DVB Logo
Home
နိုင်ငံရေး
သမ္မတအစိုးရသစ် ငြိမ်းချမ်းရေးလိုလားဖွယ် မရှိဟုဆို
DVB
·
June 15, 2011
Donate to DVB

သုံး​လနီး​ပါး​ သက်တမ်း​ရှိလာပြီဖြစ်တဲ့​ သမ္မတ ဦး​သိန်း​စိန် အစိုး​ရသစ်အ​နေနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေနဲ့​ ပတ်သက်ပြီး​ အမှန်တကယ် ငြိမ်း​ချမ်း​ရေး​ကို လိုလား​ဖွယ်မရှိဘူး​လို့​ တိုင်း​ရင်း​သား​ပါတီ​တွေ အပါအဝင် အတိုက်အခံနိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်အချို့​က ​ဝေဖန် ​ပြောကြား​လိုက်ပါတယ်။

ရွေး​ကောက်ပွဲကာလအတွင်း​က စတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့​ ကချင်ပြည်နယ်​တွေမှာ မြန်မာ့​တပ်မ​တော်က ထိုး​စစ်ဆင် တိုက်ခိုက်မှု​တွေ​ကြောင့်​ ဖြစ်ပွား​လာရတဲ့​ တိုက်ပွဲ​တွေကို ​ထောက်ရှုပြီး​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောကြား​လိုက်ကြတာပါ။

လက်ရှိအ​ခြေအ​နေမှာလည်း​ ကချင်ပြည်နယ်အတွင်း​က ​ကေအိုင်​အေ (​ခေါ်) ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့​ မြန်မာ့​တပ်မ​တော်တို့​အကြား​ တိုက်ပွဲ​တွေဖြစ်ပွား​ ​နေချိန်မှာ အရင်နဝတနဲ့​ နအဖစစ်အစိုး​ရလက်ထက်​တွေက သ​ဘောတူညီချက်​တွေနဲ့​ အစိုး​ရသစ်က လွဲ​ချော်သွား​ပြီလို့​ ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲတုန်း​က အစိုး​ရက ပါတီ ထူ​ထောင်ခွင့်​မ​ပေး​ခဲ့​တဲ့​ ကချင်ပြည်နယ် တိုး​တက်​ရေး​ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တူး​ရော်က ဆိုပါတယ်။

“အဓိက သူတို့​ပြောထား​တာက အခု​ရွေး​ကောက်တင်​မြှောက်ပြီး​ တက်လာတဲ့​အစိုး​ရသစ်နဲ့​ ​ဆွေး​နွေး​ပါ။ နိုင်ငံ​ရေး​ကိစ္စ​တွေ အဲဒီအခါကျမှ သူတို့​နဲ့​ဆွေး​နွေး​ပါဆိုပြီး​ အရင် နဝတ လူကြီး​တွေက ​ပြောထား​တဲ့​ကိစ္စက​တော့​ ဖြစ်မလာဘူး​။ အခု​ပြောင်း​ပြန်ဖြစ်​နေတယ်။ စစ်အစိုး​ရ လက်ထက်မှာ​တောင်မှ ငြိမ်း​ချမ်း​ရေး​က တည်တန့်​နေခဲ့​ပြီး​တော့​မှ အခု ဒီအစိုး​ရလက်ထက်မှာမှ ဖြစ်လာတယ် ဆိုတာ​တော့​ ​တော်​တော်​လေး​ ခွကျတယ်။ ​ပြောဆို ​ဝေဖန်ဖို့​ကလည်း​ လူတိုင်း​ သိပြီး​သား​ဆို​တော့​ ဘာမှ မ​ဝေဖန်ချင်​တော့​ဘူး​။ အခုအစိုး​ရက ငြိမ်း​ချမ်း​ရေး​ကို တပ်မ​တော် အစိုး​ရ​လောက် မလိုချင်ဘူး​ ထင်တယ်။ တပ်မ​တော်အစိုး​ရ​တောင်မှ ငြိမ်း​ချမ်း​ရေး​ နည်း​နည်း​လိုချင်တယ်။”

ရွေး​ကောက်ပွဲအနိုင်ရ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က​တော့​ အစိုး​ရအ​နေနဲ့​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေအကြား​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ဖြစ်ဖို့​က အ​ရေး​ကြီး​တယ်လို့​ ဆိုပါတယ်။

“တိုင်း​ရင်း​သား​ဒေသ​တွေမှာ ငြိမ်း​ချမ်း​တဲ့​နည်း​ကို ရှာဖို့​အတွက် နှစ်ဖက် ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ နှစ်ဖက်​ဆွေး​နွေး​နိုင်​အောင် နိုင်ငံ​ရေး​ အား​ဖြင့်​လည်း​ ​ဖြေရှင်း​သင့်​တာ​တွေ ရှိမယ်။ စစ်​ရေး​ကြီး​ပဲ နှစ်ဖက် ခုနလို လက်နက်ကိုင်တဲ့​လမ်း​စဉ်နဲ့​ပဲ ပစ်ကိုပစ်ဆိုတာမျိုး​ကို တခြား​နည်း​လမ်း​ကို ​ပြောင်း​စေချင်တယ်။ ကျ​နော်တို့​က ငြိမ်း​ချမ်း​စေချင်တယ်။ ငြိမ်း​ချမ်း​မှုရမှပဲ ဖွံ့​ဖြိုး​နိုင်တယ်။ ဖွံ့​ဖြိုး​မှပဲ ပြည်​ထောင်စုကြီး​ရဲ့​ ​သွေး​စည်း​ညီညွတ်မှုက ပိုခိုင်မြဲလာမယ်။”

