DVB Logo
Home
နိုင်ငံရေး
စစ်ပွဲ​ကြောင့်​ ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ ထွက်​ပြေး
DVB
·
June 16, 2011
စစ်ပွဲ​ကြောင့်​ ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ ထွက်​ပြေး
1 / 2
Donate to DVB

[caption id="attachment_10905" align="alignleft" width="310" caption="စစ်ပြေးဒုက္ခသည်များ"][/caption]

ကေအိုင်​အေနဲ့​ မြန်မာစစ်အစိုး​ရ တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​တိမ်း​ရှောင်​နေရတဲ့​ ​ဒေသခံပြည်သူ တ​သောင်း​လောက် ရှိ​နေပြီလို့​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်း​က ​ပြောပါတယ်။

စစ်​မြေပြင်မှာ လက်ရှိ တိုက်ပွဲကြီး​တွေ မဖြစ်​တော့​ပေမယ့်​ တိုက်ပွဲငယ်​တွေ​တော့​ ကြိုး​ကြား​ကြိုး​ကြား​ ဖြစ်​နေတယ်လို့​ ​ကေအိုင်​အေက ​ပြောပါတယ်။

ဒီ​နေ့​တိုက်ပွဲတခုမှာ​တော့​ အစိုး​ရတပ်ဖွဲ့​ဝင်တချို့​ကို ဖမ်း​ဆီး​ရမိတယ်လို့​ ​ကေအိုင်အို သတင်း​စု​ဆောင်း​ရေး​နှင့်​ ဖြန့်​ချိ​ရေး​ကော်မတီဝင် ဒု-ဗိုလ်မှူး​ကြီး​ ​ယော်ထုံက ​ပြောပါတယ်။

“တပ်မဟာ ၄ ဘက်မှာ အစိုး​ရစစ်တပ်က စစ်သား​ ၆ ​ယောက်ကို ​သေနတ်နဲ့​ လက်နက်နဲ့​အတူ ဖမ်း​ရတယ်။ ဒီ​နေ့​ပဲ အ​သေး​စိတ်က မရ​သေး​ဘူး​။ ကျ​နော်တို့​က ထိုး​စစ်တာ့​ မဆင်ဘူး​။ ကျ​နော်တို့​ဆီမှာ သူတို့​ရောက်လာလို့​ရှိရင်​တော့​ ဒါက​တော့​ ​နေရာအနှံ့​ပေါ့​ ဘယ်​နေရာပဲ ဖြစ်ဖြစ် တိုက်ဖို့​ အမိန့်​ချထား​တယ်​လေ။”

ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့​) အ​ခြေစိုက်ရာ လိုင်ဇာဌာနချုပ်နဲ့​ တရုတ် နယ်စပ်ဘက်ကို ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​ခိုလှုံ​နေကြတယ်လို့​လည်း​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦလနန်း​က ​ပြောပါတယ်။

“ဒုက္ခသည်က​တော့​ ကျ​နော်တို့​ လိုင်ဇာမှာတင်မဟုတ်ဘဲနဲ့​ KIA ထိန်း​ချုပ်ထား​တဲ့​နယ်စပ်တ​လျှောက်က မန့်​ဝိန်း​က​နေပြီး​ လိုင်ဇာအထိ အခု ကျ​နော်တို့​ ရထား​တဲ့​ အချက်အလက်က​တော့​ တ​သောင်း​ကျော်​လောက် ရှိ​နေပြီ။ ​နောက်ပြီး​ တချို့​က​တော့​ မြစ်ကြီး​နား​မြို့​နဲ့​ နီး​တဲ့​ မြို့​တွေကို သွား​ပြီး​တော့​ ခိုလှုံတာလည်း​ ရှိတယ်။ ကျ​နော်တို့​ ဒီ လိုင်ဇာဘက်ကို လာဖို့​ နည်း​နည်း​ ခရီး​အလှမ်း​ဝေး​တဲ့​ လူထု​တွေက တချို့​က​တော့​ မြစ်ကြီနား​ မြို့​တို့​ပေါ့​နော်၊​ ဝိုင်း​မော်မြို့​ကို သွား​ပြီး​တော့​ ခိုလှုံတယ်ဆိုတဲ့​သတင်း​လည်း​ ရတယ်။”

ကေအိုင်အိုကို ​ရောက်ရှိလာ​နေတဲ့​ ဒုက္ခသည်​တွေအတွက် ​ကေအိုင်အိုက ​နေရာချထား​ပေး​နေပြီး​ ​နေ​ရေး​စား​ရေး​ ကူညီ​နေပါတယ်။

ကျောင်း​ဖွင့်​ချိန်ဖြစ်လို့​ ဒုက္ခသည်​တွေထဲက က​လေး​တွေကို ပညာဆက်လက် သင်ကြား​ရေး​အတွက်လည်း​ ​ကေအိုင်အို အုပ်ချုပ်​ရေး​ ​ကော်မတီက ​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။

