DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ​မွေး​နေ့​အထိမ်း​အမှတ် ​ဈေး​ရောင်း​ပွဲ​တော်ဖွင့်​လှစ်
DVB
·
June 16, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၆ နှစ် ​မြောက်​မွေး​နေ့​ အထိမ်း​အမှတ်အဖြစ် ၃ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ ​ဈေး​ရောင်း​ပွဲ​တော်ကို ဒီက​နေ့​မနက်ပိုင်း​မှာ ရန်ကုန်မြို့​၊​ အုတ်လမ်း​မှာရှိတဲ့​ အဖွဲ့​ချုပ်ရုံး​ချုပ်မှာ စတင်ဖွင့်​လှစ်လိုက်ပြီဖြစ် ပါတယ်။

ဒီ​ဈေး​ရောင်း​ပွဲ​တော်က ​ရောင်း​ချလို့​ ရရှိလာတဲ့​ အမြတ်​ငွေ​တွေကို အဖွဲ့​ချုပ်ရဲ့​ လူမှုအ​ထောက်အကူပြု ရန်ပုံ​တွေအဖြစ် လှူဒါန်း​သွား​ကြမှာ ဖြစ်တယ်လို့​ အဖွဲ့​ချုပ် ပြန့်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“​ဈေး​ရောင်း​ပွဲ​တော်အဖွင့်​ကို အ​ထွေ​ထွေအတွင်း​ရေမှူး​ကိုယ်တိုင် ဖဲကြိုး​ဖြတ်ပြီး​ ​တော့​ လာ​ရောက်ဖွင့်​လှစ်​ပေး​ပါတယ်။ ​ဈေး​ရောင်း​ပွဲ​တော်မှာ ဆိုလို့​ရှိရင် ကျ​နော်တို့​ အဖွဲ့​ချုပ်ရုံး​ထဲမှာ အ​ရောင်း​ကောင်တာ​တွေ ဖွင့်​ပြီး​တော့​ ​ရောင်း​ကြတာ ဖြစ်ပါတယ်။ ချင်း​ပြည်နယ်၊​ ရခိုင်ပြည်နယ်၊​ ကယား​ပြည်နယ်၊​ ဧရာဝတီတိုင်း​တို့​မှ အပ ကျန်တဲ့​ ပြည်နယ်နဲ့​တိုင်း​ ၁၀ ခုက လာ​ရောက်ပြီး​တော့​ ​ဒေသထွက် ပစ္စည်း​တွေ၊​ အစား​အ​သောက်​တွေ၊​ အထိမ်း​အမှတ်ပစ္စည်း​တွေ လာ​ရောက် ​ရောင်း​ချကြပါတယ်။ အထူး​စည်ကား​ပါတယ်။ ဒီက ​ရောင်း​ချလို့​ ရတဲ့​ အမြတ်အား​လုံး​ဟာ အဖွဲ့​ချုပ်က လုပ်​နေတဲ့​ လူမှုအ​ထောက်အကူလုပ်ငန်း​တွေမှာ ကျ​နော်တို့​ ရန်ပုံ​ငွေအဖြစ်နဲ့​ ထည့်​ဝင်သွား​မှာ ဖြစ်ပါတယ်။”

ဒါ့​အပြင် နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုဝင်​တွေ အပါအဝင် အမျိုး​သမီး​အဖွဲ့​၊​ လူငယ်အဖွဲ့​၊​ HIV/AIDS ကူး​စက်ခံရသူ​တွေကို ကူညီ​စောင့်​ရှောက်​ပေး​နေတဲ့​အဖွဲ့​၊​ ​သွေး​လှူကွန်ရက်​တွေကလည်း​ ဆိုင်း​ခန်း​တွေကို သီး​ခြား​ဆီ ဖွင့်​လှစ် ​ရောင်း​ချ​နေကြတယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။

အရင်က အဖွဲ့​ချုပ်ရုံး​ရဲ့​ အခမ်း​အနား​တွေကို အာဏာပိုင်​တွေဘက်က ​စောင့်​ကြည့်​တာ၊​ ​နှောင့်​ယှက်တာ​တွေရှိခဲ့​ပေမယ့်​ အခု​နောက်ပိုင်း​ မရှိ​တော့​ဘူး​လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။

“အရင်တုန်း​က ကျ​နော်တို့​ တခုခု လုပ်ပြီဆိုရင် ရုံး​ရှေ့​မှာ ရှိတဲ့​ သက်ဆိုင်ရာ သူတို့​ အရပ်ဝတ်နဲ့​ ​ထောက်လှမ်း​ရေး​တို့​ ဘာတို့​က လာပြီး​တော့​ ကြည်ရှုပြီး​တော့​ ဓာတ်ပုံရိုက်တာတို့​ ဘာတို့​ ရှိတယ်။ အဲဒါလည်း​ ​တော်​တော် နည်း​ပါတယ်။ အဲဒါအပြင် အရင်တုန်း​ကဆိုရင်​တော စွမ်း​အား​ရှင်တို့​ ဘာတို့​ကပါ ကား​ကြီး​ကား​ငယ်နဲ့​ လာပြီး​တော့​ ကျ​နော်တို့​ ရုံး​နဲ့​ မျက်​စောင်း​ထိုး​လောက် ဘာ​လောက်မှာ လာရပ်​နေပြီး​တော့​ သူတို့​ အင်အား​နဲ့​ လာပြီ​တော့​ ​စောင့်​ကြည့်​တာ​တွေက အခု အဲဒါ​တွေ လုံး​ဝမရှိ​တော့​ဘူး​။ ​အေး​အေး​ဆေး​ဆေး​ပါပဲ။ ​ပျော်​ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ပါပဲ ကျ​နော်တို့​လည်း​ လုပ်​နေကြပါတယ်။”

ဒီလ ၁၆ ​နေ့​ ၁၈ ရက်​နေ့​အထိ ၃ ရက် ကြာ ​ဈေး​ရောင်း​ပွဲ​တော်အတွင်း​မှာ​တော့​ ​တေး​ရေး​ဆရာ ကိုရဲလွင်၊​ ဟစ်​ဟော့​အဆို​တော် ​ဇေယျာ​သော်စတဲ့​ အနုပညာရှင်​တွေနဲ့​ အတူ ပြည်နယ်နဲ့​တိုင်း​အသီး​သီး​ အဖွဲ့​ချုပ်ဝင် အနုပညာ​တွေရဲ့​ ​တေး​ဂီတ ​ဖျော်​ဖြေမှု​တွေ သီချင်း​ဆိုပြိုင်ပွဲစတဲ့​ ​ဖျော်​ဖြေ​ရေး​ အစီအစဉ်​တွေလည်း​ ပါဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013