unhcr

December 19, 2019

AA စစ်ဦးချုပ်၏ ဇနီးနှင့်သားသမီးတို့ကို တတိယနိုင်ငံပို့ရန်  ယူအန်ဆုံးဖြတ်ချက်စောင့်နေ

အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ ထိန်းသိမ်းထားပြီး တတိယနိုင်ငံကို ဆက်လက်ပို့ဆောင်ဖို့  ယူအန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ထိုင်းလ၀ကရဲချုပ်ကြီးရဲ့ အပြောကို ကိုးကားပြီး ထိုင်းပီဘီအက်စ်သ တင်းမှာ ဖော်ပြပါတယ်။  အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး နှင်းဇာဖြူနဲ့ အရွယ်မရောက်သေးတဲ့ သားငယ်၊ သမီးငယ်တို့ကို  ချင်းမိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းထားပြီး ဘန်ကောက်လ၀ကရုံးချုပ်မှာ ထိန်းသိမ်းထားတာပါ။  လက်ရှိအခြေအနေအရ သူတို့ရဲ့အမှုဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှာ ရောက်ရှိနေပြီး အမေရိကန် ဒါမှမဟုတ် ကနေဒါကဲ့သို့ တတိယနိုင်ငံကို ဆက်သွားဖို့ စောင့်ဆိုင်းနေကြောင်း ၊  ယူအန်ရဲ့ ဆုံးဖြတ်ချက်မကျမချင်း ထိန်းသိမ်းထားနေရတာဖြစ်ပြီး လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထိုင်းအမျိုးသား လ၀ကရဲတပ်ဖွဲ့ ရဲချုပ် ဆုန်ဖုန်းချင်းဒုန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ် ။  အမေရိကန်နိုင်ငံအခြေစိုက် NAB လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးများဟာမိတ်အဖွဲ့ ကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ ကလေး ၂ ယောက်ကို  လူသားချင်းစာနာမှုအရ ကုလသမဂ္ဂမဟာမင်းကြီးရုံး ထံလွှဲ ပြောင်းပြီး အကာအကွယ်ပေးသင့်တယ်လို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ 
1 year Ago

June 28, 2019

အီတလီရေပိုင်နက်ထဲ ဝင်ရောက်ခဲ့သည့် ဂျာမန်သင်္ဘောကပ္ပတိန်၏ ကံကြမ္မာအပေါ် UNHCR စိုးရိမ်

အီတလီအစိုးရအမိန့်ကို ဖီဆန်ပြီး ရေပိုင်နက်ထဲ ဝင်ရောက်ခဲ့တဲ့ Sea-Watch သင်္ဘော ကပ္ပတိန် ကံကြမ္မာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) က ဇွန်လ ၂၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ UNHCR ပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံတွေက သတ်မှတ်လိုက်တဲ့ စည်းကမ်းတွေဟာ အန်ဂျီအို သင်္ဘောတွေအပေါ် အတားအဆီး ဖြစ်နေတာကို စိတ်ပူပန်မိတယ်လို့ ပြောပါတယ်။ ရွှေ့ပြောင်းသူ ၄၂ ယောက်ကို တင်ဆောင်လာတဲ့ ဂျာမန်သင်္ဘောကပ္ပတိန်ဟာ သင်္ဘောပေါ်က အခြေအနေ ဆိုးရွားလွန်းတဲ့အတွက် အီတလီ လမ်ပဲဒူဆာကျွန်းကို ဆိုက်ကပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Sea-Watch သင်္ဘောဟာ ခွင့်ြ့ပုမိန့်မရဘဲ ရေပိုင်နက်ထဲ ဝင်ခဲ့တဲ့အတွက် အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ မော်တော်တွေက တားဆီးခဲ့တာပါ။ ဇွန်လအတွင်း သဘောတူခဲ့တဲ့ အမိန့်အရ အီတလီပြည်ထဲရေးဝန်ကြီးဌာနဟာ လုံခြုံရေးနဲ့ တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်တယ်လို့ ယူဆတဲ့ သင်္ဘောတွေကို ရေပိုင်နက်အတွင်း ဝင်ရောက်ခွင့် ငြင်းပယ်နိုင်ပါတယ်။ Sea-Watch သင်္ဘောဟာ လစ်ဗျားကမ်းလွန်ကနေ ရာဘာလှေပေါ်က ရွှေ့ပြောင်းသူ ၅၃ ယောက်ကို ဆယ်ယူပြီး ဇွန်လ ၁၂ ရက်နေ့ကတည်းက နိုင်ငံတကာ ရေပိုင်နက်အတွင်း ရှိနေခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး အခြေအနေကြောင့် သူတို့ထဲက ရွှေ့ပြောင်းသူ ၁၁ ဦးကို  အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောပေါ်ကနေ ခေါ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up