DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် ​ဒေါ်စု​မွေး​နေ့​အကြို သစ်ပင်စိုက်
DVB
·
June 16, 2011
Donate to DVB

မန္တ​လေး​မြို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ကူညီ​ရေး​ကွန်ရက်က ကွန်ရက် တနှစ်ပြည့်​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​အကြိုအဖြစ် သစ်ပင် အပင် (၆၀) ကို မ​နေ့​က စိုက်ပျိုး​ ခဲ့​တယ်လို့​ ကွန်ရက် ဦး​စီး​လုပ်​ဆောင်​နေသူ တဦး​က ​ပြောပါတယ်။

မ​နေ့​တုန်း​က မန္တ​လေး​ ချမ်း​မြသာစည် မြို့​နယ်တွင်း​ရှိ စံပယ်​လေး​ရုံ ​ကျောင်း​တိုက်ဝန်း​ကျင်မှာ တန့်​ဆည်ပင်၊​ ပိ​တောက်ပင်၊​ တမာပင်၊​ ခ​ရေပင်၊​ သရက်ပင် အစရှိတဲ့​ အရိပ်ရတဲ့​အပင်မျိုး​တွေ စိုက်ခဲ့​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ချမ်း​အေး​သာဇံ မြို့​နယ် ဥက္ကဋ္ဌ ဦး​ကိုကို​လေး​က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ ဒီလ ၁၉ ရက်​နေ့​ကျမှ သံတက်ကုန်း​ ဘုန်း​ကြီး​ကျောင်း​မှာ ကျန် ၇ ပင်ကို စိုက်မှာ ဖြစ်ပါတယ်လို့​ ဦး​ကိုကို​လေး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​ခေါင်း​ဆောင်ကြီး​ သက်​တော်ရာ​ကျော် ရှည်ဖို့​ရာအတွက် ၆၆ နှစ်ပြည့်​တဲ့​အပြင် ကျ​နော်တို့​က လာမည့်​ တနှစ်စာပါ တနှစ်ကိုပါ တိုး​ပြီး​ ၆၇ ပင် စိုက်ပျိုး​ပေး​ခြင်း​ ဖြစ်ပါတယ်။”

ဒီသစ်ပင်စိုက်ရတဲ့​ ရည်ရွယ်ချက်ကိုလည်း​ သူက ခုလို​ပြောပါတယ်။

“ဒီသစ်ပင် စိုက်ခြင်း​အား​ဖြင့်​ သဘာဝပတ်ဝန်း​ကျင်ကိုလည်း​ ထိန်း​သိမ်း​သလို ရာသီဥတုကိုလည်း​ ထိန်း​သိမ်း​ပါတယ်။ နား​ခိုနိုင်ရန်အတွက်လည်း​ အာလုံး​အတွက် အပူဒဏ်ကိုခံနိုင်ရန်အတွက်​သော်လည်း​ကောင်း​၊​ ​လေ​ကောင်း​လေသန့်​ ရရှိရန်အတွက် ​သော်လည်း​ကောင်း​ ရည်ရွယ်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ကဲ့​သို့​သော အရိပ်ရ သစ်ပင်မျိုး​တွေ ဖြစ်​စေချင်ပါတယ်။ ​”

နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၂၀၀ ခန့်​ ပြန်လည်လွတ်ဖို့​ ရည်ရွယ်တဲ့​ ငှက်လွှတ်ပွဲ​တွေအပြင် ဘုန်း​တော်ကြီး​စာသင်​ကျောင်း​က ဆရာ​တော်နဲ့​ ​ကျောင်း​သား​ငယ်​တွေကို အလှူအတန်း​လုပ်ဖို့​ ပြင်ဆင်​နေတယ်လို့​ ဦး​ကို​လေး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013