DVB Logo
Home
လူမှုရေး
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနား စတင်ကျင်းပ
DVB
·
June 17, 2011
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနား စတင်ကျင်းပ
Donate to DVB

သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင် ဥာဏိဿရ တည်​ထောင်ဖွင့်​လှစ်​နေတဲ့​ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲ အခမ်း​အနား​ကို မ​နေ့​က စတင်ကျင်း​ပပါတယ်။

၅ ရက်ဆက်တိုက် ကျင်း​ပပြုလုပ်မယ့်​ ဒီအခမ်း​အနား​ရဲ့​ ပထမဆုံး​နေ့​ရက်မှာ နိုင်ငံ​တော် သံဃာ့​မဟာနယာအဖွဲ့​ချုပ်ဝင် ဆရာ​တော်ကြီး​တွေနဲ့​ သံဃာ​တော်တွေ ကြွချီပြီး​ ဘုရား​အ​နေကဇာတင်နဲ့​ သိမ်သမုတ်အစီအစဉ်​တွေကို မ​နေ့​က ​ မနက်ပိုင်း​က စတင်ပြုလုပ်တယ်လို့​ သီတဂူဆရာ​တော်ရဲ့​ အတွင်း​ရေး​မှူး​ ဦး​ဟန်က ​ပြောပြပါတယ်။

“အဲဒီမှာ​တော့​ ဩဝါဒ​တွေ ဘာ​တွေ ဘာမှ မိန့်​ကြား​တာ မရှိပါဘူး​။ အဘိဓဇ ၅ ပါး​ ပါတယ်။ တိပိတဋက ၈ ပါး​ တက်တယ်။ ​နောက် တိုင်း​၊​ မြို့​နယ်၊​ ရပ်ကွက် အား​လုံး​ သံဃာ​တွေ အလွှာအကုန်တက်ပါတယ်။ အဲဒီမှာ ဘုရား​အ​နေကဇာတင် လုပ်ပါတယ်။ ​နောက် အဲဒီ​ကြောင်း​မှာပဲ သိမ်သမုတ်ပါတယ်။ သံဃာ့​လုပ်ငန်း​တွေပဲ သူတို့​ လုပ်​ပေး​သွား​တာပါ။ စုစု​ပေါင်း​ သံဃာ အပါး​ ၁၂၀ တက်ပါတယ်။”

ဇွန် ၁၇ ရက်​နေ့​မှာ နိုင်ငံ​တော် သမ္မတ အပါအဝင် ပြည်​ထောင်စု အစိုး​ရအဖွဲ့​ဝန်ကြီး​တွေနဲ့​ နိုင်ငံတကာ သံရုံး​တာဝန်ခံ​တွေ၊​ ကုလသမဂ္ဂလက်​အောက်က နိုင်ငံတကာလူမှု​ရေး​အသင်း​အဖွဲ့​တွေကို ဖိတ်ကြား​ပြီး​ ဖွင့်​ပွဲအခမ်း​အနား​ကို ဆက်လက်ပြုလုပ်ဖို့​ရှိ​နေပါတယ်။ ဒီအစီအစဉ်​တွေကိုလည်း​ ဦး​ဟန်ကပဲ အခုလို ​ပြောပါတယ်။

“မနက်ဖြန် အခမ်း​အနား​က​တော့​ အစိုး​ရအဖွဲ့​ကလည်း​ လာမှာ​ပေါ့​။ သမ္မတအဆင့်​ ပုဂ္ဂိုလ်တဦး​ဦး​ ကြွမှာ​ပေါ့​။ သမ္မတအဆင့်​ ဆို​တော့​ သမ္မတဖြစ်​စေ၊​ ဒုတိယ သမ္မတဖြစ်​စေ တဦး​ဦး​ ကြွမှာ​ပေါ့​နော်။ ​နောက်ပြီး​ သံတမန်​တွေ​ရော အကုန်ဖိတ်တယ်၊​ သံရုံး​တွေ အကုန်။ ယူအန်ရဲ့​ ပ​ရောဂျက်​တွေ WHO တို့​ အဲဒီလိုဟာ​တွေ ဖိတ်ထား​တယ် ခင်ဗျ။ ၁၆ ဖွဲ့​ရှိတယ်။ ​ရေစက်ချ​ပေး​မယ်၊​ လက်​ဆောင်​တွေ ​ပေး​မယ်၊​ အဲဒီလို ဩဝါဒ ​ပေး​မယ်ဆိုတာ ရှိပါတယ်။ ဆရာ​တော်ကြီး​လည်း​ ​ပြောမယ်။ သူတို့​ဘက်ကလည်း​ ပြန်​ပြော ဘာ​ပြောမလဲ။ အဲဒီလို ​ပြောခွင့်​ပေး​မှာ​ပေါ့​။ ​ပြောချင် ​ပြော​ပေါ့​။”

ဇွန် ၁၈ ရက်​နေ့​မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အပါအဝင် နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်​တွေနဲ့​ လူမှု​ရေး​အသင်း​ အဖွဲ့​တွေက ​ခေါင်း​ဆောင်​တွေကို ဖိတ်ကြား​ပြီး​ ဆက်လက်ကျင်း​ပဖို့​လည်း​ ရှိ​နေပါတယ်။

ကျန်နှစ်ရက်မှာ​တော့​ ​ကျောင်း​တိုက် အလှူရှင်​တွေကို ဖိတ်ကြား​ဆောင်ရွက်မှာဖြစ်ပြီး​ ​နောက်ဆုံး​နေ့​မှာ​တော့​ ​ကျောင်း​တိုက်​နေ စာသင်သား​သံဃာ​တွေ၊​ ပုဂ္ဂိုလ်​တွေနဲ့​ ကျင်း​ပပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013