PDF

September 17, 2021

ပူတာအိုခရိုင်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို PDF သတိပေး

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတို့နဲ့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအရောင်းအ၀ယ်ပြုလုပ်သူတွေ ရပ်တန့်ဖို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

ပူတာအိုဒေသအတွင်း စစ်ကောင်စီနဲ့ပူးပေါင်းကာ မူးယစ်ဆေး ရောင်း၀ယ်ဖောက်ကားသူတွေနဲ့ ကုန်းလမ်း​​ကနေ ​အောက်ပိုင်းမှ တင်ဆောင်လာတဲ့ မော်တော်ယဥ်တွေကို ထိ​ရောက်စွာ စစ်ဆေးအရေးယူသွားမယ်လို့ ပူတာအို PDF တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ 

"ပူတာအိုဒေသမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာကာ ပြည်သူများရဲ့ သတင်းပေးပို့ချက်အရ မြို့တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်‌သူများရဲ့ စာရင်းကိုလည်း လက်ခံရရှိထားတယ်။” 

ပူတာအိုခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ် ၇ ဦးလောက် ထောင်ချအရေးယူခံထားရသလို မတရားဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးလည်း ခုချိန်ထိ ‌မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။

9 hours Ago

September 15, 2021

ဇလွန်မြို့တွင် ငါးကန်လုပ်သား ၅ ဦးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ စက်တင်ဘာ ၁၄ ရက်က ငါးကန်လုပ်သား ၅ ဦးကို PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ တလိုင်းပုန်းကျေးရွာမှာရှိတဲ့ ဦးကျော်ငြိမ်းပိုင်တဲ့ ငါးကန်ထဲမှာ အလုပ်လုပ်နေသူ ၅ ဦးကို PDF လို့စွပ်စွဲ ပြီးဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့က ငါးကန်လုပ်သားတွေပါ။ သတင်းပေးတွေကြောင့် အဖမ်းခံရတာ ယောကျ်ားတွေ အလုပ်လုပ်တော့ မိန်းမတွေက ထမင်းဟင်း ချက်ပေးတယ်။ အဲ့တာကို အကုန်ဖမ်းသွားတယ်''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငါးကန်တဲထဲမှာ ခိုအောင်းနေတဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးကို လက်လုပ်သေနတ် ၈ လက်နဲ့အတူ ဖမ်းမိ တယ်ဆိုပြီး စစ်တပ်ကို သတင်းပို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ NUG အစိုးရက အရေးပေါ်ကြေညာပြီး နောက်ပိုင်း ညပိုင်း ဧည့်စာရင်းစစ်တာတွေနဲ့ ပိတ်ဆို့စစ်ဆေးတာတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 days Ago
More News
Up