စစ်ပွဲက ​ရေရှည်ဖြစ်သွား​ရင်​တော့​ ဒုက္ခသည်​တွေကို ​ရှေ့​ဆက် ​ထောက်ပံ့​ ကူညီသွား​ရမှာ ဖြစ်လို့​ ပြည်တွင်း​ပြည်ပက မြန်မာပြည်သား​တွေအ​နေနဲ့​ ကူညီကြမယ်ဆိုရင်​တော့​ ကြိုဆိုပါတယ်လို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

တရုတ်ပြည်ဘက်မှာ​တော့​ မြန်မာဘက်က စစ်​ပြေး​ဒုက္ခသည်​တွေအတွက် စခန်း​ဖွင့်​ပေး​တာမျိုး​ မရှိတဲ့​အပြင် ​ရောက်ရှိလာတဲ့​ ဒုက္ခသည်​တွေကို မြန်မာပြည်ဘက်ကို ပြန်ခိုင်း​နေပါတယ်။ နယ်စပ်တ​လျှောက်မှာလည်း​ တရုတ်ဘက်က လက်နက်ကိုင်တပ်ဖွဲ့​တွေ ချထား​လို့​ ဒုက္ခသည်​တွေ အဝင်အထွက် အခက်ကြုံ​နေပြီလို့​ နယ်စပ်​ဒေသခံ​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​အင်္ဂါ​နေ့​တုန်း​က တိုက်ပွဲဖြစ်ပွား​ရာ ​ကေအိုင်​အေ တပ်ရင်း​ ၁၅ နား​က တာပိန်​ရေအား​လျှပ်စစ်စက်ရုံက တရုတ်အင်ဂျင်နီယာ​တွေနဲ့​ ဝန်ထမ်း​တွေ ထွက်ခွာသွား​တဲ့​အခါမှာ ​ရေကာတာကို ​ရေ​ဖောက်ထုတ်ခဲ့​ပြီး​ စက်ကိုပိတ်ပစ်ခဲ့​လို့​ ဗန်း​မော်မြို့​မှာ လျှပ်စစ်မီး​ ပြတ်​တောက်​နေတယ်လို့​လည်း​ သတင်း​ရရှိပါတယ်။

မြစ်ကြီး​နား​မြို့​မှာ ဘွန်ခါး​ကုမ္ပဏီက​ပေး​နေတဲ့​ လျှပ်စစ်မီး​ကို မပြတ်​တောက်​အောင် ​ကေအိုင်အိုက ​ပြောထား​လို့​ ၂၄ နာရီ မီး​လင်း​နေပါတယ်လို့​ ​ပြောပါတယ်။

“အဲဒီ မလိခ ​ရေအား​လျှပ်စစ်စီမံကိန်း​က အဲဒီ လျှပ်စစ်စက်ရုံကလည်း​ ကျ​နော်တို့​ KIA ထိန်း​ချုပ်တဲ့​ တပ်အနီး​မှာပါပဲ။ လူထုကို ကျ​နော်တို့​က မထိခိုက်​စေချင်တဲ့​ အတွက်​ကြောင့်​မို့​လို့​ မြစ်ကြီး​နား​ ဝိုင်း​မော်ဘက်က​တော့​ ၂၄ နာရီ မီး​ရ​နေပါတယ်။ လုံး​ဝ မပြတ်​အောင် လုပ်​ပေး​ကြပါဆိုပြီး​တော့​ အဲဒီ လျှပ်စစ်ရုံး​ကို ညွှန်ကြား​ထား​တာလည်း​ ရှိတယ်။”

မြန်မာအစိုး​ရတပ်ဘက်က ပြီး​ခဲ့​တဲ့​စ​နေ​နေ့​ကစပြီး​ ​ကေအိုင်​အေကို လက်နက်ကြီး​ငယ်​တွေနဲ့​ စတင်ပစ်ခတ်တိုက်ခိုက်လို့​ ခုလို တိုက်ပွဲဖြစ်ပွား​နေတာပါ။

စစ်ပွဲက​တော့​ ရပ်သွား​မယ့်​ပုံမ​ပေါ်ဘဲ အစိုး​ရတပ်ဘက်က အင်အား​ တိုး​မြှင့်​လာ​နေတာ​ကြောင့်​ တိုက်ပွဲဆက်ဖြစ်မယ့်​ အလား​အလာရှိ​နေပြီး​ ​ကေအိုင်​အေ ဘက်က​တော့​ တပြည်လုံး​မှာ ခုခံစစ်ဆင်နွှဲသွား​ဖို့​ အမိန့်​ပေး​ ပြင်ဆင်ထား​ပြီလို့​ ​ပြောထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013