Sinopharm

September 13, 2021

ထိုင်းသို့ တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိလာခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကတဆင့် ရောက်ရှိလာတဲ့ ဒီကာကွယ်ဆေးတွေကို အဖွဲ့အစည်းတွေ၊ ဆေးရုံတွေရဲ့ လိုအပ်ချက်အလိုက် ဖြန့်ဝေပေးသွားမယ်လို့ ချူလာ ဘွန်တော်ဝင်ဆေးသိပ္ပံက ပြောပါတယ်။

ဒါဟာ တရုတ်အစိုးရနဲ့ ပူးပေါင်းမှုအရ ၉ ကြိမ်မြောက် ကာကွယ်ဆေးရောက်ရှိလာ ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို ကာကွယ်ဆေး ၁၅ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃ သိန်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

2 weeks Ago

June 17, 2021

ထိုင်းတွင် တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို ဘတ် ၁ သန်း အာမခံဖြင့် ရောင်းချ

ထိုင်းနိုင်ငံမှာ တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘတ် ၁ သန်း အာမခံနဲ့ ရောင်းချသွားမယ်လို့ နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ချူလာဘွန်တော်ဝင်ဆေးသိပ္ပံ ကြေညာချက်မှာတော့ သူတို့အနေနဲ့ ကာကွယ်ဆေး ၁ ကြိမ်ကို ထိုင်းဘတ်ငွေ ၈၈၈ နဲ့ အဖွဲ့အစည်းတွေကို ရောင်းချပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးကြောင့် ကိုမာဝင်ပြီး မေ့မျောတာ၊ သေဆုံးတာတွေ ဖြစ်လာခဲ့ရင် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဘတ် ၁ သန်းလျော်ကြေးငွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

၈၈၈ ဘတ်နဲ့ ရောင်းချမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးထဲမှာ သယ်ယူပို့ဆောင်ခ၊ ထိန်းသိမ်းစရိတ်တွေအပါအဝင် ဆေးထိုးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုး တွေအတွက် အာမခံကြေးတွေ ပါဝင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

       “တကယ်လို့များ Sinopharm ကာကွယ်ဆေးထိုးပြီး ကိုမာဝင်တာ၊ သေဆုံးတာမျိုး ဖြစ်လာခဲ့ရင် ဘတ် ၁ သန်းလျော်ကြေးရရှိမှာပါ။ တကယ်လို့ ကာကွယ်ဆေးကြောင့် ဆေး ရုံတက်ရောက်ကုသမှုတခုခု ခံယူရမယ်ဆိုရင်လည်း အများဆုံးဘတ် သုံးသောင်း ကျခံပေး မှာ ဖြစ်ပါတယ်”

ခုလိုအာမခံနဲ့ ရောင်းချမှုမှာတော့ ထိုင်းနိုင်ငံသား၊ ဒါမှမဟုတ် နိုင်ငံတွင်း ၉ လနဲ့အ ထက်နေထိုင်သူတွေ၊ အသက် ၉၉ နှစ်ထက် မကျော်လွန်သူတွေ အကျုံးဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာမခံလျော်ကြေးငွေကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့နေ့ကစတင်ပြီး ၁ နှစ်အတွင်း သက်တမ်းထားရှိမှာ ဖြစ်ပါတယ်။

ချူလာဘွန်တော်ဝင်ဆေးသိပ္ပံက ဇွန် ၁၄ ရက်ကစတင်ပြီးတော့ အဖွဲ့အစည်းတွေကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ၁ ရက်အတွင်းမှာ အဖွဲ့အစည်းပေါင်း ၁ သောင်းကျော်က ဝန်ထမ်း ၃ သိန်းကျော်အတွက် မှတ်ပုံတင်ခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကာကွယ်ဆေးမှတ်ပုံတင်မှုကိုတော့ လာမယ့် ဇွန် ၁၈ ရက် ညနေ ၄ နာရီမှာ ပိတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

3 months Ago
Up