N Oo L နှင့် စုမွန်

October 26, 2020

“တစ်နယ်စီခွဲနိုင်မလား”သီချင်းဖြင့် Battle Round ကို အတူဖြတ်ကျော်နိုင်ခဲ့သည့် N Oo L နှင့် စုမွန် (ရုပ်သံ)

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် N Oo L နဲ့ စုမွန်တို့က စုံတွဲသီချင်းတပုဒ်နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ကြ ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ N Oo L နဲ့ စုမွန်တို့က “တစ်နယ်စီခွဲနိုင်မလား”အမည်ရတဲ့ စုံတွဲသီချင်းနဲ့ လိုက်ဖက်ညီညီ ယှဉ် ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။        အဲဒီသီချင်းကတော့ တချိန်က နာမည်ကြီးအဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ R. ဇာနည်နဲ့ ဆုန်သင်းပါရ်တို့ရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းဖြစ်သ လို ခုတခါ ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ ယှဉ်ပြိုင်မှုကလည်း ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာ ကို တွေ့ရပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ N Oo L က ထူးအိမ်သင်ရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး”သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုမွန် ကတော့ ဆုန်သင်းပါရ်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ချယ်ရီမြို့” သီချင်းနဲ့ ယှဉ်ပြိုင် ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ “တစ်နယ်စီခွဲနိုင်မလား”သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ် ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ R. ဇာနည်က N Oo L ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ စုမွန်ကို Coach ရန်ရန်ချန်းက ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
9 months Ago
Up