ဒါ​ပေမယ့်​ အခု ကချင်ပြည်နယ်အတွင်း​က တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စုအစိုး​ရကိုယ်တိုင်နဲ့​ အသစ်ဖွဲ့​စည်း​ထား​တဲ့​ ကာကွယ်​ရေး​ဦး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် ဦး​စီး​တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီ ကိုယ်တိုင်က ​ဆောင်ရွက်​နေတာ ဖြစ်တယ်လို့​လည်း​ ဦး​တူး​ရော်က မှတ်ချက်​ပေး​ ​ပြောကြား​ပါတယ်။

“ဒီစစ်​ရေး​နဲ့​ ပတ်သက်လို့​က​တော့​ ပြည်နယ်အစိုး​ရနဲ့​ ပြည်နယ်ဝန်ကြီး​ချုပ်​တွေ က​တော့​ တစုံတရာ ဝင်စွက်ဖို့​က​တော့​ အခွင့်​အလမ်း​ သိပ်မရှိဘူး​လို့​ ကျ​နော်ထင်တယ်။ လုံခြုံ​ရေး​ကောင်စီနဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန​ပေါ့​လေ၊​ ကာကွယ်​ရေး​ဦး​စီး​ချုပ် စသဖြင့်​ သူတို့​ရဲ့​ အကြံ​ပေး​ချက်​ပေါ့​လေ။ သူတို့​ရဲ့​ ​တောင်း​ဆိုချက်၊​ သူတို့​ရဲ့​ တင်ပြချက်​ပေါ်မှာ မူတည်ပြီး​တော့​ နိုင်ငံ​တော် လုံခြုံ​ရေး​ကောင်စီက ဆုံး​ဖြတ်ချက်ချပြီး​ တိုက်မှာတို့​၊​ ဒါမှမဟုတ် ​ဆွေး​နွေး​မှာတို့​ အဲလိုမျိုး​ သူတို့​ ဆုံး​ဖြတ်ကြမယ် ထင်တယ်။”

ဒီလိုတိုင်း​ရင်း​သား​လူမျိုး​စု​တွေနဲ့​ အစိုး​ရတို့​ကြား​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ​တွေနဲ့​ ပတ်သက်ပြီး​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် တိုင်း​ရင်း​သား​လူမျိုး​စု​တွေဘက်က လုပ်​ဆောင်​စေချင်​ပေမယ့်​ လက်ရှိအစိုး​ရဘက်က အ​ကောင်အထည်​ဖော်ဖို့​ လိုအပ်​နေတယ်လို့​ အဓိကအတိုက်အခံပါတီကြီး​ တခုဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဗဟိုပြန့်​ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော့်​သ​ဘောထား​အမြင်က​တော့​ အ​ရေး​ကြီး​တာ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​၊​ ပြည်​ထောင်စုစိတ်ဓာတ်၊​ ဒီ နှစ်ခုနဲ့​ ပတ်သက်ပြီး​တော့​ လက်ရှိအစိုး​ရက လက်​တွေ့​ဆောင်ရွက်​နေတာ မ​တွေ့​ဘူး​။ အဲ​တော့​ ဒီဟာက အား​နည်း​သွား​တဲ့​အခါမှာ ခုနလို ပဋိပက္ခက ပွား​များ​လာမယ်။ အဲ​တော့​ ဒီပဋိပက္ခ​တွေ မပွား​အောင်ဆိုရင် ပြည်​ထောင်စုစိတ်ဓာတ်နဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ကို ဦး​တည်လုပ်​ဆောင်ဖို့​လိုတယ်လို့​ ကျ​နော်​တော့​ အဲလိုပဲမြင်တယ်။ အဲ​တော့​ ကျ​နော်တို့​က အခုတိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​နဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​။ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ​ဆောင်ရွက်မယ်ဆိုရင် ကျ​နော်တို့​ တိုင်း​သူပြည်သား​ အား​လုံး​လည်း​ ပါဝင်သင့်​တယ်။ ပါဝင်ဖို့​လည်း​ လိုအပ်တယ်။ အဲဒါကို မလုပ်နိုင်မခြင်း​တော့​ အခုလို ပဋိပက္ခ​တွေက​တော့​ ပွား​နေမှာပဲ။ အ​တော့​ တိုင်း​ရင်း​သား​စည်း​လုံး​ ညီညွတ်​ရေး​နဲ့​ ပတ်သက်လို့​ကြည့်​ရင် တိုင်း​ရင်း​သား​တွေဘက်က​တော့​ အပြည့်​အဝ​ဆောင်ရွက်မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​တယ်။ အဲ​တော့​ လက်ရှိတိုင်း​ပြည်ကို အုပ်ချုပ်​နေတဲ့​ အစိုး​ရအ​နေနဲ့​လည်း​ အဲဒီလို ဦး​တည်တဲ့​ လုပ်​ဆောင်မှု​တွေ လိုအပ်​နေတယ်လို့​ ကျ​နော်အဲဒီလိုပဲ မြင်ပါတယ်။”

၁၉၉၄ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​ယူခဲ့​တဲ့​ ​ကေအိုင်​အေက အစိုး​ရရဲ့​ လက်နက်ချ​ရေး​ ​တောင်း​ဆိုချက်ကို ပယ်ချခဲ့​ပြီး​တဲ့​နောက် ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကစတင်ပြီး​ နှစ်ဘက် တိုက်ပွဲ​တွေ ပြင်း​ပြင်း​ထန်ထန် ဖြစ်ပွား​လာတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013