ဖို့​နဲ့​ အမျိုး​သား​ ရင်ကြား​စေ့​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာသင့်​ တယ်လို့​ ​ပြောကြား​ ထား​ပါတယ်။

ဒါ့​အပြင် ပြီး​ခဲ့​သည့်​ ရက်ပိုင်း​တွေက ကချင်ပြည်နယ်၊​ မိုး​မောက် ​ဒေသမှာ ဖြစ်ပွား​ခဲ့​တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည် ၁ ​သောင်း​ကျော်​လောက် တရုတ်နိုင်ငံမှာ ခိုလှုံ​နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013