DVB Logo
Home
လူမှုရေး
ဗေဒါကျောင်းတွင် ဒေါ်စုမွေးနေ့ အကြိုကျင်းပ
DVB
·
June 17, 2011
ဗေဒါကျောင်းတွင် ဒေါ်စုမွေးနေ့ အကြိုကျင်းပ
Donate to DVB

အခုလ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို နှစ်ရက်စောပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဗေဒါအင်စတီကျု့မှာ (၁၇) ရက် နေ့ခင်း (၃) နာရီက ကျင်းပပါတယ်။

မွေးနေ့ကျင်းပတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဗေဒါကျောင်းရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ မမြနန္ဒာသင်းက အခုလို ပြောပါတယ်။

“အန်တီရဲ့ (၆၆) နှစ်ပြည့်မွေးနေ့အတွက် အန်တီ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရယ်၊ အန်တီနဲ့ပတ်သက်ပြီး အတူတကွ ၀န်းရံပြီးတော့ အန်တီနဲ့အတူတူ ရှိနေမယ်ဆိုတဲ့ဟာလေးကို ကြိုပြီးတော့မှ အားလုံးကို အသိပေးချင်တဲ့သဘောနဲ့ပါ။ ကျမတို့ ဒီလို မွေးနေ့ပွဲ လုပ်တော့ အဖွဲ့ချုပ်မှာလည်း ၁၆-၁၇-၁၈ က ဈေး​ရောင်း​ပွဲ​တော် ရှိနေတော့ အားလုံးက လူစုံနေတဲ့ အချိန်ဆိုတော့ ကျမတို့အတွက်က  စုစုစည်းစည်းလည်း ဖြစ်ပြီးတော့ ပိုပြီးတော့ ရင်းနီးမှု ရလာပါတယ်။ အဲဒီကနေတဆင့် ဆက်ပြီးတော့ အလုပ်တွေ လုပ်ရမှာပေါ့နော်။”

ဒီမွေးနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ချုပ်ဝင်တချို့နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိမ်း၊ ကိုမျိုးရန်နောင်သိမ်းတို့အပြင် ဌာနချုပ်မှာ မွေးနေ့ပွဲအကြို ဈေးရောင်းပွဲမှာ ရောင်းချဖို့လာတဲ့ ပြည်နယ်တိုင်းတွေက ပါတီဝင်တွေအပါဝင် စုစုပေါင်း လူ (၁၀၀) ၀န်းကျင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်စဉ်ဘ၀ဖြတ်သန်းမှုဆိုင်ရာ ဓာတ်ပုံတွေကို ချိတ်ဆွဲပြသထားသလို ရှစ်လေးလုံးသမိုင်းဝင် လူထုအုံကြွမှုကြီးကနေ အခုလက်ရှိကာလအထိ မြန်မာနိုင်ငံရေးမှာပါ ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။

ကိုမျိုးရန်နောင်သိန်းတို့ ဦးစီးဖွင့်လှစ်ထားတဲ့ ဗေဒါကျောင်းမှာ ကျောင်းဆရာတွေက လခမရဘဲ  အခမဲ့ သင်ကြားပို့ချပေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက အကူအညီမပေးတဲ့အပြင် ကျောင်းဖွင့်လှစ်တဲ့ အိမ်ပိုင်ရှင်တွေကို ဖိအားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013