DVB Logo
Home
နိုင်ငံရေး
အစိုးရတပ် ကရင်ပြည်နယ်တွင် တပ်အင်အားတိုးချဲ့
DVB
·
June 17, 2011
အစိုးရတပ် ကရင်ပြည်နယ်တွင် တပ်အင်အားတိုးချဲ့
Donate to DVB

ကချင်လွတ်လပ်​ရေး​တပ်ဖွဲ့​ကို အစိုး​ရက ထိုး​စစ်ဆင်တိုက်ခိုက်​နေသလို ကရင်ပြည်နယ် မြိုင်ကြီး​ငူ​ဒေသမှာလည်း​ အစိုး​ရ တပ်မ ၆၆ ဟာ မ​နေ့​ကစပြီး​ စစ်​ကြောင်း​တွေပို့​ပြီး​ တပ်အင်အား​ တိုး​ချဲ့​နေတဲ့​အတွက် မကြာမီ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့​ ​ကေအန်ယူ တပ်မဟာ ၇ တပ်ရင်း​ ၁၀၁ မှူး​ ဗိုလ်မှူး​ကြီး​ ​ဖောဒိုက ​ပြောပါတယ်။

“တပ်မ ၆၆ က မြိုင်ကြီး​ငူ ရှင်း​လင်း​ဖို့​ သူတို့​ တာဝန်ယူရတယ်။ အခု တပ်မ ၆၆ က ဘား​အံ ​တောင်က​လေး​က​နေပြီး​တော့​ သခွပ်ကုန်း​အထိကို ​ရောက်​နေပြီ။ သတင်း​ရတာက မနက်ဖြန်ကို တပ်မ ၆၆ က အလုပ်စမယ်လို့​ ကြား​တယ်။ မြိုင်ကြီး​ငူက ဒီ​ကေဘီ​အေ သိမ်း​ထား​တဲ့​ ဒီ​ကေဘီ​အေ ဌာနချုပ်က ​ပြောရမယ်ဆိုရင်​တော့​ဒါ သူတို့​ ပုံကန်​တော်လှန်တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ သူတို့​ အသိအမှတ်ပြုထား​တဲ့​ ဘီဒီအက်ဖ် တံဆိပ်ကို ဖြုတ်ပြီး​တော့​ ဒီ​ကေဘီ​အေ ပြန်တပ်တယ်။ သူတို့​ လက်မခံဘူး​ပေါ့​နော်။”

မြိုင်ကြီး​ငူ​ဒေသသအတွင်း​ ဒီလို တပ်ရင်း​တွေ တိုး​မြှင့်​နေတာဟာ ကရင်အမျိုး​သား​ အစည်း​အရုံး​ကို ထိုး​စစ်ဆင်ဖို့​လား​ ဒါမှမဟုတ် နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ထား​တဲ့​ ကရင်တပ်​တွေအကြား​ ဖြစ်တဲ့​ ပြဿနာကို ဝင်​ရောက် နှိမ်နင်း​ဖြေရှင်း​ဖို့​လား​ဆိုတာ​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။

အစိုး​ရတပ်ဘက်က စစ်​ကြောင်း​ထိုး​နေတယ်ဆိုတဲ့​အ​ကြောင်း​ ဘား​အံမြို့​ ခံတဦး​ ကလည်း​ ခုလို​ပြောပါတယ်။

“စစ်တပ်​တော့​ချထား​တယ်။ သူတို့​လည်း​ နည်း​နည်း​ ရှုပ်​နေတာပဲ၊​ ဘာလဲ​တော့​ အ​သေချာမသိဘူး​။ ဟိုတ​နေ့​က​တော့​ အဲဒီလိုမျိုး​ တပ်မထဲမှာ စည်း​ဝေး​တယ်​တော့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ​သေ​သေချာချာ​တော့​ မသိဘူး​။ အ​ခြေအ​နေ ရှုပ်တာ​တော့​ သိတယ်။ တခြား​ဥစ္စာ​တွေ​တော့​ အ​သေချာ မသိဘူး​။”

ပြီး​ခဲ့​တဲ့​ ​မေလကုန်က မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ သူတို့​တပ်တွင်း​ စား​နပ်ရိက္ခာ လုံလုံ​လောက်​လောက် မရမှု၊​ အထက်နဲ့​အောက် အခွင့်​အ​ရေး​ ကွာခြား​မှု​တွေ ရှိ​နေတာ​ကြောင့်​ အထက်လူကြီး​ကို ပုန်ကန်တဲ့​အ​နေနဲ့​ မြိုင်ကြီး​ငူ​ဒေသကို တပ်အင် အား​နဲ့​ဝိုင်း​ခဲ့​ပါတယ်။

မြိုင်ကြီး​ငူက​နေပြီး​ မယ်သ​ဝေါအထိ ဒု-ဗိုလ်မှူး​ကြီး​ပိုဘီက သူ့​ရဲ့​တပ်​တွေကို ချထား​ပြီး​ နယ်ခြား​စောင့်​တပ်တံဆိပ်အစား​ ဒီ​ကေဘီ​အေတံဆိပ်ကို ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။

ဒီလို အချင်း​ချင်း​ကြား​ မ​ပြေလည်မှု​တွေဖြစ်ခဲ့​ပြီး​ မြိုင်ကြီး​ငူဆရာ​တော်ကိုယ်တိုင် အချင်း​ချင်း​ မတိုက်ခိုက်ဖို့​ သစွာ​ရေ တိုက်ပြီး​ ​ဖြေရှင်း​ပေး​ခဲ့​တယ်လို့​ မြိုင်ကြီး​ငူ​ဒေသခံ​တွေရဲ့​ ​ပြောဆိုချက်အရ သိရပါတယ်။

နယ်ခြား​စောင့်​ တပ်ရင်း​ ၁၀၁၁ ကလည်း​ ဒု-ဗိုလ်မှူး​ကြီး​ပိုဘိတို့​နဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ နယ်ခြား​စောင့်​တပ် အသွင် မ​ပြောင်း​တဲ့​ ဗိုလ်မှူး​ကြီး​ ​စောလား​ပွယ်(ဗိုလ်နှုတ်ခမ်း​မွေး​) ဦး​ဆောင်တဲ့​ DKBA တပ်မဟာ ၅ က အင်အား​ ၁၀၀ ​လောက်ကလည်း​ သွား​ရောက်ပူး​ပေါင်း​ခဲ့​ပါတယ်။

နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်​တွေက ဒီ​ကေဘီ​အေတံဆိပ် ပြန်တပ်တာကို ပြည်သူ့​စစ်နဲ့​ နယ်ခြား​စောင့်​ ညွှန်ကြား​ရေး​မှူး​ချုပ် ဗိုလ်မှူး​ချုပ် ​မောင်​မောင်​အုန်းက လက်မခံဘဲ နယ်ခြား​စောင့်​တပ်တံဆိပ် ပြန်လည်တပ်ဆင် ခိုင်း​ခဲ့​ပါတယ်။

ဗိုလ်မှူး​ကြီး​ပိုဘီအဖွဲက​တော့​ နယ်ခြား​စောင့်​တပ်တံဆိပ် ပြန်မတပ်​တော့​ဘဲ နယ်ခြား​စောင့်​တပ်ခွဲထွက်လို့​ သုံး​နှုန်း​လိုက်တဲ့​အပြင် ဒီ​ကေဘီ​အေ ဗိုလ်မှုး​ချုပ်နှုတ်ခမ်း​မွေး​အဖွဲ့​နဲ့​ ပူး​ပေါင်း​မှု​တွေလည်း​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013